



ဖီးဂျုံလ်းကိုခေါ်ယူမှာမဟုတ်ကြောင်းဝက်ဟမ်းအသင်းငြင်းဆန်




ဝက်ဟမ်းအသင်းနည်းပြမိုရက်ဟာ တပည့်ဟောင်းဖြစ်သူဖီးဂျုံလ်းကိုခေါ်ယူမယ်လို့သတင်းတွေထွက်ပေါ်နေတာကို မဟုတ်မှန်ကြောင်း ဝက်ဟမ်းအသင်းမှတာဝန်ရှိသူတစ်ဦးကငြင်းဆန်လိုက်တယ်လို့ သတင်းထောက်ဂျိုနသန်ရှာရာက လူမှုကွန်ယက်မှာရေးသားလိုက်ပါတယ်။




ဝက်ဟမ်းအသင်းအနေနဲ့ဗဟိုခံစစ်ကစားသမားအလိုရှိနေပေမယ့် ဖီးဂျုံလ်းကိုတော့ ခေါ်ယူမှာမဟုတ်ကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောကြားခဲ့တာပါ။




ဒဏ်ရာပြသနာတွေကြောင့်၂၀၂၀ခုနှစ်ထဲက ပြိုင်ပွဲတွေနဲ့ဝေးနေတဲ့အင်္ဂလန်လက်ရွေးစင်ယူနိုက်တတ်အသင်းကအခုဈေးကွက်မှာအသင်းကနေထွက်ခွါခွင့်ပေးဖို့ရှိနေပါတယ်။




လတ်တလောမှာဖီးဂျုံလ်းဟာယူနိုက်တတ်အသင်းနဲ့လေ့ကျင့်ခန်းတွေပြုလုပ်နေပေမယ့်သူပြိုင်ပွဲမှာကစားနိုင်မကစားနိုင်ကို ဘယ်သူမှမသိရှိဘူးလို့ဆိုပါတယ်။




တပါတ်လစာပေါင်တသိန်းခန့်ပေးချေနေရတဲ့ဖီးဂျုံလ်းကိုယူနိုက်တတ်အသင်းကတော့ ဗာနေးရောက်ရှိလာခြင်းနဲ့အတူစာချုပ်ဖျက်သိမ်းဖို့အထိစီစဉ်နေကြောင်းသိရပါတယ်။




ဖီးဂျုံလ်းိကုခေါ်ယူရန်နယူးကာဆယ်အသင်းနည်းပြစတိဗရုစ်ကလည်းစိတ်ဝင်စားနေကြောင်း ဆိုပေမယ်ခုချိန်ထိတော့ယူနိုက်တတ်အသင်းနဲ့တရားဝင်စကားပြောဆိုထားခြင်းမရှိပါဘူး။




ဘရုစ်ကဖီးဂျုံလ်းကို တစ်ပွဲကစားတစ်ပွဲပေးစနစ်နဲ့ ခေါ်ယူချင်နေတာဖြစ်ပြီးအခြေခံလစာကိုတော့ လူငယ်ကစားသမားတစ်ဦးအတွက်ပေးချေရသလောက်ပမာဏကိုသာပေးချေလိုကြောင်းသိရပါတယ်