sports

🔴“အသင်းက ထွက်ခွင့်တောင်းထားတဲ့ တယောက်တည်းသောသူ နဲ့ ကာဗာနီ ရဲ့ အနာဂါတ် တွေကို ရန်းနစ် ထုတ်ဖော် ပြောဆို ”

အီဒင်ဆင် ကာဗာနီ ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပါ ။

 

အသက် ၃၄ အရွယ်ဥရု‌ ‌ေဂွး တိုက်စစ်မှူးကြီးဟာ ယူနိုက်တက် မှာ မနှစ်ကလောက် ကစားခွင့် မရရှိ ခဲ့တာကြောင့် မပျော်မရွှင် ဖြစ်နေပြီး ဇန်နဝါရီမှာတင် အသင်း ပြောင်းရွှေ့ နိုင်ချေ ရှိတယ်လို့ သတင်း ထွက်နေသူ ဖြစ်ပါတယ် ။

 

 

 

 

ကာဗာနီ ဟာ ဒီရာသီမှာ ၃ ပွဲသာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားထားခဲ့ ရပါတယ် ။ သူပွဲထွက် ကစားတဲ့ ဘန်လေ ၊ စပါး တို့နဲ့ ပွဲတွေမှာ ယူနိုက်တက် တို့ ရလဒ်တွေ ကောင်းခဲ့ပေမယ့် ကစားခွင့် ကတော့ နည်းပါး နေဆဲ ဖြစ်ခဲ့ ပါတယ် ။

 

အစောပိုင်းက ဘာစီလိုနာ ဟာ ကာဗာနီ ကို ဇန်နဝါရီမှာ ခေါ်ယူမယ်လို့ အသံတွေ ထွက်ခဲ့ ပေမယ့် မန်ချက်စတာ စီးတီး တောင်ပံ ကစားသမား ဖာရန် တောရက်စ် ကို ရရှိ အပြီး မှာတော့ ဘာစီလိုနာ တို့ စိတ်ကူး ပြောင်းသွားခဲ့ ပါတယ် ။

 

ဘာစီလိုနာ ဟာ အခု နောက်ဆုံး ကြားသိရတဲ့ သတင်းအရ ကာဗာနီ အစား ယူဗင်တပ် မှာ အငှားထွက် ကစားနေတဲ့ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး အယ်လ်ဗာရို မိုရာတာ ကို ပြောင်းလဲ ပစ်မှတ် ထားလာခဲ့ပြီလို့ သိရ ပါတယ် ။

 

 

 

 

ဒါပေမယ့် ကာဗာနီ ကတော့ ယူနိုက်တက် နဲ့ စာချုပ် ဆက်တိုးဖို့ အစီအစဉ် မရှိတော့ဘဲ ရာသီ အကုန်မှာ အလွတ် နဲ့ အသင်းတသင်းသင်းဆီ ပြောင်းရွှေ့ဖို့ သေချာ သလောက် ဖြစ်နေပါတယ် ။

 

ဒီကနေ့ ပြုလုပ် ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ ယူနိုက်တက် နည်းပြ ရန်းနစ် ဟာ ကာဗာနီ ရဲ့ အနာဂါတ် နဲ့ ပတ်သက်ပြီး ရှင်းလင်းစွာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

 

 

 

ယူနိုက်တက် ကို ၆ လ စာချုပ်နဲ့ ကိုင်တွယ်ဖို့ ရောက်လာ ခဲ့တဲ့ ဂျာမန်သားကြီး ရန်းနစ် က သူဟာ ကာဗာနီ ကို ဇန်နဝါရီ မှာ ရောင်းထုတ်ဖို့ စိတ်ကူး မရှိ သလို အသင်း ပြောင်းဖို့လည်း ခွင့်ပြုဦးမှာ မဟုတ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“ပြီးခဲ့တဲ့ ရက်သတ္တပတ် နည်းနည်းလောက် ကတည်းက ကျွန်တော်တို့ နည်းနည်းပါးပါး ဆွေးနွေး ခဲ့ကြပါတယ် ။

 

ကာဗာနီ က ကျွန်တော် စကားပြောခဲ့တဲ့ သူတွေထဲမှာ အကြိမ်အများဆုံး ကစားသမားတောင် ဖြစ်ချင် ဖြစ်ခဲ့ မှာပါ ။

ပထမဆုံး နေ့မှာကတည်းက သူ့ကို ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောထားပါတယ် ၊ သူက ဒီအသင်းရဲ့ အရေးပါတဲ့ ကစားသမား တယောက် ဆိုတာကိုပေါ့”

 

 

“ကာဗာနီ ဟာ ဒီအသင်းမှာ ဂိုးပေါက် ကို မျက်နှာရော ကျောပါ ပေးပြီး ကစားနိုင်တဲ့ တယောက်တည်းသော တိုက်စစ်မှူးပါ ။

သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဆန်မှု နဲ့ ကြိုးစား အားထုတ်မှုတွေ ကလည်း အံ့သြစရာ ပါပဲ ။

 

 

ဒါကြောင့် သူ့ကို ရာသီကုန်တဲ့ အထိ အသင်းမှာ ဆက်ပြီး ရှိနေ စေချင်ပါတယ် ။

သူကလည်း ကျွန်တော် သူ့အပေါ် ဘယ်လောက် လေးစားတယ် ၊ ဘယ်လို မြင်တယ် ဆိုတာတွေကို ကောင်းကောင်း သဘောပေါက် နားလည်မှာပါ” လို့ ရန်းနစ် က ပြောဆို သွားခဲ့ ပါတယ် ။

 

 

 

 

ဆက်လက်ပြီး ရန်းနစ် က အန်တိုနီ မာရှယ် ဟာ လက်ရှိ အသင်းသားတွေ ထဲမှာ ဇန်နဝါရီ အပြောင်း အရွှေ့ အတွင်း အသင်းပြောင်းခွင့် တောင်းခံ ထားတဲ့ တယောက်တည်းသော ကစားသမား ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

 

ဒါပေမယ့် ယူနိုက်တက် ဟာ ကိုဗစ် ကူးစက် ခံရမှု ၊ ဒဏ်ရာ ကစားသမားတွေ နဲ့ အာဖရိက ပြိုင်ပွဲ ကို ဘိုင်လီ ၊ ထရာအိုရေး တို့ကို စေလွှတ်ရမှာတွေကြောင့် ကစားသမား အင်အား လျော့နည်းမသွားအောင် စီစဉ် နေရချိန် ဖြစ်တာကြောင့် အစားထိုး ကစားသမား ရရှိမှသာ မာရှယ် ကို လက်လွှတ်ဖွယ် ရှိနေပါတယ် ။

 

 

 

 

မာရှယ် ဟာ ယူနိုက်တက် ရဲ့ နောက်ဆုံး ပွဲစဉ် ၂ ပွဲရဲ့ လူစာရင်းမှာ မပါဝင်ခဲ့ဘဲ ကျန်ရစ် ခဲ့ ပါတယ် ။

ဆီဗီးလား ဟာ မာရှယ် ကို အငှား ခေါ်ယူလို ပေမယ့် ယူနိုက်တက် ဘက်က အငှားခေါ်ယူခ နဲ့ မာရှယ် ရဲ့ လစာကို အလုံးစုံ ပေးချေဖို့ တောင်းဆို ခဲ့တာကြောင့် အဆင်မပြေ ခဲ့ဘူးလို့ သိရ ပါတယ် ။

 

 

မန်ချက်စတာ ယူနိုက်တက် ဟာ မနက်ဖြန်ည မှာတော့ ဝုဗ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာပဲ ဖြစ် ပါတယ် ။