Articles Breaking News

🔴တရားမဝင် သစ်ခိုးကားအား ကောလင်း PDF မီးရှို့ဖျက်ဆီး

🔴တရားမဝင် သစ်ခိုးကားအား ကောလင်း PDF မီးရှို့ဖျက်ဆီး

 

 

 

တရားမဝင် သစ်ခိုးကားအား ကောလင်း PDF မီးရှို့ဖျက်ဆီး

ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၁

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်တွင် အောက်တိုဘာ ၂၅ ရက်နေ့က ဖမ်းမိခဲ့သည့် တရားမဝင်သစ်များ တင်ဆောင်လာသည့် ကားအား မီးရှို့ဖျက်ဆီးလိုက်ကြောင်း ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။

 

 

 

ယင်းဖမ်းဆီးမှုတွင် ယာဉ်မောင်းဖြစ်သူအား ပြန်လည်လွှတ်ပေးခဲ့ပြီး တရားမဝင်းသစ်ခိုးထုတ်သည့်ယာဉ်များ၊ သဘာဝပတ်ဝန်းကျင်အား ထိခိုက်စေသည့် လုပ်ရပ်များအား ပြင်းထန်စွာအရေးယူတားဆီးသွားမည်ဖြစ်ပြီး ယခုဖြစ်ရပ်အား စံပြအဖြစ်သတ်မှတ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းတို့ကသတိပေးထားသည်။

 

 

ဖမ်းမိသည့်ကားနှင့်သစ်များအား မီးရှို့ဖျက်ဆီးခြင်းမှာလည်း ဖမ်းမိသည့်တရားမဝင်သစ်များအား သယ်ယူထိန်းသိမ်းထားရန် အခက်အခဲရှိခြင်း၊ တရားမဝင်သစ် သယ်ယူရောင်းချကုန်သွယ်မှုအား ကွင်းဆက်ဖြတ်တောက်လိုခြင်းတို့ကြောင့် မီးရှို့ဖျက်ဆီးရခြင်းဖြစ်ကြောင်းလည်း ရှင်းပြထားသည်။

 

 

ယင်းအပြင် တရားမဝင်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဆက်စပ်ပစ္စည်းများအား မိမိတို့ကိုယ်ကျိုးအတွက် အသုံးချရန်မရှိကြောင်းလည်း ကောလင်း PDF က ပြောထားသည်။