ပီအက်စ်ဂျီဟာလီယွန်နယ်မက်ဆီအားအခွန်ဆောင်ပြီးတစ်နှစ်လုပ်ခယူရိုသန်း၄၀အထိပေးကာခေါ်ယူခဲ့ရပေမယ့်တစ်ဖက်တွင်ကလပ်ရဲ့ဝင်ငွေကလည်းများစွာမြင့်မားလာလျက်ရှိနေပါတယ်။
ပီအက်စ်ဂျီဟာလီယွန်နယ်မက်ဆီအားခေါ်ယူလိုက်ပြီးနောက်မက်ဆီရဲ့ကျောနံပါတ်၃၀ပါ ပီအက်စ်ဂျီအသင်းအင်္ကျီများ ရိုက်မလောက်အောင်ရောင်းအားမြင့်မားနေပါတယ်။

ပီအက်စ်ဂျီအသင်းဟာမက်ဆီကိုခေါ်ယူကြောင်းကြေညာပြီးနောက်အွန်လိုင်းစတိုးမှ လီယွန်မက်ဆီရဲ့ကျောနံပါတ်၃၀အင်္ကျီများမှာ မိနစ်၃၀အတွင်းတွင်ပင်အကုန်ရောင်းချခဲ့ရပါတယ်။
တစ်ဖက်တွင်လည်းပဲရစ်ရှိပီအက်စ်ဂျီရဲ့အမှတ်တရပစ္စည်းဆိုင်တွင်လည်းလီယွန်နယ်မက်ဆီအင်္ကျီများမှာအကြီးအကျယ်ရောင်းချနေရပါတယ်။ပီအက်စ်ဂျီရဲ့စတိုးတွင်မက်ဆီအင်္ကျီဝယ်ယူလိုတဲ့ပရိသတ်ပမာဏအလွန်များပြားမှုကြောင့်လူတန်းရှည်ကြီးဖြင့်တန်းစီစောင့်ဆိုင်းခဲ့ရပါတယ်။

တစ်ဖက်တွင်ဘဏ္ဍာရေးပြဿနာကြောင့်မက်ဆီကိုလက်လွှတ်ခဲ့ရတဲ့ဘာစီလိုနာကတော့မက်ဆီထွက်ခွာသွားမှုနဲ့အတူအမှတ်တရအင်္ကျီရောင်းချရမှုလျှော့ကျလာလျက်ရှိပါတယ်။

ဘာစီလိုနာဟာမက်ဆီအားဆုံးရှုံးရမှုကြောင့်ကလပ်အမှတ်တံဆိပ်တန်ဖိုးယူရို၁၃၇သန်းလျှော့ကျလာသလိုကွင်းဝင်ကြေးဝင်ငွေယူရို၁၇သန်း၊အမှတ်တရပစ္စည်းရောင်းချမှုမှယူရို၄၃သန်းနှင့်စပွန်ဆာနှင့်ကော်မာရှယ်ဝင်ငွေယူရို၇၇သန်းအထိလျှော့ကျလာမယ်လို့ကျွမ်းကျင်သူများကသုံးသပ်နေပါတယ်။
ပီအက်စ်ဂျီကတော့မက်ဆီကိုမြင့်မားတဲ့လုပ်ခပေးရပေမယ့်ပရိသတ်စိတ်ဝင်စားမှုမြင့်မားလာမှုနဲ့အတူအဘက်ဘက်မှဝင်ငွေမြင့်မားလာတော့မှာဖြစ်ပါတယ်။

ZawGyi
လီယြန္နယ္မက္ဆီရဲ႕ပီအက္စ္ဂ်ီအက်ႌ ႐ိုက္မေလာက္ေအာင္ ေရာင္းအားေကာင္းေန
ပီအက္စ္ဂ်ီဟာလီယြန္နယ္မက္ဆီအားအခြန္ေဆာင္ၿပီးတစ္ႏွစ္လုပ္ခယူ႐ိုသန္း၄၀အထိေပးကာေခၚယူခဲ့ရေပမယ့္တစ္ဖက္တြင္ကလပ္ရဲ႕ဝင္ေငြကလည္းမ်ားစြာျမင့္မားလာလ်က္ရွိေနပါတယ္။
ပီအက္စ္ဂ်ီဟာလီယြန္နယ္မက္ဆီအားေခၚယူလိုက္ၿပီးေနာက္မက္ဆီရဲ႕ေက်ာနံပါတ္၃၀ပါ ပီအက္စ္ဂ်ီအသင္းအက်ႌမ်ား ႐ိုက္မေလာက္ေအာင္ေရာင္းအားျမင့္မားေနပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာမက္ဆီကိုေခၚယူေၾကာင္းေၾကညာၿပီးေနာက္အြန္လိုင္းစတိုးမွ လီယြန္မက္ဆီရဲ႕ေက်ာနံပါတ္၃၀အက်ႌမ်ားမွာ မိနစ္၃၀အတြင္းတြင္ပင္အကုန္ေရာင္းခ်ခဲ့ရပါတယ္။
တစ္ဖက္တြင္လည္းပဲရစ္ရွိပီအက္စ္ဂ်ီရဲ႕အမွတ္တရပစၥည္းဆိုင္တြင္လည္းလီယြန္နယ္မက္ဆီအက်ႌမ်ားမွာအႀကီးအက်ယ္ေရာင္းခ်ေနရပါတယ္။ပီအက္စ္ဂ်ီရဲ႕စတိုးတြင္မက္ဆီအက်ႌဝယ္ယူလိုတဲ့ပရိသတ္ပမာဏအလြန္မ်ားျပားမႈေၾကာင့္လူတန္းရွည္ႀကီးျဖင့္တန္းစီေစာင့္ဆိုင္းခဲ့ရပါတယ္။

တစ္ဖက္တြင္ဘ႑ာေရးျပႆနာေၾကာင့္မက္ဆီကိုလက္လႊတ္ခဲ့ရတဲ့ဘာစီလိုနာကေတာ့မက္ဆီထြက္ခြာသြားမႈနဲ႔အတူအမွတ္တရအက်ႌေရာင္းခ်ရမႈေလွ်ာ့က်လာလ်က္ရွိပါတယ္။
ဘာစီလိုနာဟာမက္ဆီအားဆုံးရႈံးရမႈေၾကာင့္ကလပ္အမွတ္တံဆိပ္တန္ဖိုးယူ႐ို၁၃၇သန္းေလွ်ာ့က်လာသလိုကြင္းဝင္ေၾကးဝင္ေငြယူ႐ို၁၇သန္း၊အမွတ္တရပစၥည္းေရာင္းခ်မႈမွယူ႐ို၄၃သန္းႏွင့္စပြန္ဆာႏွင့္ေကာ္မာရွယ္ဝင္ေငြယူ႐ို၇၇သန္းအထိေလွ်ာ့က်လာမယ္လို႔ကြၽမ္းက်င္သူမ်ားကသုံးသပ္ေနပါတယ္။

ပီအက္စ္ဂ်ီကေတာ့မက္ဆီကိုျမင့္မားတဲ့လုပ္ခေပးရေပမယ့္ပရိသတ္စိတ္ဝင္စားမႈျမင့္မားလာမႈနဲ႔အတူအဘက္ဘက္မွဝင္ေငြျမင့္မားလာေတာ့မွာျဖစ္ပါတယ္။