ကြင်နာ မှုဆိုတာက လက်ခံရတဲ့သူအတွက်သာမက ပြုလုပ်သူအတွက်ပါ နှစ်ဦးနှစ်ဖက် အေးချမ်းပြီးအကျိုးရှိစေတာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ကြင်နာမှုဆိုတာလည်း ကူးစက်တတ်တဲ့ ဖြစ်စဉ်မျိုးလည်းဖြစ်ပါသေး တယ်။ သင့်ပတ်ဝန်းကျင်မှာ လူတစ်ဦးကနေတစ်ဦးကို ကြင်ကြင်နာနာနဲ့ကူညီပေးမှုတစ်ခုကို တွေ့လိုက်ပြီ ဆိုတာနဲ့ သင့်ရင်ထဲမှာလည်း နွေးထွေးမှုတစ်ခုကို ချက်ချင်းရလိုက်စေပြီး ကိုယ်လည်းသူများကို ကူညီပေး ချင်စိတ်မျိုးတွေဖြစ်တတ်ပါတယ်။

ကောင်းတဲ့အပြုအမူတွေဆိုတာဟာ ဗိုင်းရပ်စ်လိုပဲလျင်မြန်စွာ ပျံ့နှံ့နိုင် ပါသေးတယ်။ လူများစွာရဲ့နေ့တွေကို လင်းစေနိုင်ပါတယ်။ ဒီကမ္ဘာပေါ်မှာ လိုအပ်နေသူတွေကို ကူညီပေး ဖို့မတွန့်ဆုတ်တဲ့ စစ်မှန်တဲ့လူ ကောင်းတွေများစွာရှိနေသေးတယ်ဆိုတာ ဒီဓာတ်ပုံလေးတွေက ဖော်ပြပေး နေတာပဲ ဖြစ်ပါတယ်။
(၁)

ငွေကြေးမပြည့်စုံတဲ့ စာအုပ်ချစ်သူတစ်ချို့ဟာ စာအုပ်သစ်တွေထွက်တာပဲဖြစ်ဖြစ်၊ ကိုယ်ဖတ်ချင်တဲ့စာအုပ် တွေကို ဖြစ်ဖြစ် မဝယ်နိုင်သေးခင်မှာ စာအုပ်တန်းမှာ သွားငေးကြည့်ဖူးတဲ့အဖြစ်ကို မျက်လုံးထဲ မြင်မိကြမယ် ထင်ပါတယ်။ ခဏတာသာ လှန်လှောကြည့်ရှုခွင့် ရတာလေးကိုပဲ ကျေနပ်မိကြတာ စာအုပ်ချစ်သူတိုင်းခံစားဖူး မယ်လို့ ထင်ပါတယ်။

အခုပုံထဲက အမျိုးသမီးကြီးကလည်း အဲဒီလိုပဲ စာအုပ်လေးတွေကို ဖတ်ဖို့ စူပါမား ကတ်ကို သွားလေ့ရှိပါတယ်။ ကြာလာတဲ့အခါမှာ မန်နေဂျာကသတိထားမိသွားပြီး သူမစာထိုင်ဖတ်လို့ရစေဖို့ ခုံတန်းလေးတစ်ခုကို ချထားပေးခဲ့ပါတယ်။
သူလုပ်ပေးလိုက်တာကတော့ ရိုးရိုးလေး ဖြစ်ပေမယ့် စာအုပ်ချစ် သူအတွက်သာမက ဒီအဖြစ်အပျက်ကိုမြင်တဲ့လူတိုင်းက ကြည်နူးမျက်ရည်ဝဲတဲ့အထိ ပီတိဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။
(၂)

မြေအောက်ရထားလိုက်ပါစီးနင်းနေတဲ့ ခရီးသည်တွေထဲမှာ ကလေးလေးနဲ့ မေမေတို့သားအမိပါပါတယ်။ ကလေးငယ်က ဘာကိုအလိုမကျတယ်မသိပဲ အော်ဟစ်ငိုယိုနေခဲ့ပါတယ်။ ဘယ်လိုမှ ချော့မရတဲ့အဆုံး လူ တစ်ယောက်က ဝင်ကူညီပေးလိုက်ပါတယ်။
ကလေးငယ်ဟာ ချက်ချင်းဆိုသလို အငိုတိတ်သွားခဲ့ပြီး မိခင် သာမကကျန်တဲ့ ခရီးသည်တွေပါ ဝမ်းသာပျော်ရွှင်ခဲ့ကြပါတယ်။ အဲဒီကူညီလိုက်တဲ့လူတစ်ယောက်က တယော ပညာရှင်ဖြစ်ပြီး ရထားစီးရင်းနဲ့ကို ကလေးငယ်ကိုချော့တဲ့အနေနဲ့ ရထားရဲ့အလယ် လူလျှောက်လမ်းမှာ ထိုင် ပြီး တယောထိုးပြခဲ့တာ ဖြစ်ပါတယ်။
(၃)

ဦးနှောက်နဲ့သက်ဆိုင်တဲ့ ခြေလက်အင်္ဂါမသန်စွမ်းဖြစ်နေသူ တစ်ယောက်ဟာ လက်သည်းအလှပြင်ဆိုင်ကို လာခဲ့ပါတယ်။ ဒါပေမယ့် သူမဟာတုန်ရီနေပြီး လက်တွေကလည်းလှုပ်ရှားမှုများလွန်းခြင်း၊ တနည်းအားဖြင့်တုန် နေတဲ့အတွက် အဲဒီအကြောင်းပြချက်နဲ့ပဲ လက်သည်းအလှပြင်ခြင်းကို ဆိုင်က တာဝန်ရှိသူတွေက မပြုလုပ်ပေး ခဲ့ပါဘူး။
ဒါကိုမြင်တဲ့ ငွေကိုင်စာရေးက လက်သည်းနီဗူးတွေကို ပြေးဝယ်ခဲ့ပြီး သူ့ရဲ့အလုပ်အားလပ်ချိန်လေးမှာ အဲဒီအမျိုးသမီးကို လက်သည်းဆေးဆိုးပေးခဲ့တာ ဖြစ်ပါတယ်။ ကြင်နာမှုပြုလုပ်ဖို့ဆိုတာဟာ ခက်ခက်ခဲခဲလုပ် ရတဲ့ အရာတော့ မဟုတ်ပေမယ့် ရရှိတဲ့အကျိုးကတော့ အတော်လေးကို ရင်ကိုနွေးထွေးလှှုပ်ခတ်စေတာပဲ ဖြစ် ပါတယ်။
(၄)

ကင်ညာက အမျိုးသမီးတစ်ဦးဟာ သူ့ကလေးဘဝက သူငယ်ချင်းက လမ်းဘေးမှာ ဆေးစွဲပြီး မူးယစ်ဆေး ရဲ့ သားကောင်ဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။
ဒီလိုဖြစ်လို့ လူ့သဘာဝအရ မခေါ်နိုင်၊ မပြောနိုင်၊ ကြောက်ရွံ့ တာမျိုး၊ ရွံရှာတာမျိုးလုံးဝမဖြစ်ခဲ့ပဲနဲ့ သူငယ်ချင်းဖြစ်သူရဲ့ ဘဝကိုဖေးမကူညီ ကယ်တင်ပေးခဲ့ပါတယ်။
အခုချိန် မှာတော့ ဆေးစွဲနေစဉ်တုန်းကပုံနဲ့ လူကောင်းသူကောင်းတစ်ယောက်ဖြစ်သွားပုံဟာ အပုံကြီးကွာခြားသွားခဲ့ ပြီပဲ ဖြစ်ပါတယ်။
(၅)

အမေရိကန်စစ်သားတစ်ဦးက တွင်းတစ်တွင်းဘေးမှာ သေနေတဲ့ယုန်မကြီးကို တွေ့ခဲ့ပါတယ်။ တွင်းထဲမှာ တော့ ယုန်ပေါက်လေး ၄ကောင်ကို တွေ့လိုက်ရပါတယ်။
ဒီတော့သူဒီအတိုင်း ထားမပစ်ခဲ့နိုင်တာကြောင့် ယုန် လေးတွေကို ကယ်တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ယုန်သားပေါက်ကလေးတွေဟာ နို့မပြတ်သေးတဲ့အတွက် စစ်သား ဟာ တစ်နေ့ကို လေးကြိမ်နဲ့ သူတို့နို့ပြတ်လောက်တဲ့ နှစ်လကျော်ကြာအောင် အိပ်ရေးပျက်ခံပြီး ပြုစုခဲ့တာပဲ ဖြစ်ပါတယ်။
စစ်သားမှာလည်း အသည်းနဲ့ပါလို့ ဆိုရလောက်မတတ် ကြင်နာမှုအပြည့်ရှိတဲ့ ပြယုဂ်တစ်ခုပဲ ဖြစ် ပါတယ်။
(၆)

William Boyajian က သရုပ်ဆောင်အလုပ်လုပ်ပြီး ဂီတအနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေ မယ့် သူဟာအားလပ်ချိန်တွေမှာ မြေအောက်ဘူတာတွေမှာ ဂီတာတီးသီချင်းဆိုပြီး အလှူငွေတောင်းခံလေ့ ရှိပါတယ်။
ပြောရရင်တော့ ဂီတာတီး သီချင်းဆိုပြီး ပိုက်ဆံတောင်းတာမျိုးပေါ့။ သူဒီလိုလုပ်တဲ့ ရည်ရွယ်ချက် လေးကလည်း အင်မတန်မှချစ်စရာကောင်းလှတာ တွေ့လိုက်ရပါတယ်။
အိမ်ယာမဲ့တွေနဲ့ အကူအညီလိုနေ တဲ့သူတွေဟာ သူရရှိထားတဲ့ အလှူခံပိုက်ဆံထဲက ပိုက်ဆံတွေကို လိုသလောက် ယူသွားနိုင်ပြီး လှူလိုသူ တွေကတော့ လှူသွားနိုင်တဲ့ပုံစံမျိုး စိတ်ကူးဆန်းဆန်းနဲ့ တစ်ဖက်တစ်လမ်းနဲ့ ကူညီနေတာဖြစ်ပါတယ်။
သူဟာ သူ့ရဲ့လုပ်အားနဲ့နေ့တိုင်း ကြင်နာမှုကို ပြသနေသူတစ်ဦးဆိုရင်လည်း မမှားဘူးလို့ဆိုရမှာ ဖြစ်ပါတယ်။
(၇)

ကားလိုင်စင်နံပတ်ပြားကို အရင်ကြည့်လိုက်ပါ။ ပြီးတော့ သူဘယ်သူ့ကို ပိုက်ဆံပေးနေတာပါလဲ။ တစ်ခါ တစ်လေမှာ လူသားတိုင်းကို အမြင်နဲ့ဆုံးဖြတ်လို့ မရပါဘူး။
ကားနံပတ်ကသာ နတ်ဆိုးလို့ ဖော်ပြနေပေမယ့် ကားမောင်းလာသူရဲ့ ရင်ထဲမှာတော့ ကြင်နာတတ်တဲ့ နှလုံးသားရှိနေတာကို တွေ့လိုက်ရမှာပဲ ဖြစ်ပါတယ်။
(၈)

ဘာတွေဝေနေလို့ လူအုပ်ကြီးက တန်းစီစောင့်နေတာလဲလို့ ထင်လိုက်မယ်ဆိုရင်တော့ သင့်အထင်မှားပြီလို့ ဆိုရမှာပါ။
ဘာဖြစ်လို့လဲဆိုတော့ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာ တစ်ခုဟာ ဆိုးဝါးတဲ့ရာသီဥတုဖြစ်စဉ် ကြောင့် ရေကြီးနစ်မြှုပ်မှုထဲမှာ ပါဝင်ခဲ့ပါတယ်။
ဒီတော့ဂေဟာမှာ စောင့်ရှောက်ထားတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေကို မွေးစားပေးဖို့ လာရောက်စောင့်ဆိုင်းနေကြတာပဲ ဖြစ်ပါတယ်။
အဲဒီလိုလာစောင့်နေလို့ သူ တို့ကောရေဘေးဒဏ်မခံရဘူးလားလို့ မေးရင်တော့ သူတို့တွေလည်းရေကြီးမှု ဒဏ်ကိုခံခဲ့ရပါတယ်။
ဒါပေမယ့် တိလေးတစ်ကောင်လောက်ကို တစ်အိမ်တစ်ကောင်လောက်မွေးစားပေးလိုက်ရင် တိလေးတွေဒုက္ခခံနေရမှု က ကင်းဝေစေမယ်လို့ တွေးပြီးလာရောက် စောင့်ဆိုင်းနေကြတာပဲ ဖြစ်ပါတယ်။
(၉)

ဒီတစ်ပတ်ထဲမှာ သုံးစရာပိုက်ဆံအများကြီး မရှိဘူးလို့ သမီးလေးကိုပြောပြလိုက်တဲ့အခါ….
ဒီဓာတ်ပုံလေး ကတော့ အများကြီးရှင်းပြနေစရာကို မလိုပဲ ရင်ထဲထိသွားစေမယ့် သားအဖကြင်နာမှုတရားကို ပြသနေတဲ့ဓာတ် ပုံလေးပဲ ဖြစ်ပါတယ်။
(၁၀)

ရဲသားကြီးတစ်ဦးက ကလေးငယ်လေးကို နို့ဗူးတိုက်နေတဲ့ပုံပါ။
ကလေးငယ်လေးရဲ့မေမေဟာ ရုတ်တ ရက်ရောဂါဖောက်ပြီး လဲကျသွားခဲ့လို့ သူနာပြုဆရာမတွေက ထမ်းစင်ပေါ်တင်ပြီး ရှေးဦးသူနာပြုစုနေတုန်း ကလေးငယ်လေးကို စိတ်ရှည်လက်ရှည်ချော့မော့ပြီး နို့ဗူးတိုက်နေတဲ့ ရဲသားကြီးတစ်ဦးရဲ့ ကြင်နာမှုပဲဖြစ်ပါ တယ်။
(၁၁)

ဆောင်းရာသီမှာဆိုရင် ကနေဒါက လမ်းထိပ်ကတိုင်တွေမှာ အနွေးထည်တွေကို ချိတ်ဆွဲထားတဲ့ မြင်ကွင်း မျိုးကို တွေ့ရမှာပါ။
ဒီလိုချိတ်ပေးထားတဲ့သူတွေက ကလေးငယ်လေးတွေဖြစ်ပြီး သူတို့က အိမ်ခြေမဲ့တွေ အတွက် ကနေဒါရဲ့အေးလွန်း တဲ့ဆောင်းရာသီကို အန်တုဖို့ ရည်ရွယ်ပြီးလုပ်ပေးထားတာဖြစ်ပါတယ်။
ကလေး ငယ်တွေက စာတန်းလေးတွေတောင် ရေးထားလိုက်ပါသေးတယ်။
“ဒီအနွေးထည်တွေက ငါတို့ပျောက်ဆုံး သွားတဲ့ အနွေးထည်တွေ၊ မလိုအပ်တော့တဲ့ အနွေးထည်တွေ မဟုတ်ပါဘူး။ မင်းကချမ်းတယ်ဆိုရင် ယူသာဝတ်လိုက်ပါ။ မင်းကိုနွေးထွေးစေဖို့ ဖြစ်ပါတယ်” လို့ရေးထားတာပဲ ဖြစ်ပါတယ်။
(၁၂)

ဘောင်းဘီဆင်တူလေးတွေနဲ့ လှနေတဲ့ ဆရာတပည့်များ။ ကျောင်းအုပ်ဆရာတစ်ယောက်က တစ်နေ့မှာ သူ့ကျောင်းသားနှစ်ယောက် ဘောင်းဘီဆင်တူဝတ်လာခဲ့တာကို မြင်ပြီး မင်းတို့ဘောင်းဘီတွေ မိုက်လှချည် လားလို့ပြောလိုက်မိပါတယ်။
ဒါနဲ့ပဲကျောင်းသားနှစ်ယောက်က ဝမ်းသာသွာပြီး ရှော့ပင်းမောလ်ကို ချက်ချင်းပြန် ထွက်သွားကာ ဆရာ့အတွက်ပါ ဆင်တူတစ်ထည်ဝယ်ပေးခဲ့ပါတယ်။
ဆရာကလည်း ဘောင်းဘီကိုချက်ချင်းလဲ ပြီးဓာတ်ပုံရိုက်ခံခဲ့တာ ဖြစ်ပါတယ်။ ဆရာတပည့်တွေရဲ့ ကြင်နာမှု အပေးယူလေးကလည်း တစ်မျိုးချစ်စရာ ကောင်းနေတာပဲ ဖြစ်ပါတယ်။
(၁၃)

စစ်သားငယ်လေးကို ထီးဆောင်းပေးနေတဲ့ ဘေ့စ်ဘောပရိသတ်တစ်ဦးပုံလေးကလည်း ရင်ထဲကို ကြည်နူးမှုဖြစ်စေပါတယ်။
ဘေ့စ်ဘောပြိုင်ပွဲတစ်ခု မကျင်းပခင်မှာ ပထမကမ္ဘာစစ်မှာ ကျဆုံးခဲ့ပြီး ပျောက်ဆုံးခဲ့ ရတဲ့ စစ်သားတွေအတွက် ပွဲကိုခဏရပ်ပြီး ဂါရဝပြုနေတဲ့အချိန်မှာပဲ ဒီစစ်သားငယ်လေးကို ပရိသတ်တစ်ဦးက ထီးဆောင်းပေးခဲ့တာပါ။
(၁၄)

ဂရိက ကော်ဖီဆိုင်တစ်ခုကတော့ ဆောင်းတွင်းညပိုင်းဆိုင်ပိတ်ချိန်ရောက်တိုင်း တံခါးကိုးမပိတ်ပစ်ပဲ ဆိုင်တံခါးကိုဖွင့်ထားပေး လိုက်ပါတယ်။
ဘယ်သူတွေအတွက်လဲဆိုတော့ လမ်းဘေးက ခွေးလေးတွေအတွက်ပဲ ဖြစ်ပါတယ်။
ဆောင်းညတွေမှာ အပြင်မှာ အေးခဲပြီး သေဆုံးသွားနိုင်တဲ့ လမ်းဘေးခွေးလေးတွေကို ကြင်နာစွာနဲ့ နွေးနွေးထွေးထွေး အိပ်စက်စေဖို့ပဲ ဖြစ်ပါတယ်။
(၁၅)

ချစ်ခြင်းမေတ္တာဆိုတာအေးမြလွန်းပါတယ်။ ၁၅၀၀ ဖြစ်ဖြစ် ၅၂၈ ဖြစ်ဖြစ် ကိုယ်ချင်းစာ ကြင်နာတရားနဲ့ နားလည်မှုှရှိရှိဖြတ်သန်းကြမယ်ဆိုရင် အေးချမ်းပျော်ရွှင်ဖို့ ကောင်းနေပါလိမ့်မယ်။
အခုဓာတ်ပုံလေးကတော့ သင်ချစ်တဲ့တစ်ယောက်ယောက်ကို ပေးချင်တယ်ဆိုရင် ပန်းလက်ဆောင်အလကား ယူသွားလိုက်ပါတဲ့နော်။ ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ စိတ်ထားလေးလဲဆိုတာ….။
(၁၆)

အသက်၉၂အရွယ်အဖိုးက အသက်၉၃နှစ်အရွယ် အဖွားအတွက် ဘတ်ဒေးကတ်ကို ကိုယ်တိုင်ပြု လုပ်ပေးနေတဲ့ ပုံလေးပါတယ်။
အချစ်စစ်မှန်ရင် အသက်အရွယ်တွေက စကားမပြောတော့ပါဘူး။ အဖိုးရဲ့ အချစ်၊ ကြင်နာမှုပြယုဂ်ကိုလည်း လေးစားမိပါရဲ့နော်။
(၁၇)

မက်ဒေါ်နယ်ဆိုင်ကို လမ်းဘေးက ကလေးတွေရောက်ဖူး၊ စားဖူးဖို့ဆိုတာ သူတို့လေးတွေအတွက် ဈေးကြီးလွန်းတဲ့ အိပ်မက်တစ်ခုဖြစ်ပါတယ်။
ဒီအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ပေးတဲ့သူ ရှိလာခဲ့ပါတယ်။
သူကတော့ပထမဆုံးသူရရှိတဲ့ လစာကို ဒီကလေးဆယ့်ငါးယောက်လောက်ကို မက်ဒေါ်နယ် ဆိုင်ကို ခေါ်သွားပြီး ကျွေးမွေးခြင်းဖြင့် သုံးစွဲခဲ့တာပါ။
သူ့ရဲ့ကြင်နာတတ်မှုလေးကလည်း သာဓုခေါ်ထိုက် တယ်လို့တောင် ပြောရမှာပဲဖြစ်ပါတယ်။
(၁၈)

ဝှီးချဲ အသုံးပြုနေရတဲ့ ကလေးတွေအတွက် အဆင်ပြေအောင် ပြုလုပ်ထားတဲ့ ကစားကွင်းတစ်ခုပါ။
မသန်စွမ်းသူတွေအတွက် ထည့်သွင်းစဉ်းစားပေးကြတဲ့ နိုင်ငံကြီးသားပီသတဲ့လူတွေရဲ့ စိတ်ကူးလို့သာ တင်စား လိုက်ချင်ပါတော့တယ်။
(၁၉)

မြောင်းထဲကျနေတဲ့ ကြောင်လေးကို သူ့ရဲ့ထီးနဲ့ ကယ်နေတဲ့ကောင်လေးရဲ့ပုံပဲဖြစ်ပါတယ်။
တော်တော် ကို ခဲရာဆဲဆစ်နဲ့ ကျားကုတ်၊ ကျားခဲကယ်နေတဲ့ပုံလေးက သူ့ရဲ့ကြင်နာတတ်မှုကို ပြသနေပါတယ်။ ကြောင်လေးကလည်း လွတ်မြောက်ခွင့်ရသွားခဲ့ပါတယ်။
(၂၀)

၂၀၁၈ခုနှစ်တုန်းက ကမ္ဘာ့ဖလားကိုရှုံးနိမ့်ခဲ့တဲ့ ဂျပန်အမျိုးသားအသင်းဟာ ပွဲအပြီးမှာ
သူတို့အသုံးပြုခဲ့တဲ့ လော့ကာတွေနဲ့ နားနေခန်းတွေကို အမှိုက်တစ်စိ၊ ဖုန်တစ်စက်မှ မကျန်အောင် သန့်ရှင်းရေးလုပ်ခဲ့ပြီး ရရှား တွေကိုကျေးဇူးတင်ကြောင်းလည်း စာရေးသားပြောထားခဲ့ပါတယ်။
(၂၁)

လွတ်လပ်ရေးနေ့မှာ နယူးယောက်မြို့မြေအောက်ရထားပေါ်က ကြည်နူးအားရဖွယ်ရာ ဓာတ်ပုံလေး တစ်ပုံဖြစ်ပါတယ်။
ဘာသာ၊လူမျိုးတူမတူဆိုတာထက် ရင်ဘတ်ချင်းတူဖို့ပဲ လိုတယ်ဆိုတာကို သက်သေပြနေတဲ့ ပုံလေးတစ်ပုံအဖြစ် မှတ်ချက်ပြုချင်ပါတယ်။
(၂၂)

အရေးကြီးကိစ္စချိန်းထားလို့ ရထားနောက်ကျလို့မရပါဘူး။ သူအမြန်လာခဲ့ပေမယ့် အကြောင်းအရာတစ် ခုကြောင့် သူအဲဒီရထားကို လွတ်သွားခဲ့ပါတယ်။
ဘာကြောင့်ရထားလွတ်သွားသလဲဆိုတော့ မြေအောက် ဘူတာ မှာ အဖွားအိုတစ်ယောက် ပစ္စည်းထုပ်တွေနဲ့ မနိုင်မနင်းဖြစ်နေတာကို ကူညီပေးလိုက်လို့ပဲ ဖြစ်ပါတယ်။
သူဟာ ကူညီခွင့်ရလိုက်တာမို့ ရထားလွတ်သွားပေမယ့် စိတ်ညစ်မနေတော့ပါဘူး။
(၂၃)

ညီအစ်ကိုဆိုတာ ဘာလဲဆိုတာကို ပြသလိုက်တဲ့ ဓာတ်ပုံတစ်ပုံပဲ ဖြစ်ပါတယ်။ အနစ်နာခံစရာရှိရင် အကြီးတွေကပဲ ခံလိုက်ချင်တယ်ဆိုတဲ့ ကြင်နာမှုလေးပဲဖြစ်ပါတယ်။
ညီဖြစ်သူဟာ ရေတစ်စက်မှမဆိုပဲနဲ့ လမ်းတစ်ဖက်ကို ရောက်ရေးသည်သာ အစ်ကိုဖြစ်သူရဲ့ လိုချင်တဲ့ဆန္ဒဖြစ်ပါတယ်။
(၂၄)

တပ်ကြပ်ကြီး မိုက်မာရွန်နေးက လွန်ခဲ့တဲ့ ဆယ်နှစ်ကက်ထရီနာ ဟာရီကိန်း မုန်တိုင်း တိုက်ခတ်စဉ် မှာကလေးမလေးတစ်ယောက်ကို ကယ်တင်ခဲ့ဖူးပါတယ်။
နောင်နှစ်ပေါင်းများစွာကြာမှ ကလေးမလေးနဲ့ တစ်ဖန်ပြန်လည်တွေ့ဆုံတဲ့အချိန်မှာ ဒီဓာတ်ပုံလေးရိုက်ကူးခဲ့တာဖြစ်ပါတယ်။
အသက်ကယ်ခံရသူနဲ့ အသက် သခင်ကျေးဇူးရှင်တို့ ပြန်တွေ့တဲ့ ပွဲလေးဟာ ရင်ထဲမှာ ကြည်နူးပီတိဖြစ်စေတာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးရော ဒီဓာတ်ပုံလေးတွေကို ကြည့်ပြီး ကြည်နူးပီတိကူးစက်သွားပါသလား။ ဘယ်ဓာတ်ပုံလေးက ကြည်နူးမှုရရှိနိုင်ဆုံးဖြစ်မလဲ ဆိုတာ မှတ်ချက်ပြုပေးသွားနိုင်ပါတယ်။ အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။
Credit-Shwenyanshin
Ref; Brightside