Local News

ဘာအခွန်မှ မဆောင်ထားလို့ ပေါင်တစ်သိန်းခွဲတန် Aston Martin Vantage ကား ဘီးချုပ်ခံခဲ့ရတဲ့ ဒီဂီယာ

ဒေးဗစ်ဒီဂီယာဟာသူ့ရဲ့ Aston Martin ကား ဘီးချုပ်ခံရမှုကြောင့်မန်ချက်စတာယူနိုက်တက်ညစာစားပွဲမှအိမ်သို့ တက္ကစီဖြင့်ပြန်ခဲ့ရပါတယ်။

အသက်၃၀နှစ်ရှိစပိန်ဂိုးသမားဟာမန်ယူကစားဖော်များနှင့်အတူအင်္ဂါနေ့ညနေပိုင်းတုန်းက The Ivy စားသောက်ဆိုင်တွင်ညစာစားသောက်ခဲ့ကြပါတယ်။


ဒါပေမယ့်မန်ယူဂိုးသမားဟာညနေစာစားပွဲတွင်သုံးခွဲခန့်အချိန်ကုန်ဆုံးပြီးနောက်ညဆယ်နာရီခွဲတွင်အိမ်ပြန်ရန်ပြင်စဉ်သူ့ကားမှာဘီးချုပ်ခံထားရကြောင်းတွေ့ရပါတယ်။


ဒါ့အပြင်ဒီဂီယာရဲ့Aston Martin Vintage ကားတွင်အခွန်မပေးဆောင်ရသေးသောကားဟူ၍လည်းသတိပေးစာကပ်ခြင်းခံခဲ့ရပါတယ်။တစ်ဖက်တွင်မန်ယူဘယ်‌နောက်ခံလူလုခ်ရှောမှာလည်းကားရပ်နားခွန်ပေးဆောင်ရန်ကပ်ခြင်းခံခဲ့ရပါတယ်။


The Ivy တွင်ပြုလုပ်တဲ့မန်ယူကစားသမားများရဲ့ညစာစားပွဲသို့ပေါလ်ပေါ့ဘာ၊အန်တိုနီမာရှယ်၊ကစားသမားဆန်ချိုတို့လည်းတက်ရောက်ခဲ့ပါတယ်။


ZawGyi








