Articles Breaking News

ဒေါပုံမြို့နယ်၊ လျှပ်စစ်မီတာရုံးတွင် အသံဗုံး ၄ လုံးကွဲ၊ လူထိခိုက်မှုမရှိဘဲ စစ်ကောင်စီတပ်များ ရောက်ရှိလာ၍ မီတာဆောင်သူများအားလုံး ထွက်ပြေးရ၊ တချို့ ဒူးထောက်ခိုင်းထား

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် လျှပ်စစ်မီတာရုံးတွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် အသံဗုံး ၄ လုံးကွဲပြီး လူထိခိုက်မှုမရှိကြောင်း၊ စစ်ကောင်စီတပ်များက အင်အားအလုံးအရင်း ဖြင့်ရောက်ရှိလာ၍ မီဆောင်နေသူများအားလုံး ကြောက်လန့်တကြား ထွက်ပြေးကြရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မီတာရုံးမှာ ကွဲတာ။ အသံဗုံးပဲ။ မီတာဆောင်သူတွေနဲ့ နီးနီးနားနားမှာပဲ ကွဲတာ။ အသံဗုံးဆိုတော့ လူထိခိုက်မှုတော့ မရှိဘူး။ ဗုံးကွဲပြီးတော့ ပြေးရသလို စစ်ခွေးတွေ လာလို့လည်း ပြေးကြတယ်။ မပြေးတဲ့သူတွေကို အခု မီတာလာဆောင်သူတွေကို ဒူးထောက်ခိုင်းထားတယ်။ မီတာမဆောင်စေချင်လို့ ဖောက်တာထင်တာပဲ ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက လမ်းများကို ပိတ်ဆို့ပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုကြသည်။

အလားတူ ဒေါပုံမြို့နယ် ရဲစခန်းအနီးတွင်လည်း ဗုံးပေါက်ကွဲကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဓာတ်ပုံ- ဒေါပုံမြို့နယ် လျှပ်စစ်ရုံး။