Local News

ဒုတိယမြောက်ရင်သွေးလေးရဲ့မျက်နှာကိုတောင်မမြင်သွားရတဲ့ခင်ပွန်းကို လွမ်းဆွတ်ရင်း မကြာခင်မှာမီးဖွားတော့မယ့် ကျဆုံးသူရဲကောင်းကိုချစ်မင်းသူရဲ့ဇနီး

နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားကြရတဲ့ သူရဲကောင်းတွေကိုလည်း ပြည်သူလူထုက ဘယ်တော့မှမမေ့ကြတာဖြစ်ပါတယ်။မတ်လ (၁၁)ရက်နေ့က ဒဂုံမြို့သစ်မြောက်ပိုင်းမှာ ဦးခေါင်းကျည်ထိမှန်ပြီး ကျဆုံးသွားတဲ့ ကိုချစ်မင်းသူဆိုရင် ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ကလေးကို ခွဲခွါသွားခဲ့တာဖြစ်ပါတယ်။

ဩဂုတ်လ (၁၁) ရက်နေ့မှာ ကိုချစ်မင်းသူကျဆုံးတာ (၆)လပြည့်သွားပေမယ့် ပြည်သူလူထုက သူနောက်ဆုံးပြောခဲ့တဲ့စကားလေးကအစ မှတ်မိနေကြဆဲပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုချစ်မင်းသူကျဆုံးချိန်တွင် သူ့ရဲ့ဇနီးသည်မှာ ကိုယ်ဝန်(၂)လနဲ့ ယူကြုံးမရဝမ်းနည်းခဲ့ရတာဖြစ်ပါတယ်။ပြည်သူလူထုအပြင် အနုပညာရှင်တချို့ကပါ ကိုချစ်မင်းသူရဲ့ဇနီးကို အားပေးနှစ်သိမ့်ကြပြီး တတ်နိုင်သလောက်ကူညီပေးကြတာဖြစ်ပါတယ်။

ကိုချစ်မင်းသူရဲ့ဇနီးကတော့ ခင်ပွန်းမရှိတော့ဘဲ အခက်အခဲတွေကိုကျော်ဖြတ်လာခဲ့တာ (၆)လပြည့်သွားပြီဖြစ်ပါတယ်။သူမရဲ့ကိုယ်ဝန်ကလည်း (၈)လကျော်ထဲကို ရောက်နေပြီဖြစ်လို့ မကြာခင်မွေးဖွားတော့မယ်လို့သိရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုချစ်မင်းသူရဲ့ဒုတိယရင်သွေးလေးကို အောက်တိုဘာလလယ်လောက်မှာ မွေးဖွားမှာဖြစ်ပါတယ်။ကျန်ရစ်သူဇနီးကလည်း (၂)အရွယ်သမီးကြီးလေးနဲ့ မွေးဖွားလာမယ့်ကလေးကို တစ်ယောက်တည်း ပြုစုစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။

ခင်ပွန်းကိုဆုံးရှုံးလိုက်ရတဲ့ မိန်းမတစ်ယောက်ဖြစ်ပေမယ့် လောကဓံကိုကြံ့ကြံ့ခံရင်ဆိုင်ပြီး ဒုတိယရင်သွေးလေးကို မကြာခင်မှာမွေးဖွားနိုင်တော့မယ့်အကြောင်းလေးကို ပြည်သူတွေသိအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit:Original Uploder

Crd-myanmarload