Local News

သူမရဲ့မွေးနေ့လေးမှာ အလိုချင်ဆုံးဆုတောင်းလေးတစ်ခုကို ပရိတ်သတ်တွေအားပြောပြလာခဲ့တဲ့ သန္တာလှိုင်






















Credit

သန္တာလှိုင်ကတော့အားလုံးသိကြတဲ့အတိုင်းဟိုးမော်ဒယ်ေ တွစခတဲကအောင်မြင်ခဲ့တဲ့မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်၊ယနေ့ထိတိုင်အောင်သူဟာအောင်မြင်နေသူတစ်ယောက်ပါ။ကျန်းမာရေးအထူးလိုက်စားသူဖြစ်ပြီးကိုယ်ခန္ဓာအလှကိုထိန်းသိမ်းနိုင်သူတစ်ယောက်လဲဖြစ်ပါတယ်။သူမကအသက်ရွယ်ရှိလာပေ မယ့်သူ့ရဲ့အလှတွေကတော့အရင်တိုင်းနုပျိုနေဆဲပါပဲ။မိန်းခလေးတွေအားကျရတဲ့သူဆိုလဲမမှားပါဘူး။





ကိုယ်တိုင်ဂျင်အားကစားရုံတည်ထောင်ထားပြီး သူရဲ့သင်တန်းသားတွေကိုလေ့ကျင့်ပေးနေတဲ့သူပါ။သူမကအိမ်မွေးတိရိစ္ဆာန်လေးတွေ ကိုချစ်တတ်ပါတယ်၊အလှူအတန်းတွေမှာဆိုလဲရက်ရောတဲ့သူတစ်ယောက်ပါ။တော်လှန်ရေးကာလတွေမှာလဲ အမှန်တရားဘက်ကအမြဲရပ်တည်ခဲ့တဲ့သူပါ။ဒီနှစ်မှာကျရောက်ခဲ့တဲ့သူမရဲ့မွေးနေ့လေးအတွက် သူမကသူလိုချင်တဲ့အရာလေးကိုချစ်ပရိတ်သတ်တွေဆီတောင်းထားတာတွေ့ရပါတယ်၊ဆုတောင်းလေးပါပဲ။





“အားလုံးတူတူဝိုင်းကူပြီးဆုတောင်းပေးရင်ပြည့်မလားလို့ပါမွေးနေ့မှာလိုချင်တဲ့ဆုတွေကတော့ကျွန်မတို့ပြည်သူတွေရဲ့ရင်ခွင်ထဲကိုအရင်ကလိုတိုးတက်ပြီးတရားမျှတတဲ့ မြန် မာနိုင်ငံကြီးအမြန်ဆုံးပြန်ရပါစေသား၊မတရားသဖြင့်ချုပ်နှောင်ခံထားရတဲ့ကျွန်မတို့ညီအကိုမောင်နှမတွေအမြန်ဆုံးပြန်လွတ်ပါစေရှင်တစ်ကမ္ဘာလုံးမှာပိုပိုပြီးဆိုးလာတဲ့ရေဘေးမီးဘေး လေဘေးသဘာဝဘေးအန္တရာယ်နဲ့ရောဂါကပ်ဘေးကြီးကနေအမြန်ဆုံးလွတ်ကင်းပါစေသား”ဆိုတဲ့ဆုတောင်းလေးတွေအတူတူပြုကြဖို့ပြောထားပါတယ်။မွေးနေ့ရက်လေးမှာပြည်သူတွေခံစားနေရတဲ့ဒုက္ခတွေအတွက်ဆုတောင်းပေးထားတာတကယ်ဝမ်းသာရပါတယ်။ဟက်ဗီးဗက်ဒေးပါမသန္တာလှိုင်၊ကျေးဇူးပါ။





Credit