ဟာသ လူရွှင်တော် တိုင်းကျော်ကတော့ လက်ရှိအချိန်တွင် လွတ်မြောက်နယ်မြေတစ်နေရာတွင် ရောက်ရှိနေပြီးတော်လှန်ရေးအတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်ပေးနေတာ ဖြစ်ပါတယ်။
မိသားစုဝင်များနဲ့ အဝေးမှာ နေရပေမယ့်လည်း ရန်သူကို အမြစ်ပြတ်ချေမှုန်းရမယ်ဆိုတဲ့ စိတ်ကိုသွင်းပြီး တိုက်ပွဲများအတွက် ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ တိုင်းကျော်ရဲ့ မွေးချင်းညီအစ်ကိုများကလည်း သူနဲ့ ထပ်တူ ဓမ္မဘက်ကနေရပ်တည်ပေးနေကြတဲ့အတွက် ကျေနပ်ပီတိဖြစ်နေတာပါ။


မကြာသေးခင် နာရီပိုင်းလောက်ကလည်း တိုင်းကျော် ညီဖြစ်သူရဲ့ လူမှုကွန်ယက်တွင် တော်လှန်ရေးတိုက်ပွဲများအတွက် ခံယူချက်ပြင်းထန်လွန်းတဲ့ အစ်ကိုဖြစ်သူ အတွက် ဂုဏ်ယူနေကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။
တိုင်းကျော်ကတော့ ရန်သူကို အမြစ်ပြတ်ချေမှုန်းရင်း မတော်တဆ တစ်ခုခုဖြစ်သွားတဲ့အခါ ညီဖြစ်သူကို ဝမ်းနည်းပြီး မငိုဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
ဟားငါးကောင်အဖွဲ့သားများအားလုံး အဆုံးထိတိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်တဲ့အတွက် သေရင်တောင် ပျော်ပျော်ကြီးသေမှာ ဖြစ်ကြောင်း သူ့ညီလေးကို ရေးသားထားတာ ဖြစ်ပါတယ်။


တိုင်းကျော်ရဲ့ ညီလေးမှလည်း အစ်ကိုဖြစ်သူကို အရမ်းသတိရနေကြောင်းနဲ့ မိသားစုတွေ အားလုံးအတူရှိနေစဉ်တန်ဖိုးထားကြဖို့ ခံစားချက်တွေကို ရင်ဖွင့်ရေးသားထားတာ ဖြစ်ပါတယ်။
တော်လှန်ရေးတိုက်ပွဲများအတွက် တောထဲတွင် ဒုက္ခတွေမျိုးစုံနဲ့ နေထိုင်နေကြရတဲ့ ရဲဘော်လေးတွေအားလုံးရဲ့ စိတ်ဓာတ်ခိုင်မာမှုတွေဟာ တကယ်ကိုလေးစားဂုဏ်ယူဖွယ် ကောင်းလွန်းလှပါတယ်။
ပြည်သူတွေအားလုံးကလည်း ရဲဘော်လေးတွေအတွက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ထောက်ပံ့မှုတွေ ကူညီပေးကြဖို့ လိုအပ်ကြောင်း ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Original Uploader and Taing Kyaw’s Facebook Account


