Local News

ပရိသတ်တွေနဲ့ စုပေါင်းကာ သဘာဝတရားရိပ်သာက ကိုဗစ်လူနာတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် လိုအပ်တာတွေ လှူဒါန်းပေးခဲ့တဲ့ မမဆောင်း

အဆိုတော်သရုပ်ဆောင် မမ ဆောင်း ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာ တတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေအတွက် အလှူလေးတွေ မကြာခဏဆိုသလို ပြုလုပ်ပြီး အားလုံးနဲ့အတူ ရပ်တည်နေတာလည်း ပရိသတ်တွေ မြင်တွေ့ကြရမှာပါ။

အခုလို ကိုဗစ်ရောဂါတွေ ဖြစ်ပွားကြလို့ အဆင်မပြေ ဖြစ်နေတဲ့ နေရာတွေမှာလည်း လိုအပ်တာများ လှူဒါန်းပေးလျက်ရှိပါတယ်။ ယနေ့ ဩဂုတ်လ (၁၃) ရက်နေ့မှာလည်း ချစ်ရတဲ့ ပရိသတ်တွေနဲ့ စုပေါင်းကာ သဘာဝတရား ရိပ်သာက ကိုဗစ်လူနာတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အတွက် အလှူငွေနဲ့ စားစရာများ လှူဒါန်းခဲ့ပါတယ် ။

အလှူလက်ခံရရှိတဲ့ ပုံရိပ်တွေနဲ့အတူ ” ဒီနေ့ မမဆောင်း တို့အလှု မမဆောင်း နဲ့ We love Ma Ma Saung တို့ သရုပ်ဆောင် ဘုန်းလျှံ ဦးစီးတဲ့ ပရဟိတ အဖွဲ့နဲ့အတူ အလှုငွေ နဲ့ စားသောက်ကုန်တွေ  ( သဘာဝတရား ရိပ်သာ  Covid Volunteers  တွေ ကို အားပေးခဲ့ဒယ်နော့ ) ပါဝင်လှုဒါန်းပေးတဲ့ အလှုရှင်တွေ ကျန်းမာချမ်းသာကြပါစေ ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

 

Yuan – Cele Zone

Photo – မမဆောင်း

-Zawgyi Font ဖြင့်ဖတ်ရန်- 


သာဓု သာဓု သာဓုအဆိုတော်သရုပ်ဆောင် မမ ဆောင်း ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာ တတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေအတွက် အလှူလေးတွေ မကြာခဏဆိုသလို ပြုလုပ်ပြီး အားလုံးနဲ့အတူ ရပ်တည်နေတာလည်း ပရိသတ်တွေ မြင်တွေ့ကြရမှာပါ။




Yuan – Cele Zone

Photo – မမဆောင်း

Crd-CZ