Breaking News Articles

🔴 မြန်မာနိုင်ငံရှိ အဝတ်အထည်လုပ်ငန်းကြီး တခုလုံး ရပ်နားသွားပြီ

 

H&M ၊ Zara ပိုင်ရှင် Inditex နဲ့ Primark ကဲ့သို့ ထိပ်တန်းအမှတ်တံဆိပ်တွေ ပါဝင်တဲ့ ACT အဖွဲ့က မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံမှာ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ရပ်နားဖို့ ဆုံးဖြတ်လိုက်ကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

 

ဖေဖော်ဝါရီလ အာဏာလွှဲပြောင်းမှုဖြစ်စဉ်ပြီးနောက် အလုပ်သမားတွေကိုယ်စား ဆောင်ရွက်တဲ့နေရာမှာ ပြည်တွင်းက အလုပ်သမားသမဂ္ဂအဖွဲ့များ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် အခုလို ရပ်နားဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

 

Action Collaboration Transformation (ACT) က ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် – IndustriALL နဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး လုပ်သားများအတွက် ကုမ္ပဏီတစ်ခုချင်းစီ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိတဲ့ စားဝတ်နေရေးဖူလုံတဲ့ လုပ်အားခ သေချာစွာရရှိနိုင်ရေး ကိစ္စရပ်တွေကို အဓိကလုပ်ဆောင်တယ်လို့ သိရပါတယ်။

 

IndustriALL ရဲ့ ဒေသတွင်း မိတ်ဖက်ဖြစ်တဲ့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် – IWFM ရဲ့ လက်ရှိအခြေအနေအောက်မှာ လွတ်လပ်စွာ လည်ပတ်နိုင်ခြင်းမရှိတာက ACT လုပ်ငန်းတွေမှ နှုတ်ထွက်ရခြင်းရဲ့ အကျိုးဆက်လည်း ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၈ ခုနှစ်မှစတင်ကာ ACT ဦးစားပေးနိုင်ငံဖြစ်လာခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ အဖွဲ့ဝင်တွေက မြန်မာနိုင်ငံမှာ ACT ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ACT အနေနဲ့ ၂၀၂၁ ခုနှစ် မတ်လမှ အောက်တိုဘာလအထိ နိုင်ငံအတွင်းက အဖွဲ့ဝင်ကုန်အမှတ်တံဆိပ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို လေးစားလိုက်နာတဲ့ Fast-Track Dispute Resolution Mechanism ကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

 

တကယ်တမ်း သနားစရာ ကောင်းနေသည်က အရူးမီးဝိုင်း ဖြစ်နေရှာသည့် မင်းအောင်လှိုင် နှင့် စစ်ဗိုလ်ချုပ်များသာ ဖြစ်သည်၊ ၎င်းတို့အဖို့က အာဏာ မသိမ်းခဲ့လည်း အလုံးအရပ် ရော့သွားနိုင်စရာ မရှိသူများသာ ဖြစ်ပြီး လောဘ မသတ်နိုင်မှု၊ သားသမီးများ၏ စီးပွားရေး လုပ်ငန်းများကို ကာကွယ်ပေးလိုသည့် စိတ်သက်သက်ဖြင့် ကျုးလွန်ခဲ့ကြသူများသာ ဖြစ်သည်။

 

အထည်ချုပ် လုပ်ငန်းများ မြန်မာပြည်မှ ဆုတ်ခွာကာ ကမ္ဘောဒီယားသို့ ခြေလှမ်းပြင်နေကြပြီး ဟွန်ဆန်ကလည်း စစ်ကောင်စီ သက်ဆိုးရှည်ရန်အသိအမှတ်ပြုပေးခြင်းဖြင့် အလုပ်သမားများ၏ အကျိုးကို တဖက်တလမ်းမှ အကာအကွယ် ပေးခဲ့ ကြောင်း ပြသခဲ့ပြန်သည်။

 

———–