သူရဲေကာင္းဆန္ဆန္ ေႂကြလြင့္သြားတဲ့ လူငယ္ေလးေတြအတြက္ စိတ္မေကာင္းျဖစ္ျပီး ဒလန္လုပ္သူကို ဒဲ့ ဆဲခဲ့တဲ့ Rၾကီး
ပရိသတ္ႀကီးေရအသံပါဝါအားေကာင္းေကာင္းနဲ႕ ပရိသတ္ေတြရင္ထဲေရာက္ေအာင္သီဆိုနိုင္တဲ့ အဆိုေတာ္Rဇာနည္ကိုသိၾကမယ္ထင္ပါတယ္ေနာ္။
Rဇာနည္ဟာ အခုဆိုရင္လည္း သာယာေပ်ာ္႐ႊင္စရာေကာင္းတဲ့ အိမ္ေထာင္တစ္ခုကို ဝမ္းနဲ႕အတူတည္ေထာင္ထားတာျဖစ္ၿပီး ခ်စ္စရာေကာင္းတဲ့ သားေလးႏွစ္ေယာက္အျပင္သမီးေလးတစ္ေယာက္ပါ ထပ္မံရရွိေနၿပီျဖစ္ပါတယ္။
ေအာင္ျမင္ေက်ာ္ၾကားတဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္သလို ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာလည္းျပည္သူေတြနဲ႕ အတူရပ္တည္ကာေဖေဖာ္ဝါရီလအစပိုင္းကတည္းကလမ္းေပၚထြက္လႈပ္ရွားမႈေတြမွာအင္တိုက္အားတိုက္ပါဝင္ခဲ့သူကေတာ့ Rဇာနည္ပဲ ျဖစ္ပါတယ္။
တတ္နိုင္သေလာက္အေကာင္းဆုံးႀကိဳး စား ပါဝင္အားျဖည့္ခဲ့တာေတြေၾကာင့္ ၅၀၅ က ျဖင့္ အမႈဖြင့္အေရးယူျခင္းခံထားရၿပီး လက္ရွိမွာေတာ့ လုံၿခဳံေရးအတြက္ ေရွာင္တိမ္းရင္း အေရးေတာ္ပုံအတြက္လည္း ႀကိဳးစားတိုက္ပြဲဝင္ေနတဲ့ Rဇာနည္ကေတာ့ မိသားစုနဲ႕ ရင္ေသြးေလးေတြကို သတိရလြမ္းေနတဲ့အေၾကာင္း ေျပာျပလာပါတယ္..။
ယခုဆိုရင္လည္း မေန႕ညက ဒလန္ရဲ႕သတင္းေပးမႈေၾကာင့္ လိုက္ဖမ္းရာမွ လုံးဝအဖမ္းမခံပဲ သူရဲေကာင္းေတြအတိုင္း အမွန္တရားအတြက္ အသက္ကိုစေတးၿပီး ေႂကြလြင့္သြားခဲ့တဲ့ လူငယ္ေလးမ်ားအတြက္ စိတ္မေကာင္းစြာနဲ႕ Rဇာနည္က လူမႈကြန္ရက္ေပၚမွာ ေရးသားေျပာျပထားပါေသးတယ္..။
လူငယ္ေလးမ်ားရဲ႕ ျဖစ္စဥ္မွာလည္း ဒလန္ရဲ႕သတင္းေပးမႈေၾကာင့္ လိုက္ဖမ္းဆီးရာမွ အညံ့မခံပဲ အသက္ကိုစေတးသြားခဲ့တာျဖစ္ပါတယ္။အဆို ေတာ္R ဇာနည္က ဒလန္လုပ္ၿပီး သတင္းေပးခဲ့တဲ့သူကို ေပါက္ကြဲစြာနဲ႕ ထိထိမိမိ ဒလန္ေတြကို။ဆဲလိုက္တာပဲျဖစ္ပါတယ္။
မေန႕ကေႂကြလြင့္သြားတဲ့ သူရဲ ေကာင္း ငယ္ေလးေတြအတြက္လည္း ဒို႔ျပည္သူေတြညီညီညာညာနဲ႕ ေအာင္ပြဲဆီကိုခ်ီတက္နိုင္မယ္လို႔လည္း ယုံၾကည္ပါတယ္။ဖတ္ရႈေပးတဲ့ ပရိတ္သတ္ေတြလည္း ဒီအေျခအေနဆိုးေတြကို အျမန္ဆုံးေက်ာ္ျဖတ္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
Credit ေခတ္ရိုးရာ
Unicode
သူရဲကောင်းဆန်ဆန် ကြွေလွင့်သွားတဲ့ လူငယ်လေးတွေအတွက် စိတ်မကောင်းဖြစ်ပြီး ဒလန်လုပ်သူကို ဒဲ့ ဆဲခဲ့တဲ့ Rကြီး
ပရိသတ်ကြီးရေအသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်တွေရင်ထဲရောက်အောင်သီဆိုနိုင်တဲ့ အဆိုတော်Rဇာနည်ကိုသိကြမယ်ထင်ပါတယ်နော်။
Rဇာနည်ဟာ အခုဆိုရင်လည်း သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို ဝမ်းနဲ့အတူတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်အပြင်သမီးလေးတစ်ယောက်ပါ ထပ်မံရရှိနေပြီဖြစ်ပါတယ်။
အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို တော်လှန်ရေးတိုက်ပွဲကြီးမှာလည်းပြည်သူတွေနဲ့ အတူရပ်တည်ကာဖေဖော်ဝါရီလအစပိုင်းကတည်းကလမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာအင်တိုက်အားတိုက်ပါဝင်ခဲ့သူကတော့ Rဇာနည်ပဲ ဖြစ်ပါတယ်။
တတ်နိုင်သလောက်အကောင်းဆုံးကြိုး စား ပါဝင်အားဖြည့်ခဲ့တာတွေကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရပြီး လက်ရှိမှာတော့ လုံခြုံရေးအတွက် ရှောင်တိမ်းရင်း အရေးတော်ပုံအတွက်လည်း ကြိုးစားတိုက်ပွဲဝင်နေတဲ့ Rဇာနည်ကတော့ မိသားစုနဲ့ ရင်သွေးလေးတွေကို သတိရလွမ်းနေတဲ့အကြောင်း ပြောပြလာပါတယ်..။
ယခုဆိုရင်လည်း မနေ့ညက ဒလန်ရဲ့သတင်းပေးမှုကြောင့် လိုက်ဖမ်းရာမှ လုံးဝအဖမ်းမခံပဲ သူရဲကောင်းတွေအတိုင်း အမှန်တရားအတွက် အသက်ကိုစတေးပြီး ကြွေလွင့်သွားခဲ့တဲ့ လူငယ်လေးများအတွက် စိတ်မကောင်းစွာနဲ့ Rဇာနည်က လူမှုကွန်ရက်ပေါ်မှာ ရေးသားပြောပြထားပါသေးတယ်..။
လူငယ်လေးများရဲ့ ဖြစ်စဉ်မှာလည်း ဒလန်ရဲ့သတင်းပေးမှုကြောင့် လိုက်ဖမ်းဆီးရာမှ အညံ့မခံပဲ အသက်ကိုစတေးသွားခဲ့တာဖြစ်ပါတယ်။အဆို တော်R ဇာနည်က ဒလန်လုပ်ပြီး သတင်းပေးခဲ့တဲ့သူကို ပေါက်ကွဲစွာနဲ့ ထိထိမိမိ ဒလန်တွေကို။ဆဲလိုက်တာပဲဖြစ်ပါတယ်။
မနေ့ကကြွေလွင့်သွားတဲ့ သူရဲ ကောင်း ငယ်လေးတွေအတွက်လည်း ဒို့ပြည်သူတွေညီညီညာညာနဲ့ အောင်ပွဲဆီကိုချီတက်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တွေလည်း ဒီအခြေအနေဆိုးတွေကို အမြန်ဆုံးကျော်ဖြတ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Credit ခေတ်ရိုးရာ