Local News

အလုပ်များလွန်းတဲ့ချစ်သူကို “ဒီနေ့ပဲ လက်ထပ်လိုက်ရအောင်”ဆိုပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ မိန်းကလေး (ရုပ်/သံ)

ချစ်သူကောင်လေးကို တအားချစ်လွန်းတဲ့မိန်းကလေးဟာ တစ်ခြားမြို့ကိုရောက်နေတဲ့ကောင်လေးဆီ လေယာဉ်စီးပြီးအရောက်သွားခဲ့ကာ လက်ထပ်ခွင့်တောင်းဆိုခဲ့ပါတယ် ။ အဆိုပါစုံတွဲဟာ ဒီ အောက်တိုဘာလမှာလက်ထပ်ဖို့ရည်ရွယ်ထားကြပြီး ပြီးခဲ့တဲ့စက်တင်ဘာလ ကမှလက်ထပ်မှတ်ပုံတင် တင်သွင်းထားခဲ့ကြတာလည်းဖြစ်ပါတယ် ။ သို့ပေမဲ့လည်း ကောင်မလေးဟာ သူနာပြုတစ်ယောက်ဖြစ်ပြီး ၊ ကောင်လေးဟာ မီးသတ်သမားဖြစ်နေခဲ့တဲ့အတွက် နှစ်ယောက်လုံးအတော်လေးအလုပ်များနေခဲ့ကြပါတယ် ။ သို့ပေမဲ့လည်းကောင်မလေးဟာ ရည်ရွယ်ချက်တွေပျက်စီးသွားတာမျိုး အဖြစ်မခံနိုင်ခဲ့တဲ့အတွက် သူမတာဝန်ကျနေခဲ့တဲ့ Hefei မြို့ကနေ ချစ်သူရှိရာ Yancheng မြို့သို့အရောက်သွားပြီး ချစ်သူကိုSurprise လုပ်ကာ လက်ထပ်ခွင့်တောင်းဖို့ဆုံးဖြတ်ခဲ့ပါတော့တယ် ။


ဒါကြောင့် သူမရဲ့ချစ်သူ Jiang Wei ကို Surprise လုပ်ဖို့အတွက် ချစ်သူ၏လုပ်ဖော်ကိုင်ဖက်တွေကို အကူအညီအနည်းငယ်တောင်းဆိုခဲ့ရပါတယ် ။ သူမ Yancheng မြို့သို့ရောက်ရှိလာခဲ့ပြီး Jiang Wei တာဝန်ကျရာဌာနသို့ရောက်ရှိလာခဲ့ချိန်မှာတော့ သူ၏လုပ်ဖော်ကိုင်ဖက်များက Jiang Wei ကိုညာဖက်လှည့်ကြည့်ဖို့ပြောလိုက်ချိန်မှာတော့ လုံဝမမျှော်လင့်ထားခဲ့ရတဲ့ပုံစံဖြင့် သူမ သတို့သမီးဝတ်စုံဝတ်ဆင်ထားခဲ့တာကို Jiang Wei မြင်တွေ့သွားခဲ့ပါတော့တယ် ။ ထို့နောက်သူမဟာ မိုက်ကိုကိုင်ပြီး ” ကျွန်မက သူနာပြု ၊ ပြီးတော့ရှင်က မီးသတ်သမား ၊ အဲ့ကြောင့်ကျွန်မတို့မှာ အချိန်ပိုနေတာမျိုးမရှိဘူး ။ ရှင်လည်း Hefeiမြို့ကိုလာပြီး ကျွန်မနဲ့လက်ထပ်ဖို့ အချိန်မရှိဘူး ။ အဲ့ကြောင့် ကျွန်မရှင့်ကိုလက်ထပ်ဖို့ Yancheng မြို့ကိုရောက်လာခဲ့တာ ။ ဒီနေ့ပဲ လက်ထပ်လိုက်ကြရအောင် ” ဆိုပြီးပြောဆိုခဲ့ပါတယ် ။


Jiang Wei ဟာ သူ၏သတို့သမီးရဲ့ ရင်ကိုလှုပ်ရှားစေခဲ့တဲ့အပြုအမှုမျိုးကိုမြင်တွေ့လိုက်ရချိန်မှာတော့ မျက်ရည်ကျလျက်ဖြင့်ဒူးထောက်ကာ ” ငါ့ကိုလက်ထပ်မှာလား ” ဆိုပြီး သတို့သမီးလောင်းချစ်သူကိုလက်ထပ်ခွင့်ပြန်လည်တောင်းဆိုခဲ့ပါတော့တယ် ။ သတို့သမီးလောင်းဟာ Jiang Wei နဲ့လက်ထပ်ခွင့်ရဖို့ခရီးနှင်လာခဲ့ရတာဖြစ်တဲ့အတွက် ချက်ချင်းကို လက်ထပ်ဖို့သဘောတူခဲ့ပါတယ် ။


အခြားတစ်ဖက်မှာလည်း အဆိုပါချစ်ဖို့ကောင်းလွန်းလှတဲ့အခိုက်အတန့်လေးကို တွေ့ရှိခဲ့ကြသူများကတော့ ဖုန်များထုတ်ကာ အမိအရမှတ်တမ်း Video များရယူနိုင်ခဲ့ကြပါတယ် ။ အဆိုပါစုံတွဲလေးရဲ့ ရိုးရှင်းလွန်းလှတဲ့မင်္ဂလာပွဲလေးကို Jiang Wei ၏လုပ်ဖော်ကိုင်ဖက်များက မီးသတ်တပ်ဖွဲ့စခန်းထဲတွင်ပင် စီစဉ်ကျင်းပပေးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Zawgyi

အလုပ္မ်ားလြန္းတဲ့ခ်စ္သူကို “ဒီေန႔ပဲ လက္ထပ္လိုက္ရေအာင္”ဆိုၿပီး လက္ထပ္ခြင့္ေတာင္းခဲ့တဲ့ မိန္းကေလး (႐ုပ္/သံ)


ခ်စ္သူေကာင္ေလးကို တအားခ်စ္လြန္းတဲ့မိန္းကေလးဟာ တစ္ျခားၿမိဳ႕ကိုေရာက္ေနတဲ့ေကာင္ေလးဆီ ေလယာဥ္စီးၿပီးအေရာက္သြားခဲ့ကာ လက္ထပ္ခြင့္ေတာင္းဆိုခဲ့ပါတယ္ ။ အဆိုပါစုံတြဲဟာ ဒီ ေအာက္တိုဘာလမွာလက္ထပ္ဖို႔ရည္႐ြယ္ထားၾကၿပီး ၿပီးခဲ့တဲ့စက္တင္ဘာလ ကမွလက္ထပ္မွတ္ပုံတင္ တင္သြင္းထားခဲ့ၾကတာလည္းျဖစ္ပါတယ္ ။ သို႔ေပမဲ့လည္း ေကာင္မေလးဟာ သူနာျပဳတစ္ေယာက္ျဖစ္ၿပီး ၊ ေကာင္ေလးဟာ မီးသတ္သမားျဖစ္ေနခဲ့တဲ့အတြက္ ႏွစ္ေယာက္လုံးအေတာ္ေလးအလုပ္မ်ားေနခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္းေကာင္မေလးဟာ ရည္႐ြယ္ခ်က္ေတြပ်က္စီးသြားတာမ်ိဳး အျဖစ္မခံႏိုင္ခဲ့တဲ့အတြက္ သူမတာဝန္က်ေနခဲ့တဲ့ Hefei ၿမိဳ႕ကေန ခ်စ္သူရွိရာ Yancheng ၿမိဳ႕သို႔အေရာက္သြားၿပီး ခ်စ္သူကိုSurprise လုပ္ကာ လက္ထပ္ခြင့္ေတာင္းဖို႔ဆုံးျဖတ္ခဲ့ပါေတာ့တယ္ ။


ဒါေၾကာင့္ သူမရဲ႕ခ်စ္သူ Jiang Wei ကို Surprise လုပ္ဖို႔အတြက္ ခ်စ္သူ၏လုပ္ေဖာ္ကိုင္ဖက္ေတြကို အကူအညီအနည္းငယ္ေတာင္းဆိုခဲ့ရပါတယ္ ။ သူမ Yancheng ၿမိဳ႕သို႔ေရာက္ရွိလာခဲ့ၿပီး Jiang Wei တာဝန္က်ရာဌာနသို႔ေရာက္ရွိလာခဲ့ခ်ိန္မွာေတာ့ သူ၏လုပ္ေဖာ္ကိုင္ဖက္မ်ားက Jiang Wei ကိုညာဖက္လွည့္ၾကည့္ဖို႔ေျပာလိုက္ခ်ိန္မွာေတာ့ လုံဝမေမွ်ာ္လင့္ထားခဲ့ရတဲ့ပုံစံျဖင့္ သူမ သတို႔သမီးဝတ္စုံဝတ္ဆင္ထားခဲ့တာကို Jiang Wei ျမင္ေတြ႕သြားခဲ့ပါေတာ့တယ္ ။ ထို႔ေနာက္သူမဟာ မိုက္ကိုကိုင္ၿပီး ” ကြၽန္မက သူနာျပဳ ၊ ၿပီးေတာ့ရွင္က မီးသတ္သမား ၊ အဲ့ေၾကာင့္ကြၽန္မတို႔မွာ အခ်ိန္ပိုေနတာမ်ိဳးမရွိဘူး ။ ရွင္လည္း Hefeiၿမိဳ႕ကိုလာၿပီး ကြၽန္မနဲ႔လက္ထပ္ဖို႔ အခ်ိန္မရွိဘူး ။ အဲ့ေၾကာင့္ ကြၽန္မရွင့္ကိုလက္ထပ္ဖို႔ Yancheng ၿမိဳ႕ကိုေရာက္လာခဲ့တာ ။ ဒီေန႔ပဲ လက္ထပ္လိုက္ၾကရေအာင္ ” ဆိုၿပီးေျပာဆိုခဲ့ပါတယ္ ။

Jiang Wei ဟာ သူ၏သတို႔သမီးရဲ႕ ရင္ကိုလႈပ္ရွားေစခဲ့တဲ့အျပဳအမႈမ်ိဳးကိုျမင္ေတြ႕လိုက္ရခ်ိန္မွာေတာ့ မ်က္ရည္က်လ်က္ျဖင့္ဒူးေထာက္ကာ ” ငါ့ကိုလက္ထပ္မွာလား ” ဆိုၿပီး သတို႔သမီးေလာင္းခ်စ္သူကိုလက္ထပ္ခြင့္ျပန္လည္ေတာင္းဆိုခဲ့ပါေတာ့တယ္ ။ သတို႔သမီးေလာင္းဟာ Jiang Wei နဲ႔လက္ထပ္ခြင့္ရဖို႔ခရီးႏွင္လာခဲ့ရတာျဖစ္တဲ့အတြက္ ခ်က္ခ်င္းကို လက္ထပ္ဖို႔သေဘာတူခဲ့ပါတယ္ ။

အျခားတစ္ဖက္မွာလည္း အဆိုပါခ်စ္ဖို႔ေကာင္းလြန္းလွတဲ့အခိုက္အတန႔္ေလးကို ေတြ႕ရွိခဲ့ၾကသူမ်ားကေတာ့ ဖုန္မ်ားထုတ္ကာ အမိအရမွတ္တမ္း Video မ်ားရယူႏိုင္ခဲ့ၾကပါတယ္ ။ အဆိုပါစုံတြဲေလးရဲ႕ ႐ိုးရွင္းလြန္းလွတဲ့မဂၤလာပြဲေလးကို Jiang Wei ၏လုပ္ေဖာ္ကိုင္ဖက္မ်ားက မီးသတ္တပ္ဖြဲ႕စခန္းထဲတြင္ပင္ စီစဥ္က်င္းပေပးခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)