Articles

🔴 သေဆုံး ဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်များ ချီးမြှင့်ရန်၊ မြို့ကြီးများတွင် ပြည်ထဲရေးနှင့်စစ်တပ် ပူးပေါင်း၍ လုံ ခြုံရေးတင်းကျပ်ရန် မင်းအောင်လှိုင်ညွှန်ကြာ

🔴 သေဆုံး ဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်များ ချီးမြှင့်ရန်၊ မြို့ကြီးများတွင် ပြည်ထဲရေးနှင့်စစ်တပ် ပူးပေါင်း၍ လုံ ခြုံရေးတင်းကျပ်ရန် မင်းအောင်လှိုင်ညွှန်ကြား

 

ရန်ကုန်၊ အောက်တိုဘာ ၂၉

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သေဆုံးသွားသည့် ဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်များ ချီးမြှင့်ရန် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။

 

 

 

 

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က အစိုးရအဖွဲ့ကို ထိုသို့ ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် စာအမှတ် ၅၁၁ (၁၈၃) /၁၂ / ဖြင့် စစ်ကောင်စီရုံးက သက်ဆိုင်ရာ ဌာနများသို့ ညွှန်ကြား စာထွက်ရှိလာပြီး ယင်းညွှန်ကြားစာတွင် မင်းအောင်လှိုင်၏ ညွှန်ကြားချက် ၉ ချက်ကို အဓိကထားဖော်ပြထားသည်။။

 

 

 

အဆိုပါ ညွှန်ကြားချက် ၉ ချက်သည် စက်တင်ဘာလ ၂၈ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီအစည်းအဝေး အမှတ် ၅ / ၂၀၂၁ တွင် မင်းအာင်လှိုင်က ပြောဆိုညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။

 

 

 

 

 

 

 

မင်းအောင်လှိုင်က သေဆုံးသွားသည့် ဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်ရေးနှင့် ကျန်ရစ်သူ မိသားစုဝင်များကို ထောက်ပံ့ရေးအတွက် ပြည်ထဲရေး နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ၁ တို့ ညှိနှိုင်းဆွေးနွေးပြီး တင်ပြရန် ညွှန်ကြားထားသည်။

 

 

 

ထို့ပြင် မြို့ကြီးများတွင် လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်ရန် အတွက် ပြည်ထဲရေးနှင့် စရဖက စနစ်တကျ ပူးပေါင်း ဆောင်ရွက်ရန်၊ မင်းအောင်လှိုင် က ၎င်း ညွှန်ကြားထားသည့် ကိစ္စရပ်များကို စနစ်တကျ ပိုင်ပိုင်နိုင်နိုင်ဖြင့် နည်းပညာမျိုးစုံသုံး၍ ဆောင်ရွက်သွားရန် ပြောဆိုကြောင်း သိရှိရသည်။

 

 

 

 

 

ရန်ကုန်ခေတ်သစ်သတင်းဌာနက မင်းအောင်လှိုင်၏ ညွှန်ကြားချက် ၉ ပါ ရုံးစာကို ရရှိထားပြီး ယင်းအချက်အလက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ခွဲခြား ၍ ဖော်ပြသွားမည်ဖြစ်သည်။