Local News

သက်ကြီးရွယ်အိုများနဲ့ ကလေးများကို လူငယ်ပြန်ဝန်ကြီးက ကျပ်သိန်း ၆၀၀၀ ကျော်ထောက်ပံ့

သက်ကြီးရွယ်အိုများနဲ့ ကလေးများကို လူငယ်ပြန်ဝန်ကြီးက ကျပ်သိန်း ၆၀၀၀ ကျော်ထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မွေးဖွားသော အသက် ၂ နှစ်အောက်ကလေးများ၊ အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အိုများကို လူကယ်ပြန်ဝန်ကြီးဌာနမှ ကျပ်သန်း ၆၀၀၀ ကျော်ကို ထောက်ပံ့လိုက်ပါတယ်။

အဆိုပါ ထောက်ပံ့ငွေကို သြဂုတ်လ ၁၃ ရက်နေ့က ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် (MCCT) အရ လူမှုရေးပင်စင်အစီအစဉ်များ အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ လူကယ်ပြန်ဝန် ကြီးဌာနက ထောက်ပံ့ပေးခဲ့တာလည်း ဖြစ်ပါတယ်။




အစည်းအဝေးတွင် လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုဝန်ကြီး ဦးမောင်မောင်သန်း၊

လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သြဂုတ် ၁၃ ရက် နံနက်ပိုင်းတွင် Online စနစ်ဖြင့် ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မွေးဖွားသော အသက် ၂ နှစ်အောက် ကလေး စုစုပေါင်း ၁ သိန်းကျော်၊




အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အို လူဦးရေ ၃ သောင်းကျော်အတွက် စုစု ပေါင်း ကျပ်သန်း ၆၀၀၀ ကျော် ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်။

Source People Media

———–

သက္ႀကီး႐ြယ္အိုမ်ားနဲ႔ ကေလးမ်ားကို လူငယ္ျပန္ဝန္ႀကီးက က်ပ္သိန္း ၆၀၀၀ ေက်ာ္ေထာက္ပံ့

ဧရာဝတီတိုင္းေဒသႀကီး၌ ကိုယ္ဝန္ေဆာင္မိခင္မ်ားႏွင့္ ၎တို႔ေမြးဖြားေသာ အသက္ ၂ ႏွစ္ေအာက္ကေလးမ်ား၊ အသက္ ၈၅ ႏွစ္အထက္ သက္ႀကီး႐ြယ္အိုမ်ားကို လူကယ္ျပန္ဝန္ႀကီးဌာနမွ က်ပ္သန္း ၆၀၀၀ ေက်ာ္ကို ေထာက္ပံ့လိုက္ပါတယ္။




အဆိုပါ ေထာက္ပံ့ေငြကို ၾသဂုတ္လ ၁၃ ရက္ေန႔က ေငြေၾကးအေထာက္အပံ့ေပးေရးအစီအစဥ္ (MCCT) အရ လူမႈေရးပင္စင္အစီအစဥ္မ်ား အေကာင္အထည္ေဖာ္ေရးဆိုင္ရာ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး၌ လူကယ္ျပန္ဝန္ ႀကီးဌာနက ေထာက္ပံ့ေပးခဲ့တာလည္း ျဖစ္ပါတယ္။

အစည္းအေဝးတြင္ လူကယ္ျပန္ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္သက္ခိုင္၊ ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ လူမႈဝန္ႀကီး ဦးေမာင္ေမာင္သန္း၊




လူမႈဝန္ထမ္းဦးစီးဌာန ၫႊန္ၾကား ေရးမႉးခ်ဳပ္၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႕အတြင္းေရးမႉးႏွင့္ တာဝန္ရွိသူမ်ားက ၾသဂုတ္ ၁၃ ရက္ နံနက္ပိုင္းတြင္ Online စနစ္ျဖင့္ ေဆြးေႏြးခဲ့ၾကျခင္း ျဖစ္ပါတယ္။

ဧရာဝတီတိုင္းေဒသႀကီးရွိ ကိုယ္ဝန္ေဆာင္မိခင္မ်ားႏွင့္ ၎တို႔ေမြးဖြားေသာ အသက္ ၂ ႏွစ္ေအာက္ ကေလး စုစုေပါင္း ၁ သိန္းေက်ာ္၊

အသက္ ၈၅ ႏွစ္အထက္ သက္ႀကီး႐ြယ္အို လူဦးေရ ၃ ေသာင္းေက်ာ္အတြက္ စုစု ေပါင္း က်ပ္သန္း ၆၀၀၀ ေက်ာ္ ေထာက္ပံ့ေပးျခင္း ျဖစ္ပါတယ္။

Source People Media