Local News

လူစည်ကားတဲ့လမ်းမကြီးတစ်နေရာရဲ့အပေါ်ကနေ ငွေစက္ကူများဖြင့် ငွေမိုးများရွာသွန်းစေကာ လူအများကို စပရိုက်လုပ်ခဲ့တဲ့ Lamborghini ကားမောင်းတဲ့အမျိုးသား(ရုပ်သံ)

မကြာသေးခင်က Lamborghini ကားစီးနင်းလာတဲ့လူငယ်တစ်ဦးဟာ ဟောင်ကောင်မြို့တစ်နေရာ၌ “ ကောင်းကင်မှငွေများကိုဖြန့်ကျဲစေခြင်း”ဖြင့် social media ပေါ်မှာ ဂယက်ထသွားစေခဲ့ပြီး ၎င်းနေရာရှိလူများစွာတို့ဟာ ကိုယ်တတ်နိုင်သမျှ ငွေစက္ကူများကို ဖမ်းကာကောက်ယူကြရင်း ပျော်ရွှင်နေခဲ့ကြပါတယ်။အဆိုပါ Lamborghini ကားမှလူငယ်ဟာ ဟောင်ကောင်မြို့ Sham Shui Po ရပ်ကွက် Fuk Wa လမ်းသို့ ရောက်ရှိလာပြီးနောက်မှာ ၎င်းအဖြစ်အပျက်ဟာ စတင်လာခဲ့ပါတယ်။ထိုအချိန်မှာ ၎င်းလမ်းမမှာ လူစည်ကားနေခဲ့သော်လည်း အဆိုပါလူငယ်ဟာ စတင် ဗီဒီယိုရိုက်ကူးပြီး သူ့ရဲ့viewer များအား “ ဒီနေ့က ကုန်သွယ်ရေးပြိုင်ပွဲကို ကြေငြာခဲ့တဲ့ FCC ရဲ့နေ့ထူးနေ့မြတ်ပါ၊ ဒီနေရာက လူတိုင်းက ဒီအရေးကြီးတဲ့ပွဲစဉ်ကိုအာရုံစိုက်မိလိမ့်မယ်လို့မျှော်လင့်ပါတယ် ၊ကျွန်တော်အပါအဝင် ဘယ်သူကမှကောင်းကင်ကနေ ငွေတွေကျလာနိုင်တယ်ဆိုတာကိုယုံကြမယ်လိမ့်မယ်မထင်ပါဘူး ” ဟု ပြောနေခဲ့ပါတယ်။


ထို့နောက် သူစကားပြောပြီးသည်နဲ့တစ်ဆက်တည်းဖြင့် ကင်မရာက ကောင်းကင်ပေါ်မှပြန့်ကျဲကာ ကျလာတဲ့ သို့မဟုတ် ၎င်းနေရာရှိအထပ်မြင့်အဆောက်အဦတစ်လုံးရဲ့ထိပ်ဆုံးရှိတိုက်ခန်းရဲ့ဝရံတာမှကျလာတဲ့ငွေစက္ကူများကို ရိုက်ပြခဲ့ပါတယ်။ငွေစက္ကူများဟာ လေတိုက်တော့ နေရာအနှံ့ပြန်ကျဲကာ မြေပြင်ပေါ်သို့ကျလာသည်နှင့်အမျှ အံ့ဩနေကြတဲ့လူများစွာတို့ဟာ ၎င်းငွေစက္ကူရွက်များကို စတင်လိုက်လံကောက်ယူစုဆောင်းနေခဲ့ကြပါတယ်။၎င်းဖြစ်ရပ်ဟာ မကြာမီမှာဘဲ လူရှုပ်သောလမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုတို့ကို ဖြစ်ပေါ်လာစေနိုင်ပေမဲ့လည်း လူတို့ဟာ တတ်နိုင်သလောက်ငွေများကို ကောက်ရန်စိတ်အားထက်သန်လျက်ရှိနေခဲ့ကြပါတယ်။လူများစွာဟာ ကောင်းကင်မှငွေမိုးများရွာသွန်းခြင်းနှင့်အတူပျော်ရွှင်နေသော်လည်း ၎င်း“ ငွေမိုး” က ငွေများဖမ်းယူရန် လူများစွာအား လမ်းမအလယ်သို့ရောက်သွားစေပြီး ယာဉ်ကြောပိတ်ဆို့မှုဖြစ်စေခဲ့တာကြောင့် ၎င်းဖြစ်ရပ်ဟာ ရဲများအတွက်တော့ ပျော်စရာမကောင်းနေခဲ့ပါဘူး။


ရဲတပ်ဖွဲ့က လူသိများထင်ရှားသွားတဲ့၎င်းစတန့်အား “ Coin Young Master” ဟုလူသိများတဲ့ Wong Ching-kit ကလုပ်ခဲ့မှန်းကို ခြေရာခံမိသွားခဲ့ကြပါတယ်။သူ့ကို cryptocurrency ကို promote လုပ်ပေးနေတဲ့ Epoch Cryptocurrency ရဲ့ Facebook page ရဲ့ပိုင်ရှင်ဖြစ်ကြောင်းကို သိခဲ့ကြပါတယ်။၎င်းစတန့်ကြောင့် အဆိုပါလူငယ်ဟာ ဥပဒေနှင့်ညှိကာ ဒုက္ခရောက်နိုင်သလို ဟောင်ကောင်ဒေါ်လာ ၅၀၀၀ (ဒေါ်လာ ၆၄၀ ) အထိသာမက ထောင်ဒဏ် ၁၂ လအထိပါ ကျခံရနိုင်ပါတယ်။ဘာကြောင့်အဲ့လိုလုပ်တာလဲလို့ ရဲများက မေးမြန်းတဲ့အခါ “ငါ့ကိုအပြစ်မတင်ပါနဲ့ ၊ ဘာကြောင့်ငွေတွေက ကောင်းကင်ကနေကျဆင်းသွားတာလဲဆိုကို ငါလည်းမသိခဲ့ရဘူး”ဟု အဆိုပါလူငယ်က ပုခုံးတွန့်ပြီး ပြန်ဖြေခဲ့ပါတယ်။ရဲများကလည်း ၎င်းဆင်ခြေကို ယုံမှာမဟုတ်ပါဘူး။ထို့ကြောင့် ၎င်းတို့က အဆိုပါဖြစ်ရပ်ကို ဆက်လက်ကာစုံစမ်းနေလျက်ရှိပါတယ်။


Mia (KBdailynews)


Reference : ofwtambayan


Zawgyi


မၾကာေသးခင္က Lamborghini ကားစီးနင္းလာတဲ့လူငယ္တစ္ဦးဟာ ေဟာင္ေကာင္ၿမိဳ႕တစ္ေနရာ၌ “ ေကာင္းကင္မွေငြမ်ားကိုျဖန္႔က်ဲေစျခင္း”ျဖင့္ social media ေပၚမွာ ဂယက္ထသြားေစခဲ့ၿပီး ၎ေနရာရွိလူမ်ားစြာတို႔ဟာ ကိုယ္တတ္ႏိုင္သမွ် ေငြစကၠဴမ်ားကို ဖမ္းကာေကာက္ယူၾကရင္း ေပ်ာ္႐ႊင္ေနခဲ့ၾကပါတယ္။အဆိုပါ Lamborghini ကားမွလူငယ္ဟာ ေဟာင္ေကာင္ၿမိဳ႕ Sham Shui Po ရပ္ကြက္ Fuk Wa လမ္းသို႔ ေရာက္ရွိလာၿပီးေနာက္မွာ ၎အျဖစ္အပ်က္ဟာ စတင္လာခဲ့ပါတယ္။ထိုအခ်ိန္မွာ ၎လမ္းမမွာ လူစည္ကားေနခဲ့ေသာ္လည္း အဆိုပါလူငယ္ဟာ စတင္ ဗီဒီယို႐ိုက္ကူးၿပီး သူ႔ရဲ႕viewer မ်ားအား “ ဒီေန႔က ကုန္သြယ္ေရးၿပိဳင္ပြဲကို ေၾကျငာခဲ့တဲ့ FCC ရဲ႕ေန႔ထူးေန႔ျမတ္ပါ၊ ဒီေနရာက လူတိုင္းက ဒီအေရးႀကီးတဲ့ပြဲစဥ္ကိုအာ႐ုံစိုက္မိလိမ့္မယ္လို႔ေမွ်ာ္လင့္ပါတယ္ ၊ကြၽန္ေတာ္အပါအဝင္ ဘယ္သူကမွေကာင္းကင္ကေန ေငြေတြက်လာႏိုင္တယ္ဆိုတာကိုယုံၾကမယ္လိမ့္မယ္မထင္ပါဘူး ” ဟု ေျပာေနခဲ့ပါတယ္။

ထို႔ေနာက္ သူစကားေျပာၿပီးသည္နဲ႔တစ္ဆက္တည္းျဖင့္ ကင္မရာက ေကာင္းကင္ေပၚမွျပန္႔က်ဲကာ က်လာတဲ့ သို႔မဟုတ္ ၎ေနရာရွိအထပ္ျမင့္အေဆာက္အဦတစ္လုံးရဲ႕ထိပ္ဆုံးရွိတိုက္ခန္းရဲ႕ဝရံတာမွက်လာတဲ့ေငြစကၠဴမ်ားကို ႐ိုက္ျပခဲ့ပါတယ္။ေငြစကၠဴမ်ားဟာ ေလတိုက္ေတာ့ ေနရာအႏွံ႔ျပန္က်ဲကာ ေျမျပင္ေပၚသို႔က်လာသည္ႏွင့္အမွ် အံ့ဩေနၾကတဲ့လူမ်ားစြာတို႔ဟာ ၎ေငြစကၠဴ႐ြက္မ်ားကို စတင္လိုက္လံေကာက္ယူစုေဆာင္းေနခဲ့ၾကပါတယ္။၎ျဖစ္ရပ္ဟာ မၾကာမီမွာဘဲ လူရႈပ္ေသာလမ္းေပၚတြင္ ယာဥ္ေၾကာပိတ္ဆို႔မႈတို႔ကို ျဖစ္ေပၚလာေစႏိုင္ေပမဲ့လည္း လူတို႔ဟာ တတ္ႏိုင္သေလာက္ေငြမ်ားကို ေကာက္ရန္စိတ္အားထက္သန္လ်က္ရွိေနခဲ့ၾကပါတယ္။လူမ်ားစြာဟာ ေကာင္းကင္မွေငြမိုးမ်ား႐ြာသြန္းျခင္းႏွင့္အတူေပ်ာ္႐ႊင္ေနေသာ္လည္း ၎“ ေငြမိုး” က ေငြမ်ားဖမ္းယူရန္ လူမ်ားစြာအား လမ္းမအလယ္သို႔ေရာက္သြားေစၿပီး ယာဥ္ေၾကာပိတ္ဆို႔မႈျဖစ္ေစခဲ့တာေၾကာင့္ ၎ျဖစ္ရပ္ဟာ ရဲမ်ားအတြက္ေတာ့ ေပ်ာ္စရာမေကာင္းေနခဲ့ပါဘူး။


ရဲတပ္ဖြဲ႕က လူသိမ်ားထင္ရွားသြားတဲ့၎စတန႔္အား “ Coin Young Master” ဟုလူသိမ်ားတဲ့ Wong Ching-kit ကလုပ္ခဲ့မွန္းကို ေျခရာခံမိသြားခဲ့ၾကပါတယ္။သူ႔ကို cryptocurrency ကို promote လုပ္ေပးေနတဲ့ Epoch Cryptocurrency ရဲ႕ Facebook page ရဲ႕ပိုင္ရွင္ျဖစ္ေၾကာင္းကို သိခဲ့ၾကပါတယ္။၎စတန႔္ေၾကာင့္ အဆိုပါလူငယ္ဟာ ဥပေဒႏွင့္ညႇိကာ ဒုကၡေရာက္ႏိုင္သလို ေဟာင္ေကာင္ေဒၚလာ ၅၀၀၀ (ေဒၚလာ ၆၄၀ ) အထိသာမက ေထာင္ဒဏ္ ၁၂ လအထိပါ က်ခံရႏိုင္ပါတယ္။ဘာေၾကာင့္အဲ့လိုလုပ္တာလဲလို႔ ရဲမ်ားက ေမးျမန္းတဲ့အခါ “ငါ့ကိုအျပစ္မတင္ပါနဲ႔ ၊ ဘာေၾကာင့္ေငြေတြက ေကာင္းကင္ကေနက်ဆင္းသြားတာလဲဆိုကို ငါလည္းမသိခဲ့ရဘူး”ဟု အဆိုပါလူငယ္က ပုခုံးတြန္႔ၿပီး ျပန္ေျဖခဲ့ပါတယ္။ရဲမ်ားကလည္း ၎ဆင္ေျခကို ယုံမွာမဟုတ္ပါဘူး။ထို႔ေၾကာင့္ ၎တို႔က အဆိုပါျဖစ္ရပ္ကို ဆက္လက္ကာစုံစမ္းေနလ်က္ရွိပါတယ္။

Mia (KBdailynews)