တောတောင်ထဲမှာ ရှိတဲ့ပေါင်မုန့်နဲ့ပဲ အဖွဲ့ဝင် တစ်ယောက်ရဲ့မွေးနေ့လေးကို ကျင်းပပေးလိုက်ကြတဲ့ PDF လူငယ်လေးများ

မဂ်လာပါ ပရိတ် သတ်ကြီးရေ …တောထဲ ရောက် PDF လူ ငယ်လေးတွေ ကတော့ ဒီလို မိုးရာသီကာလမှာဆိုရင် မိုးဒဏ်၊လေဒဏ်ကိုခံရတဲ့ အပြင် ခြင်ကျားတွေ၊မျော့တွေ၊
ကျွတ် တွေ ကိုက်တာ ကိုလည်း ကြုံတွေ့ နေကြရတာ ဖြစ်ပါတယ်။တချို့ လူငယ် လေးတွေကတော့ ပိုးမွှားတွေ ကိုက်တာကြောင့် ခန္ဓာကိုယ်တွေမှာ အနာတွေဖြစ်လို့ နေပါတယ်။

ပြည်သူတွေကလည်း PDF လူငယ်တွေအတွက် စားနပ်ရိက္ခာတွေအ ပြင် လိုအပ် တဲ့ ဆေးဝါးတွေ ကို လည်း တတ် နိုင် သ လောက် ထောက်ပံ့ ကူညီနေ ကြတာဖြစ် ပါတယ်။
PDF လူငယ် တွေ ခမျာ မိသားစု နဲ့ ခွဲခွါပြီး ခက်ခဲ ကြမ်းတမ်းတဲ့ နေရာမှာ နေထိုင် နေရပေမယ့် အချင်းချင်း အားပေးကူညီပြီး ပန်းတိုင် ရောက်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါ တယ်။

အခုဆိုရင်လည်း PDF တွေက သူတို့ အဖွဲ့ထဲမှ လူငယ် လေးတစ်ယောက်ရဲ့ မွေးနေ့ လေးကို ရှိတာနဲ့ ကျင်းပ ပေးလိုက် တာ ဖြစ် ပါတယ်။
တောတောင် ထဲမှာ မွေးနေ့ ကိတ် လှလှလေးမရှိတာကြောင့် ပေါင်မုန့် ပေါ်မှာပဲ ဖယောင်းတိုင် ထွန်းပေးလိုက်တာ ဖြစ်ပါ တယ်။
တောထဲရောက် လူငယ်တွေကညီအစ်ကိုတွေလို ခင်မင်ကြလို့ အခုလို မျိုးစီစဉ် ပေးထားကြတာ ဖြစ်ပါ တယ်။

မွေးနေ့ရှင် လူငယ်လေး အတွက် PDF တပ် ဖွဲ့ဝင် တွေ က လက် ခုပ် တီးပြီး မွေးနေ့ သီချင်းလေးဆို ပေးကြတာ ဖြစ်ပါ တယ်။
အဲ့ဒီနောက် မှာတော့ ပေါင်မုန့် လေးကို ဓားနဲ့ အပိုင်းပိုင်း လေးတွေ လှီးပြီး အတူတူ ဝေမျှစားကြတာ ပဲဖြစ်ပါတယ်။

တောတောင်ထဲမှာ ဘာမှ မရှိလို့ သေသေချာချာ မလုပ်ပေးနိုင် ပေမယ့် အာဏာရှင်ကို တိုက်ထုတ်ပြီးတာနဲ့ အားရပါးရ ပျော်ကြ မယ်ဆိုပြီး အမှတ် တရ ပုံလေးတွေ ကို လူမှု ကွန်ယက် စာမျက်နှာပေါ်မှာ မျှဝေ လာခဲ့တာ ဖြစ်ပါ တယ်နော်။ဖတ်ရှူ့ ပေးတဲ့ ပရိတ် သတ်ကြီးကိုလည်း ကျေးဇူးအထူး တင်ပါ တယ်နော်။
credit