sports Sport
မာရှယ်နေရာမှာ ယူနိုက်တက် အစားထိုမယ့် ကြယ်ပွင့်
Unicode
Manchester Unitedအသင်းသည် အသင်းမှထွက်ခွာဖွယ်ရှိသည့် တိုက်စစ်မှူး Anthony Martial၏နေရာအားအစားထိုးရန် River Plate အသင်း၏ အသက် 21နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင် တောင်ပံကစားသမား Julián Álvarezအား ပစ်မှတ်ထားနေကြောင်း သိရသည်။
Julian Alvarez၏ တာဝန်ရှိသူများသည် လာမည့် Januaryတွင် Englandနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီးကစားသမား၏ အပြောင်းအရွှေ့အတွက် စာချူပ်ဖျက်သိမ်းကြေး ပေးချေရန် ကိစ္စရပ်များအား ဆွေးနွေးသွားမည်ဖြစ်သည်။ ယင်းကစားသမား၏ လက်ရှိ စာချူပ်ဖျက်သိမ်း ကြေးမှာ ယူရိုသန်း(၂၀)ခန့် ရှိနေသည်။
Rangnickမှ ယင်းကစားသမားအပေါ် စိတ်ဝင်စားမှု အလွန်မြင့်တက်နေပြီး မကြာခင် ဆွေးနွေးမှုများအရှိန်မြှင့်တင်သွားမည်လည်း ဖြစ်သည်။  Álvarez သည် အထောင်တိုက်စစ် ၊ ဘယ်တောင်ပံ ၊ညာတောင်ပံ သုံးနေရာကစားနိုင်ပြီး River Plateအသင်း အတွက် 96ပွဲကစားပေးထားကာ 36ဂိုးသွင်း 25ဂိုးဖန်တီးပေးထားနိုင်သူလဲဖြစ်သည်။
Zawgyi
အာဂျင်တီးနားကြယ်ပွင့် Álvarezအတွက် ဆွေးနွေးမှုတွေစတင်တော့မယ့် ယူနိုက်တက်
Unizawgyi