Local News

ဆန္ဒပြပွဲများကို ပစ်ခတ်ဖြိုခွင်းခဲ့သူ ဒုရဲမှူးဝင်းသန်း ကိုဗစ်ရောဂါဖြင့် သေ

တောင်ငူတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းများကို ပစ်ခတ်ဖြိုခွင်းခဲ့သည် တောင်ငူ အမှတ် ၂ နယ်မြေရဲစခန်း စခန်းမှူး၊

ဒုရဲမှူးဝင်းသန်းသည် သြဂုတ်လ ၁၄ ရက် ယမန်နေ့ည ၆ နာရီခွဲခန့်တွင် အောက်စီဂျင်ပြတ်တောက်ကာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

တောင်ငူရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းများကို ရဲစခန်းတွင်းမှနေ၍ သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းရန် ဒုရဲမှူးဝင်းသန်းမှ စေခိုင်းခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။




အဆိုပါ ဒုရဲမှူးဝင်းသန်းသည် အမှတ် ၂ နယ်မြေရဲစခန်းမှူး တာဝန်အား ၇ လခန့်ထမ်းဆောင်ပြီး ရဲအုပ်အဆင့်မှ ဒုရဲမှူးအဖြစ် ရာထူးတိုးထားသူလည်း ဖြစ်သည်။

ကိုဗစ်ရောဂါဖြင့် ၎င်း၏ဇနီးဖြစ်သူ သေဆုံးပြီး တစ်ပတ်ခန့်အကြာတွင် ဒုရဲမှူးဝင်းသန်းပါအောက်စီဂျင်ပြတ်ပြီး အသက်ရှူကြပ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု တောင်ငူရဲစခန်း အသိုင်းအဝိုင်းထံမှ သိရသည်။




ဓါတ်ပုံ – မတ်လ ၁၈ ရက်နေ့တွင် ဆန္ဒပြပြည်သူများအား တောင်ငူရဲစခန်းအတွင်းမှ အရပ်ဝတ်များဖြင့် ပစ်ခတ်ဖြိုခွင်းနေစဉ်

————–

ေတာင္ငူတြင္ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပသပိတ္စစ္ေၾကာင္းမ်ားကို ပစ္ခတ္ၿဖိဳခြင္းခဲ့သည္ ေတာင္ငူ အမွတ္ ၂ နယ္ေျမရဲစခန္း စခန္းမႉး၊

ဒုရဲမႉးဝင္းသန္းသည္ ၾသဂုတ္လ ၁၄ ရက္ ယမန္ေန႔ည ၆ နာရီခြဲခန႔္တြင္ ေအာက္စီဂ်င္ျပတ္ေတာက္ကာ ေသဆုံးသြားခဲ့ေၾကာင္း သတင္းရရွိသည္။




ေတာင္ငူရွိ စစ္အာဏာရွင္ဆန႔္က်င္ေရးသပိတ္စစ္ေၾကာင္းမ်ားကို ရဲစခန္းတြင္းမွေန၍ ေသနတ္ျဖင့္ ပစ္ခတ္ၿဖိဳခြင္းရန္ ဒုရဲမႉးဝင္းသန္းမွ ေစခိုင္းခဲ့သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

အဆိုပါ ဒုရဲမႉးဝင္းသန္းသည္ အမွတ္ ၂ နယ္ေျမရဲစခန္းမႉး တာဝန္အား ၇ လခန႔္ထမ္းေဆာင္ၿပီး ရဲအုပ္အဆင့္မွ ဒုရဲမႉးအျဖစ္ ရာထူးတိုးထားသူလည္း ျဖစ္သည္။

ကိုဗစ္ေရာဂါျဖင့္ ၎၏ဇနီးျဖစ္သူ ေသဆုံးၿပီး တစ္ပတ္ခန႔္အၾကာတြင္ ဒုရဲမႉးဝင္းသန္းပါေအာက္စီဂ်င္ျပတ္ၿပီး အသက္ရႉၾကပ္ေသဆုံးခဲ့ျခင္းျဖစ္သည္ဟု ေတာင္ငူရဲစခန္း အသိုင္းအဝိုင္းထံမွ သိရသည္။




ဓါတ္ပုံ – မတ္လ ၁၈ ရက္ေန႔တြင္ ဆႏၵျပျပည္သူမ်ားအား ေတာင္ငူရဲစခန္းအတြင္းမွ အရပ္ဝတ္မ်ားျဖင့္ ပစ္ခတ္ၿဖိဳခြင္းေနစဥ္