Local News

အဖွားဘာစားပီးပီလဲဆိုတော့ အဖွားညထဲက ဘာမှမစားရသေးဘူးသမီးတဲ့

Zawgyi

အဖွားဘာစားပီးပီလဲဆိုတော့ အဖွားညထဲက ဘာမှမစားရသေးဘူးသမီးတဲ့

ကိုယ်အလုပ်စလုပ်ထဲကအဲ့အဖွားကို သတိထားမိတာတော့ကြာပါပီ။ဒါမဲ့ကိုယ်လည်းကို့အလုပ်နဲ့ကိုမို့ စကားမစပ်မိဘူးပေါ့နော်

အဖွားနဲ့က ဒီနေ့အဖွားထပ်ရောက်လာတော့ကိုယ်လည်းဆိုင်မှာ customerလည်း မရှိသေးတာနဲ့ အဖွားဘာစားပီးပီလဲဆိုတော့အဖွားညထဲကဘာမှမစားရသေးဘူး သမီးတဲ့ အဲ့တာနဲ့အဖွားဘာစားမလဲဆိုတော့

အဖွားထမင်းလည်းမစားနိုင်ဘူးတဲ့ အဖွားကို လက်ဖက်ရည်ဝယ်တိုက်ပါဆိုလို့အဖွားနဲ့ကိုယ်နဲ့လက်ဖက်ရည်သောက်ရင်းနဲ့အဖွားအကြောင်းမေးမိတော့

အဖွားမှာမြေးနှယောက်ရှိပါတယ်တဲ့ နှယောက်စလုံးကငယ်သေးတဲ့အတွက်ကြောင့်ကုန်စုံဆိုင်လေးတခုမှာဈေးရောင်းကူပါတယ်တဲ့ အဲ့ဆိုင်ကသူ့မြေးလေးတွေကိုထမင်းတော့ကျွေးပါတယ်တဲ့

အဖွားကတော့ ထမင်းမစားနိုင်လို့ မစားဘူးတဲ့ စားချင်တဲ့အခါကျလည်း ဝယ်စားလိုက်တယ်တဲ့ အဖွားဘယ်မှာနေလဲလို့မေးတော့ ၁၃၃ ဘက်မှာဌားနေတာတဲ့ တလ ၅သောင်းမို့ အဖွားလည်း ဒီလိုထွက်ထွက်ရှာနေရတာပါတဲ့

အဖွားကအခုနေလည်း သိပ်မကောင်းပါဘူး။မြင်တဲ့အတိုင်းဘဲဖိနပ်လေးတောင်မပါပါဘူး (ဖိနပ်လည်း tea shopထဲကအမတယောက်က လှူပေးသွားပါတယ် )အဲ့တာကြောင့် အကြွေလေးတွေဘဲဖြစ်ဖြစ်တတ်နိုင်သလောက်လေး အလှူခံပါတယ် ညမလည်း လှူမှာပါ

ကိုယ်တိုင်သွားလှူချင်ရင် အဖွားက ၇/၈လမ်းဆုံ .ရွှေသုခ ရှေ့မှာရှိပါတယ်ရှင့်Ps:အဖွားဓာတ်ပုံရိုက်လို့ရလားဆိုတော့ ရတယ်ဆိုပီး ဆံပင်လေးကို သပ်နေရှာတာ(ခွင့်ပြုချက်ရ၍အလှူခံပေးခြင်းဖြစ်ပါသည်

Unicode

အဖွားဘာစားပီးပီလဲဆိုတော့ အဖွားညထဲက ဘာမှမစားရသေးဘူးသမီးတဲ့

ကိုယ်အလုပ်စလုပ်ထဲကအဲ့အဖွားကို သတိထားမိတာတော့ကြာပါပီ။ဒါမဲ့ကိုယ်လည်းကို့အလုပ်နဲ့ကိုမို့ စကားမစပ်မိဘူးပေါ့နော်

အဖွားနဲ့က ဒီနေ့အဖွားထပ်ရောက်လာတော့ကိုယ်လည်းဆိုင်မှာ customerလည်း မရှိသေးတာနဲ့ အဖွားဘာစားပီးပီလဲဆိုတော့အဖွားညထဲကဘာမှမစားရသေးဘူး သမီးတဲ့ အဲ့တာနဲ့အဖွားဘာစားမလဲဆိုတော့

အဖွားထမင်းလည်းမစားနိုင်ဘူးတဲ့ အဖွားကို လက်ဖက်ရည်ဝယ်တိုက်ပါဆိုလို့အဖွားနဲ့ကိုယ်နဲ့လက်ဖက်ရည်သောက်ရင်းနဲ့အဖွားအကြောင်းမေးမိတော့

အဖွားမှာမြေးနှယောက်ရှိပါတယ်တဲ့ နှယောက်စလုံးကငယ်သေးတဲ့အတွက်ကြောင့်ကုန်စုံဆိုင်လေးတခုမှာဈေးရောင်းကူပါတယ်တဲ့ အဲ့ဆိုင်ကသူ့မြေးလေးတွေကိုထမင်းတော့ကျွေးပါတယ်တဲ့

အဖွားကတော့ ထမင်းမစားနိုင်လို့ မစားဘူးတဲ့ စားချင်တဲ့အခါကျလည်း ဝယ်စားလိုက်တယ်တဲ့ အဖွားဘယ်မှာနေလဲလို့မေးတော့ ၁၃၃ ဘက်မှာဌားနေတာတဲ့ တလ ၅သောင်းမို့ အဖွားလည်း ဒီလိုထွက်ထွက်ရှာနေရတာပါတဲ့

အဖွားကအခုနေလည်း သိပ်မကောင်းပါဘူး။မြင်တဲ့အတိုင်းဘဲဖိနပ်လေးတောင်မပါပါဘူး (ဖိနပ်လည်း tea shopထဲကအမတယောက်က လှူပေးသွားပါတယ် )အဲ့တာကြောင့် အကြွေလေးတွေဘဲဖြစ်ဖြစ်တတ်နိုင်သလောက်လေး အလှူခံပါတယ် ညမလည်း လှူမှာပါ

ကိုယ်တိုင်သွားလှူချင်ရင် အဖွားက ၇/၈လမ်းဆုံ .ရွှေသုခ ရှေ့မှာရှိပါတယ်ရှင့်Ps:အဖွားဓာတ်ပုံရိုက်လို့ရလားဆိုတော့ ရတယ်ဆိုပီး ဆံပင်လေးကို သပ်နေရှာတာ(ခွင့်ပြုချက်ရ၍အလှူခံပေးခြင်းဖြစ်ပါသည်)

Credit