Articles Breaking News

🔴 KNLA တပ်မဟာအားလုံးကို ပစ်မိန့်ပေးလိုက်ပြီ

KNLA တပ်မဟာအားလုံး ပစ်မိန့်ရပြီ

ဒီဇင်ဘာ ၂၀

ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ရဲ့ တပ်မဟာ (၇)ခုလုံးကို ပစ်မိန့်ပေးလိုက်ပြီလို့ KNLA စစ်ဘက်ဆိုင်ရာထိပ်တန်းအရာရှိနှစ်ဦးကို ကိုးကားပြီး ဒေသတွင်းသတင်းမီဒီယာ Salween Press က သတင်းထုတ်ပြန်ပါတယ်။

 

မကြာသေးခင်က KNU နှင့် KNLA ထိပ်ပိုင်းခေါင်းဆောင်တွေအစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး အဲ့ဒီအစည်းအဝေးမှာ လာမယ့်ကွန်ဂရက်မှာဆွေးနွေးမည့်အကြောင်းအရာနဲ့ တိုက်ရေး၊ မတိုက်ရေးကိစ္စကိုလည်းဆွေးနွေးခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ KNLA အရာရှိတစ်ဦးကပြောပါတယ်။

 

အမြဲတမ်းကော်မတီအစည်းအဝေးမှာ တိုက်ရေး အစီအစဉ်ကိုချမှတ်ပြီး ကွန်ဂရက်မှာ ဆွေးနွေးမယ့်ကိစ္စလည်းပါတယ်လို့ အမည်မဖော်လိုတဲ့ KNLA တပ်မဟာတစ်ခုက ခေါင်းဆောင်တစ်ဦးကဆိုပါတယ်။

 

တပ်မဟာ ၇ ခုလုံး ပစ်မိန့်ပေးထားတာမှန်ကန်ကြောင်းနဲ့ KNU တပ်မဟာ ၆ နယ်မြေ ဖလူးကြီး၊ ဖလူးလေးဒေသက ပြည်သူတွေကို ရှောင်းခိုင်းနေပြီလို့ ဒေသတွင်းကလာတဲ့ သတင်းရင်းမြစ်တွေအရသိရပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းတွေက KNLA တပ်မဟာ ၆ နယ်မြေအတွင်းက လေးကေ့ကော်မြို့သစ်ကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းရာကနေ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖက်က ထိခိုက်ကျဆုံးမှုတွေများပြားခဲ့သလို ဒေသခံစစ်ဘေးရှောင်အရေအတွက်လည်းတိုးပွားလာခဲ့ပါတယ်။