အခုတစ်ခေါက်ဖော်ပြပေးမှာက ပရိသတ်တို့ အသည်းစွဲကြိုက်နှစ်သက်ခဲ့တဲ့ ကွယ်လွန်သွားတဲ့ သရုပ်ဆောင်တွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။
ကွယ်လွန်သွားတဲ့သရုပ်ဆောင်တွေရဲ့ ဇာတ်ကားတွေက သူတို့သေပြီး နှစ်ပေါင်းများစွာကြာတဲ့အခါမှ ထွက်ရှိ လာတဲ့အခါ ပရိသတ်အကြိုက်ဆုံး၊ အောင်မြင်ဆုံးဇာတ်ကားတွေ အဖြစ်လည်း သရဖူဆောင်းခဲ့ပါတယ်။

အနုပညာရှင်တွေဆိုတာဟာ ပရိသတ်တွေအတွက်တော့ စံထားရတဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်။ ဒါကြောင့် လည်း တချို့သော အနုပညာရှင်တွေဟာ ကြွေလွင့်သွားခဲ့ပြီဖြစ်ပေမယ့် ပရိသတ်တွေရဲ့ ရင်ထဲမှာတော့ အမှတ်တရပေါင်းများစွာနှင့် ကျန်ရစ်နေဆဲဖြစ်ပါတယ်။
တစ်ခါတလေမှာလည်း တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို လွမ်းနေသူပရိသတ်တွေအတွက် ရည်ရွယ်ထားလားအောက်မေ့ရအောင် သူတို့ရဲ့ ရုပ်ရှင်အသစ်တွေက ထွက်ရှိ လာပြန်ပါသေးတယ်။
မသေဆုံးခင်က ရိုက်ကူးခဲ့တာတွေဖြစ်ပေမယ့်လည်း သေဆုံးပြီးမှ ထွက်ရှိလာခဲ့တဲ့ အတွက် အလွမ်းပြေစေသလို တသသလည်း ဖြစ်စေခဲ့ပါတယ်။
ဒီတော့ ဘယ်အနုပညာရှင်တွေ ပါဝင်နေမလဲ ဆိုတာ ဆက်လက်ဖတ်ရှုပေးပါဦးနော်။
(၁) ဘရုစ်လီ 1940-1973 (Bruce Lee)

သရုပ်ဆောင် ဘရုစ်လီဟာ 1973 ခုနှစ်မှာ ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။ Game of death လို့ အမည်ရ တဲ့ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကတော့ 1978 ခုနှစ်(ဘရုစ်လီသေဆုံးပြီး ၅နှစ်အကြာ)မှာ မှ ထွက်ရှိလာခဲ့ပါတယ်။ Game Of Death ကို ဘရုစ်လီ မသေဆုံးခင် အချိန်ပိုင်းလောက်ကမှ ရိုက်ကူးထားခဲ့ တာဖြစ်ပါတယ်။

ထုတ်လုပ်သူတွေက ဘရုစ်လီသေဆုံးပြီးနောက် ရုပ်ရှင်ကို ချက်ချင်း မထုတ်လွှင့်ဘဲ ၅နှစ် အကြာမှာမှ ထုတ်လွှင့်ဖို့အတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။ ရုပ်ရှင်ထဲမှာဆို ဘရုစ်လီရဲ့ စတန့်ခန်းတွေကို နည်းပညာ အသုံးပြုပြီး ဖန်တီးခဲ့တာကြောင့် ဘရုစ်လီရဲ့ မျက်နှာနှင့် ခန္ဓာကိုယ်က မအပ်စပ်တာကိုလည်း သတိထားရင် တွေ့နိုင်ပါတယ်။ ဒါပေမယ့်လူကြိုက်များခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။
(၂) ပီတာဆဲလ်လာ 1925-1980 (Peter Sellers)

ဗြိတိန်သရုပ်ဆောင်ဖြစ်တဲ့ ပီတာဆဲလ်လာဟာ Pink Panther ရုပ်ရှင်စီးရီးများထဲမှာ စုံထောက် ကလော့ရှာ ဇာတ်ကောင်ဖြင့် နာမည်ကျော်ကြားပါတယ်။ စီးရီးသစ်ဖြစ်တဲ့ Trail of the Pink Panther ကို ရိုက်ကူးဖို့ပြင် ဆင်ခဲ့ကြပြီး ရိုက်ကူးရေးမစခင် အချိန်လေးမှာတင် ပီတာဆဲလ်လာတစ်ယောက် ဆုံးပါးသွားခဲ့ရပါတယ်။

ထုတ်လုပ်သူတွေလည်း အကျပ်ရိုက်ခဲ့ရပေမယ့် နည်းပညာအကူအညီနှင့် အရင်စီးရီးများမှ ရိုက်ကူးခဲ့တဲ့ ပုံရိပ်များကို ဖြတ်ညှပ်ဆက်များပြုလုပ်ပြီး စီးရီးကို 1982 ခုနှစ်မှာမှ ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဒီစီးရီးကို ပီတာ တစ်ယောက်တကယ် မရိုက်ကူးခဲ့ရပေမယ့် သေဆုံးပြီး ၂နှစ်အကြာမှာတော့ ပရိသတ်ရှေ့ ပြန်လည်ထွက် ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ပီတာရဲ့ ဇနီးဟောင်းက ထုတ်လုပ်သူတွေကို တရားစွဲခဲ့ပြီး ဒေါ်လာ ၁သန်းကိုလျော်ကြေးအနေနဲ့ ရခဲ့ပါတယ်။
(၃) ဘရမ်ဒန်လီ 1965-1993 (Brandon Lee)

ဘရုစ်လီရဲ့ သားဖြစ်သူ ဘရမ်ဒန်လီဟာ The Crow ဇာတ်ကားရိုက်ကွင်းမှာ မတော်တဆမှုနှင့် ကြုံတွေ့ခဲ့ရပြီး ၂၈နှစ်အရွယ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ ရိုက်ကူးနေရင်း မတော်တဆ သေနတ်မှန်ရာမှ ဆေးရုံမှာတက် ရောက် ကုသရင်း သေဆုံးခဲ့ရတာပါ။

ရုပ်ရှင်ကို ရိုက်ကူးနေရင်း သေဆုံးသွားခဲ့ရတာကြောင့် ထုတ်လုပ်သူ တွေက နည်းပညာအကူအညီကိုယူပြီး ဆက်လက်ရိုက်ကူးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘရမ်ဒန်လီသေဆုံးပြီး တစ်နှစ်အကြာမှာ ရုပ်ရှင်ထွက်ရှိလာခဲ့ပါတယ်။ ရောင်းအားအကောင်းဆုံး ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ခဲ့ပြီး ဘရမ်ဒန်လီဟာ အဲဒီဇာတ်ကားကြောင့် သေဆုံးပြီးမှ ပိုလူသိများထင်ရှားသူတစ်ဦး ဖြစ်ခဲ့ပါတယ်။
(၄) အိုလီဗာရိဒ် 1938-1999 (Oliver Reed)

Gradiatorရဲ့ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ အိုလီဗာရိဒ်ဟာ ရုပ်ရှင်ရိုက်ကူးရေးမစခင် သုံးပတ်အလိုမှာ နှလုံးရော ဂါကြောင့် သေဆုံးသွားခဲ့ရပါတယ်။ တခြား သရုပ်ဆောင်ကို အစားထိုးရိုက်ကူးခဲ့ပေမယ့် နည်းပညာရဲ့ အကူအညီကို ရယူပြီး အိုလီဗာကိုယ်တိုင် သရုပ်ဆောင်ထားသလို ဖန်တီးခဲ့ကြပါတယ်။

ရုပ်ရှင်ဇာတ်ကားကတော့ အိုလီဗာ သေဆုံးပြီးတစ်နှစ်အကြာမှာ ထွက်ရှိခဲ့ပါတယ်။ ဇာတ်ကားဟာ ရိဒ်ကိုယ်တိုင် သရုပ်ဆောင်ခဲ့တာမျိုး မဟုတ်ပေမယ့် အဲဒီဇာတ်ကားမှာ ပြောခဲ့တဲ့ စကားကလည်း အပြင်မှာ ပေါက်သွားခဲ့တာပဲ ဖြစ်ပါတယ်။
(၅) လော့ရန့်အိုလီဗာ 1907-1989 ( Laurence Olivier)

Sky Captain and the World of Tomorrow ရဲ့ ဒါရိုက်တာဖြစ်တဲ့ ကယ်ရီကော်နန်ဟာ သူရဲ့ရုပ်ရှင်အတွက် အကြံကောင်းတစ်ခုရရှိခဲ့ပါတယ်။ ဇာတ်ကားရဲ့ အဓိက ဗီလိန်ဖြစ်သူနေရာမှာ သရုပ်ဆောင်ကောင်းတစ်ဦးကို ထည့်သွင်းချင်တာကြောင့် လောရန့်စ့်အိုလီဗာရဲ့ မျက်နှာကို အသုံးပြုခဲ့ပါတယ်။

ထိုအချိန်မှာတော့ လောရန့်စ်ဟာ သေဆုံးပြီးသူတစ်ယောက် ဖြစ်နေပါပြီ။သူတို့ဟာ ၁၉၈၉ခုနှစ်က ကွယ်လွန်ခဲ့တဲ့ လောရန့်ရဲ့ မျက်နှာပုံကိုရဖို့အတွက် သတင်းစာ၊ မဂ္ဂဇင်းတိုက်က ပုံ တွေကို ရယူခဲ့တာဖြစ်ပြီး အသံကတော့ အစားထိုးသရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။
(၆) မာလွန်ဘရန်ဒို 1924-2004 (Marlon Brando)

၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Superman Returns မှာ မာလွန်က စူပါမန်းရဲ့ ဖခင်ဖြစ်သူနေရာကနေ ပါဝင်လာ ခဲ့ပါတယ်။ သူက 1978ခုနှစ်က ထွက်ရှိခဲ့တဲ့ စူပါမန်းမှာလည်း ဖခင်အနေနှင့်ပါဝင်ခဲ့တာကြောင့် မာလွန်သေ ဆုံးခဲ့ပြီးဖြစ်ပါစေ သူနဲ့ပဲဆက်လက်ရိုက်ကူးဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။

မာလွန်ရဲ့ မျက်နှာကို ကွန်ပျူတာမော် ဒယ်လ် နှင့် ပေါင်းစပ်ဖန်တီးခဲ့ကြပါတယ်။ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ မဖြစ်နိုင်တဲ့အရာဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပြီလည်း ဖြစ်ပါတယ်။
(၇) ဟိထ်လဲဂျာ 1979-2008(Heath Ledger)

ဟိထ်ရဲ့ နောက်ဆုံးရိုက်ကူးရေးဖြစ်ခဲ့ပြီး မပြီးဆုံးခဲ့တဲ့ ရိုက်ကူးရေးကတော့ The Imaginarium of Doctor Parnassu ပဲဖြစ်ပါတယ်။ ရုတ်တရက် သေဆုံးသွားတာကြောင့် ရုပ်ရှင်က တစ်ဝက်တစ်ပျက်ဖြစ်ခဲ့ပါတယ်။

ထုတ်လုပ်သူတွေအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့ပြီး အစကနေ ပြန်ရိုက်ကူးမလား၊ နည်းပညာ အကူအညီရယူ မလားဆိုတာ အကျပ်ရိုက်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ရုပ်ရှင်ဇာတ်ညွှန်းကိုပဲ ပြောင်းခဲ့ကြပြီး ဟိထ်ကနေတစ်ဆင့် ဇာတ်ကောင်အမျိုးမျိုး ပြောင်းလဲသွားတဲ့ ဇာတ်လမ်းကိုပဲ ရိုက်ကူးခဲ့ပါတယ်။
(၈) အော်ဒရီ ဟပ်ဘန် 1929-1993 (Audrey Hepburn)

သူကတော့ ဇာတ်ကားတစ်ခုမဟုတ်ပဲ ချောကလက် ကြော်ငြာ တစ်ခုဖြစ်ပြီး အော်ဒရီသေဆုံးပြီး ၁၀စုနှစ်နီး ပါးကြာမှ ထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ အော်ဒရီအကြိုက်ဆုံး အစားအစာကြော်ငြာ ဖြစ်တာကြောင့် အော်ဒရီရဲ့ သားက ပြန်လည်ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒီလိုပြန်ရိုက်ကူးတာသိရင် အော်ဒရီတစ်ယောက် ပျော်ရွှင်မယ်လို့ ထင်တာကြောင့်လို့ ဆိုပါတယ်။ အော်ဒရီနဲ့ ရုပ်ရည်သွင်ပြင် တူတဲ့သူတစ်ဦးကို ရှာဖွေခဲ့ပြီး အော်ဒရီရဲ့ မူလရိုက်ကူးခဲ့တဲ့ ရုပ်ကတ်တွေကို နည်းပညာအကူအညီနဲ့ တည်းဖြတ်ခဲ့တာဖြစ်ပါတယ်။
(၉) ဂန္တဝင်သရုပ်ဆောင်များပြန်လည်ပါဝင်ခဲ့တဲ့ Dior ကြော်ငြာ( Iconic actresses in a Dior ad)

၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Dior ရဲ့ကြော်ညာထဲမှာ သေဆုံးပြီးဖြစ်ခဲ့တဲ့ ဂန္တဝင်မင်းသမီးတွေဖြစ်ကြတဲ့ ဂရေစ့် ကယ်လီ၊ မာလင်ဒိုင်းရစ်ချ်၊ မာရီလင်မွန်ရိုး တို့ကလည်း ပြန်လည်ပါဝင်လာခဲ့ပါတယ်။

နည်းပညာကို အသုံးပြုကာ ပြန်လည်ပြုပြင်ခဲ့တဲ့ ဗီဒီယိုဖြစ်ပေမယ့် ပရိသတ်တွေအတွက်တော့ အလွမ်းပြေခဲ့ရပါတယ်။
(၁၀) ပေါလ်ဝေါ့ကာ 1973-2013 (Paul Walker)

Furious 7 ရိုက်ကူးရေးမပြီးခင်မှာပဲ ပေါလ်ဝေါ့ကာက ပြင်းထန်တဲ့ ယာဉ်တိုက်မှုနဲ့ သေဆုံးသွားခဲ့ရပါတယ်။ ဒါကြောင့်လည်း ရုပ်ရှင်က ထွက်ရှိဖို့ ခန့်မှန်းထားတဲ့ ရက်ထပ် ပိုပြီးနောက်ကျကာ 2015ခုနှစ်မှသာ ထွက်ရှိလာခဲ့ ပါတယ်။

ပေါလ်သေဆုံးသွားတာကြောင့် ဇာတ်ဝင်ခန်းတွေကို ဖျက်ပြစ်ရမလား၊ အခက်တွေ့နေစဉ်မှာပဲ ပေါလ် ရဲ့ ညီနဲ့ အကိုဖြစ်သူ နှစ်ဦးလုံးက ဇာတ်ဝင်ခန်းအသစ်တွေ ရိုက်ကူးရေးအတွက် အစားထိုးသရုပ်ဆောင် ပေးခဲ့ပါတယ်။ ရလဒ်အနေနဲ့ကတော့ Furious 7 ဇာတ်ကားဟာ အမြတ်အစွန်းအများးဆုံး ရုပ်ရှင်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။
(၁၁) ပီတာ ကူရှင်း 1913-1994 (Peter Cushing)

ဒစ်စနေးက အသစ်ပြန်ထွက်ခဲ့တဲ့ Star Wars ဟာပရိသတ်များစွာရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ်။ နည်းပညာ တိုးတက်လာတာနှင့်အမျှ ရုပ်ရှင်ကားကို လိုအပ်သလို ရိုက်ကူးနိုင်ခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ Rogue One နေရာမှာ သရုပ်ဆောင်ဖို့အတွက် အစားထိုးသရုပ်ဆောင်တွေ မလိုအပ်ခဲ့ဘဲ သေဆုံးပြီးဖြစ်တဲ့ ပီတာကိုပဲ လိုအပ်သလို နည်းပညာနဲ့ ပုံဖော်သွားနိုင်ခဲ့လို့ပါပဲ။

အစားထိုးသရုပ်ဆောင်မသုံးပဲ ပီတာကူရှင်းကိုပဲ ဆက်သုံးမယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ လူပေါင်းများစွာက စိတ်လှုပ်ရှားခဲ့တယ်လို့ ဒါရိုက်တာအက်ဒဝပ်က ဝန်ခံပြောကြားခဲ့ပါတယ်။ တကယ်တမ်းထွက်လာတဲ့အခါမှာလည်း ရလဒ်က မျှော်လင့်ထားတာထက် သာလွန်ခဲ့ပါတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အခုဖော်ပြပေးသွားတာတွေကတော့ ကွယ်လွန်ပြီး နှစ်ပေါင်းများစွာကြာမှ ဖန်သားပြင်ပေါ်မှာပြန်လည်ပေါ်လာ ပြီး ပရိသတ်တွေကို အလွမ်ပြေစေခဲ့တဲ့သူတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တို့ရော ဘယ်သရုပ်ဆောင်ရဲ့ ဇာတ်လမ်းကို ကြိုက်သလဲဆိုတာ ဝေမျှပေးသွားလို့ ရပါတယ်နော်။ အားလုံးပဲ စိတ်ချမ်းသာ ပျော်ရွှင်ပါစေ။
Credit-Shwenyanshin