Articles Breaking News

NUG ကို နိုင်ငံတကာသိ တရားဝင်ဆွေးနွေးလိုက်တဲ့ ဘိုင်ဒန်အစိုးရနဲ့ အထူးသတင်းများ

NUG ကို နိုင်ငံတကာသိ တရားဝင်ဆွေးနွေးလိုက်တဲ့ ဘိုင်ဒန်အစိုးရနဲ့ အထူးသတင်းများ

 

 

 

နွေဦးတော်လှန်ရေး စတင်ချိန်ကတည်းက နိုင်ငံတကာ သတင်းဌာနတွေက တင်တဲ့ မြန်မာသတင်းတွေကို အစဉ်တစိုက် လေ့လာခဲ့ပါတယ် ။ ဒီနေ့ ၂၆ အောက်တိုဘာ ၊ ၂၀၂၁ အင်္ဂါနေ့( အမေရိက ရက်စွဲ ) ကတော့ မြန်မာနဲ့ပတ်သက်တဲ့ သတင်းတွေ စံချိန်တင် များပြားလှတဲ့နေ့ပါပဲ ။ ဒီတော့ အရေးကြီးသတင်းတွေကို နည်းနည်းစီ တင်ပြပေးပါမယ်။

 

*ပထမသတင်း *

ကုလသမဂ္ဂအဖွဲ့ကြီးက မြန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အသစ်ကို ခန််အပ်လိုက်ပါတယ် ။ တာဝန်ပြီးဆုံးပြီး ၊ အခြားတစ်နေရာကို ပြောင်းရွေ့ထမ်းဆောင်သွားတဲ့ ဘာဂနာရဲ့နေရာအတွက်ပါ ။ ကုလအထူးကိုယ်စားလှယ်နေရာအတွက် စင်္ကာပူနိုင်ငံသားတစ်ယောက်ကို ကုလအတွင်းရေးမှုးချုပ်ကိုယ်တိုင် ခန့်အပ်ခဲ့တာပါ ။ သူကတော့ စင်္ကာပူနိုင်ငံသူ နိုရီလန်ဟေဇာ ( Noeleen Heyzer ) ပါ ။ သူ့ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ရွေးသင့်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ကို တင်ပြ ၊ အကြံပေးခဲ့သူကတော့ ကိုရီးယားနိုင်ငံသား ၊ ကုလအတွင်းရေးမှုးချုပ်ဟောင်း တစ်ဦးဖြစ်သူ မစ္စတာဘန်ကီမွန်းက အကြံပေးခဲ့တာပါ ။

 

ဒီသတင်းကို သုံးသပ်ရရင် ….၊

လွန်ခဲ့တဲ့တစ်ပတ်က ” စင်္ကာပူဟာ မြန်မာနိုင်ငံမှာ အများဆုံးရင်းနှီးမြှုပ်နှံထားပြီး မြန်မာနဲ့ ဆက်ဆံရေးကောင်းတဲ့အတွက် မြန်မာ့ပြဿနာကို ဖြေရှင်းဖို့ စင်္ကပူဟာ အကောင်းဆုံးသံတမန်ပါ ” လို့ ပြောခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနက အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet ရဲ့ အင်ဒိုနီးရှားခရီးစဉ်မှာ ပြောခဲ့တဲ့စကားနဲ့ ဆက်နွယ်နေပါတယ် ။ မြန်မာ့အရေးကို အစွမ်းကုန် ကူညီပေးနေတဲ့ ကိုရီးယားနိုင်ငံသားတစ်ယောက်ရဲ့ အကြံညာဏ်ပါ ။

 

*ဒုတိယသတင်း *

 

အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး ထိတ်လန့်ဖွယ်ရာ အကြမ်းဖက်မှု့တွေကို အာဆီယံခေါင်းဆောင်တွေနဲ့အတူ ရှုတ်ချလိုက်ပါတယ် ။ တကယ်တော့ အာဆီယံအစည်းအဝေးမှာ တရုတ်အရေးနဲ့ မြန်မာ့အရေးအတွက် အထူးဆွေးနွေးလိုတာကြောင့် ဘိုင်ဒန်က ဒီထိပ်သီးဆွေးနွေးပွဲကိုတက်ဖို့ ပြင်ဆင်ထားပေမယ့် ၊ သူတက်မယ့်သတင်းကိုတော့ ကြိူတင်အသိပေးမထားခဲ့ပါဘူး ။ အစည်းအဝေးမတိုင်ခင် ၂ ရက်လောက်ကမှ ထုတ်ပြန်ခဲ့ပါတယ် ။ အာရှမှာ အင်အားကြီးလာတဲ့ တရုတ်ရဲ့ သံမန်အရေး ၊ စီးပွားရေးနဲ့ စစ်ရေးကဏ္ဍတွေမှာ အာဆီယံဟာ အမေရိကန်ရဲ့ အရေးကြီးတဲ့ အဖွဲ့ပါ လို့ ဘိုင်ဒန်က ပြောလိုက်ပါတယ် ။

 

” မြန်မာ့အရေးကို ဖြေရှင်းနိုင်ဖို့ ပြည်သူကို ကိုယ်စားပြုတဲ့ NUG ရဲ့ သဘောထားကိုလည်း နားထောင်ဖို့လိုတယ် ။ မြန်မာနိုင်ငံကို စစ်အစိုးရက ကမောက်ကမဖြစ်အောင် ဆက်လက်လုပ်ဆောင်နေတဲ့အတွက် တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ NUG ကို အသိအမှတ်ပြုသင့်တယ် ။ စစ်အစိုးရက ကြီးမားတဲ့ သွေးထွက်သံယို နှိမ်နင်းမှု့တွေကို ပြင်ဆင်နေတယ် ။ ဒါကိုသိနေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ NUG ကို အသိအမှတ်ပြုတော့မယ် ။ အချို့ နိုင်ငံနဲ့ အဖွဲ့တွေကတော့ ခြေလှမ်းစနေပါပြီ ။ ” အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုင်ငံတကာသတင်းဌာနတွေကို အသိပေးထားပါတယ် ။

သုံးသပ်ရရင် ……၊

မစ္စတာဘ်ုင်ဒန်ရဲ့ အာဆီယံညီလာခံတက်နေချိန်မှာ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက အချိန်ကိုက် ပြောခဲ့တာပါ ။ ဒါဟာ ဘိုင်ဒန်ရဲ့ သဘောထားပါပဲ ။

 

*တတိယသတင်း *

အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ကြီးမားတဲ့ စော်ကားမှု့ဖြစ်တယ် လို့ စစ်ကောင်စီဘက်က တုံ့ပြန်ပြီး ဒေသတကြီး ပေါက်ကွဲနေတယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဝေဖန်ထားပါတယ် ။

 

*စတုထ္ထသတင်း *

အာဆီယံဟာ မြန်မာ့ပြဿနာကို ကြိူးစားပြီး ဖြေရှင်းနေပါတယ်လို့ အာဆီယံ ညီလာခံက အသိပေးလိုက်ပြီး နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သဘောထားကိုလည်း တင်ပြခဲ့ကြပါတယ် ။

” ဒါဟာ ဒေသတွင်း အုပ်စုတစ် စုရဲ့ ရဲရင့်တဲ့ ခြေလှမ်းတစ်ရပ်ပါ ။ မြန်မာစစ်ကောင်စီကို အာဆီယံကနေ နှင်ထုတ်တာမဟုတ်ပါဘူး ။ မြန်မာစစ်ကောင်စီဘက်က နိုင်ငံရေးနဲ့မပတ်သက်တဲ့ ကိုယ်စားလှယ်တောင်မှ မလွှတ်တော့ပဲ အခွင့်အရေးကို စွန့်လွှတ်ခဲ့တာပါ ။ အာဆီယံက ပြဿနာရှာတာမဟုတ်ပါဘူး ။ မြန်မာစစ်ဗိုလ်ချုပ်တွေကသာ ပြဿနာရှာနေတဲ့ ဆူးပင်ပါ “
လို့ ကမ္ဘောဒီယားဝန်ကြီးချုပ်က ပြောလိုက်ပါတယ် ။

 

” မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်အတွက် အာဆီယံရဲ့အသိအမှတ်မပြုမှု့ဟာ လုပ်ကိုလုပ်ရမှာပါပဲ ။ နိုင်ငံရေးနဲ့မပတ်သက်တဲ့သူတစ်ဦးကို ညီလာခံတက်ရောက်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ၊ သူတို့က ကျောခိုင်းခဲ့တာပါ ။ စိတ်မကောင်းပါဘူး ” လို့ အင်ဒိုနီးရှား သမ္မတက ပြောခဲ့ပြန်ပါတယ် ။

ဘရူနိုင်းဘုရင် စူလတန်ဟာစနယ်ဘိုခီးယားက တော့ မြန်မာနိုင်ငံကို ပုံမှန်နေရာ ပြန်ရောက်နိုင်ဖို့ တိုက်တွန်းလိုက်ပါတယ် ။ မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် အာဆီယံအဖွဲ့ဝင် အများစုရဲ့ ထောက်ခံမှု့အရ မြန်မာစစ်ဗိုလ်ချုပ်တွေကို အာဆီယံကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း ရှင်းပြခဲ့ပါတယ် ။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကတော့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးသူလို့ အာဆီယံက မှတ်ချက်ပြုထားပါတယ် ။ သူကတော့ ” ဧပြီလက သဘောတူထားတဲ့ လမ်းပြမြေပုံ ၅ ချက်ကို အာဆီယံနဲ့ ပူးပေါင်းဖော်ဆောင်ဖို့ တိုက်တွန်းပါတယ် ” လို့ ဆိုပါတယ် ။

 

*ပဉ္စမသတင်း *

ဒီသတင်းကတော့ သိပ်ကို အားရစရာကောင်းလှပါတယ် ။ NUG ရဲ့ အသိအမှတ်ပြုခံရမှု့ဟာ ဒီတော်လှန်ရေးအတွက် အရေးကြီးတဲ့ ကျည်တစ်တောင့်ပါ ။

အမေရိကန်သမ္မတဘိုင်ဒန်ရဲ့ စေခိုင်းချက်အရ အမေရိကန် အမျိုးသားလုံခြုံရေးအဖွဲ့ရဲ့ အကြံပေးတစ်ဦးဖြစ်သူ Jake Sullivan ဟာ NUG ဒုသမ္မတ ဒူဝါလရှီးနဲ့ ဒေါ်ဇင်မာအောင်တို့ကို တွေ့ဆုံ ဆွေးနွေးလိုက်ပါတယ် ။ ဒါဟာ အာဏာသိမ်းမှု့နဲ့အတူ တိုင်းပြည်ကို ဗရုတ်သုတ်ခ ဖြစ်နေစေတဲ့ စစ်ကောင်စီကိုဖယ်ရှားဖို့ ပြည်သူကိုယ်စားပြု အစိုးရနဲ့ နိုင်ငံတကာသိ တရားဝင် ဆွေးနွေးလိုက်တာပါ လို့ Sullivan က ပြောပါတယ် ။

Sullivan က

” မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားမှု့ တော်လှန်ရေးကို ဆက်လက်ထောက်ခံ အားပေးနေတယ် ။ ဒီမိုကရေစီလမ်းကို မဖြစ်မနေ ပြန်လည်လျှောက်လှမ်းဖို့ ကြိုးစားနေပါတယ် ။ အာဏာသိမ်းမှု့အတွက် တာဝန်ခံမှု့ကို ဆက်လက်မြှင့်တင်သွားမယ် ။ တနင်္ဂနွေနေ့က ဖမ်းဆီးခံရတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ လို့ လူသိများတဲ့ ကိုကျော်မင်းယုနဲ့အတူ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ အတူတူ ကြိုးပမ်းကြမယ် ။ ” လို့ ကတိပြု ဆွေးနွေးခဲ့ကြပါတယ် ။

*ဆဋ္ဌမသတင်း*

အမေစုက ရင်ဆိုင်နေရတဲ့အမှု့ကို ရှေ့နေမပါပဲ ကိုယ်တိုင်ရင်ဆိုင်လိုက်ပါတယ် ။

ဘကြီးအောင် LA
26 October, 2021
မူရင်းရေးသားသူအား အစဉ်အမြဲလေးစားလျက်