sports

🔴“ ဂယ်ရီ နဗီးလ်ရဲ့ ဝေဖန်မှုကို ထောက်ခံလိုက်ပြီး ကစားကွက် ပြောင်းလဲနေမှုအပေါ် မှတ်ချက်ပေးလိုက်တဲ့ ယူနိုက်တက် နောက်ခံလူ ဒါးလော့ ”

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ညာနောက်ခံလူ ဖြစ်တဲ့ ဒီယိုဂို ဒါးလော့က သူနဲ့ အသင်းဖော်တွေဟာ အပေါင််း လက္ခဏာဆောင်တဲ့ Body Language တွေကို ပိုမို ပြသဖို့လိုအပ်တယ်ဆိုတာကို သိရှိကြကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

 

 

 

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ် က ယူနိုက်တက်တို့ နယူးကာဆယ် အသင်းကို တစ်ဖက် တစ်ဂိုးစီ သရေ ကစားခဲ့တဲ့ ပွဲစဥ်တုန်းက အသင်းဟောင်းမှ ကစားသမားတွေရဲ့ body language အကြောင်း ဝေဖန်ခဲ့ပါသေးတယ် ။

 

ဒါပေမဲ့ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ် က အသင်းသားတွေရဲ့ Body Language အပြောင်းအလဲ ဖြစ်နေခြင်းက ရလဒ်တွေ ဆိုးရွားနေခြင်းနဲ့ သက်ဆိုင်မှု လုံးဝ မရှိကြောင်း ပွဲစဥ်အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုဖြစ်ခဲ့ပါသေးတယ် ။

 

အခုတော့ ယူနိုက်တက် ညာ နောက်ခံလူ ဒီယိုဂို ဒါးလော့ က သူတို့တွေ အနေနဲ့ ကွင်းထဲမှာ အခုထက် ပိုကောင်းတဲ့ body language တွေကို ပြသဖို့ တကယ်ပဲ လိုအပ်ကြောင််း ၊ သူတို့ ကိုယ်တိုင် စိတ်ပျက်မှုတွေကို ပြသခဲ့ချိန် များစွာ ရှိခဲ့ကြောင်း ထုတ်ပြောခဲ့လိုက်ပါတယ် ။

 

 

 

” ကျွန်တော်တို့ စိတ်ပျက်မှုတွေကို ပြသတဲ့ အချိန်တွေ အများကြီး ရှိခဲ့ဖူးပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ အပေါင််း လက္ခဏာဆောင်တဲ့ body language ကို ပြောင်းလဲလိုကြပါတယ် ။ အဲ့တာက ကျွန်တော်တို့ကို ခွန်အားပေးပြီး ပြိုင်ဖက်တွေကို စိတ်ဓါတ် တက်ကြွမှု လျော့နည်းစေပါတယ် ”

 

” ကျွန်တော်တို့တွေ အမှားလုပ်လုပ် ၊ မလုပ်လုပ် ၊ ကျွန််တော်တို့ဟာ အပေါင်း လက္ခဏာဆောင်ပြီး အရှိန်တစ်ခုကို လိုချင်ကြပါတယ် ။ ဒါက ကျွန်တော်တို့ အတွက်တော့ တကယ်ပဲ ကောင်းမွန်လှတဲ့ အကြံဥာဏ်ပေးခြင်း တစ်ခုပါပဲ ။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ပုံရိပ် ၊ စွမ်းဆောင်ရည် တွေကို ပေးဖို့ အခွင့်အရေးတွေ ရှိပါတယ် ” လို့ ဒါးလော့ က ပြောခဲ့လိုက်ပါတယ် ။

 

 

 

 

 

မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရဲ့လ်ဖ် ရန်းဂနစ် ရောက်ရှိလာချိန် ၊ ဝမ် ဘစ်ဆာကာ ပွဲမကစားနိုင်ချိန်တွေမှာ ဒီယိုဂို ဒါးလော့ဟာ အသင်းကို ရှုံးပွဲ မရှိအောင် တစ််ဖက်တစ်လမ်းက ကူညီပေးသူ ဖြစ်နိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဘန်လေ နဲ့ ပွဲမှာတော့ မပါခဲ့ရပါဘူး ။ အခုတော့ နည်းပြသစ် လက်အောက်မှာ ကစားကွက် ပြောင်းလဲနေတာနဲ့ ပတ်သက်လို့…

 

” ပထမဆုံး အနေနဲ့ တိုက်စစ် ကစားဖို့ဆိုတာ ခံစစ်ကောင််းဖို့ လိုအပ်လှပါတယ် ။ ကျွန်တော်တို့ ဂိုးမပေးရဖို့ နီးစပ်လေလေ ၊ အနိုင်ရဖို့ နီးစပ်လေလေ ပါပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ အသင်းရဲ့ တိုက်စစ်မှာ အခွင့်အရေး ရတာနဲ့ ဂိုးတွေ သွင်းပေးနိုင်တဲ့ စပါယ်ရှယ် ကစားသမားတွေ ရှိနေကြလို့ပါပဲ ”

 

 

 

 

 

” ကျွန်တော်တို့ အမြန်ဆုံး အံဝင်နိုင်ဖို့ လိုအပ်ပါတယ် ။ နည်းပြဖြစ်သူ ဖက်က ကစားကွက် ပြောင်းလဲလိုတဲ့ အခါတိုင််းမှာ ကျွန်တော်တို့ဖက်က အမြန်ဆုံး အံဝင်နိုင်ရေးအတွက်် ဥာဏ်ကောင်းဖို့ လိုအပ်လှပါတယ် ။ အကောင်းဆုံး ဖြစ်နိုင်ဖို့ ၊ ကျစ်လျစ်ဖို့ အချိန်တော့ ပေးရမှာပါပဲ ။ အဲ့ဒီလို အသင်းမျိုး ဖြစ်အောင် ကျွန်တော်တို့ တည်ဆောက်လိုကြပါတယ် ”

 

 

 

 

 

” ကျွန်တော်တို့ ရုပ်ပိုင်းဆိုင်ရာ ပိုကောင်းဖို့ ၊ သန်မာဖို့ လိုအပ််လှပါတယ် ။ ဂျာမဏီမှာတော့ အဲ့တာက အခြေခံကျတဲ့ အချက်တစ်ခုပါပဲ ။ အဲ့တာက ကျွန်တော်တို့ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေနဲ့ တကယ်ပဲ ကိုက်ညီလှပါတယ် ” လို့ ဒါးလော့ က ပြောကြားသွားခဲ့လိုက်ပါတယ် ။