မြန်မာလူငယ်လေးတွေဟာ စစ်အာဏာရှင်ရဲ့လက်အောက်မှာ မနေထိုင်လိုတာကြောင့် ရရာလက်နက်တွေစွဲကိုင်ပြီး အာဏာရှင်ကိုတွန်းလှန်နေကြပါတယ်။ လူငယ်လေးတွေဟာ တောတောင်တွေထဲသွားရောက်ပြီး ဆင်းရဲပင်ပန်းမှုဒဏ်ကို ကြံကြံခံ၍ စစ်ပညာကိုသင်ကြားနေကြပါတယ်။
အစစအရာရာကိုစွန့်လွှတ်ပြီး အသက်ကိုရင်းကာ တိုက်ပွဲဝင်နေကြတဲ့ PDFလူငယ်လေးတွေကို မြန်မာပြည်သူအများအပြားက လေးစားချီးကျူးနေကြကာ တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်ပေးနေကြပါတယ်။


ယနေ့သြဂုတ်လ(၁၁)ရက်နေ့မှာတော့ တောတောင်တွေထဲ ရောက်ရှိနေတဲ့ PDFလူငယ်လေးတစ်ယောက်ဟာ သူတို့နေထိုင်စားသောက်နေရတဲ့ အခြေအနေကို ဓာတ်ပုံလေးရိုက်ကူးပြီး ပြသလာခဲ့ပါတယ်။
PDFလူငယ်လေးတွေဟာ အင်ဖက်တွေကို မြေကြီးပေါ်ခင်းပြီး ထမင်းတွေပုံကာ အားရပါးရနဲ့ ဝိုင်းဝန်းစားသောက်နေကြပါတယ်။
အဆိုပါPDFလူငယ်လေးတွေက အာလူးကြော်တွေကို ဟင်းအဖြစ်ပြုလုပ်ပြီး တစ်ယောက်တစ်လုပ်စီစားသောက်ကြရင်း ရယ်စရာတွေပြောကာ ပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။


ပင်ပန်းဆင်းရဲမှုတွေရှိနေပေမယ့်လည်း အကောင်းဆုံးကျော်ဖြတ်ပြီး ပျော်ရွှင်စွာစားသောက်နေကြတဲ့ PDFလူငယ်လေးတွေကို ပြည်သူတွေက အစစအရာရာဂရုစိုက်ကြဖို့၊နေကောင်းအောင် နေကြဖို့ အားပေးစကားတွေ ပြောဆိုနေကြပါတယ်။
PDFလူငယ်တစ်ယောက်ကတော့ ” မိသားစုထမင်း ဝိုင်းလေး လူတော့ မစုံဘူးဗျာ ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားပါတယ်။ မရှိရှိတာလေးတွေနဲ့ ထမင်းလက်စုံစားနေကြတဲ့ PDFလူငယ်လေးတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source: Original Uploder

