“နွေဦးထီဆိုတာယူချင်လို့မဟုတ်ဘူးလှူချင်လို့ ရချင်လို့မဟုတ်ဘူးချချင်လို့ ” ဟု ပန်ဆယ်လို ပြော
အမျိုးသားညီညွတ်ရေး အစိုးရ NUG၏အောင်လံလွင့်ချီ နွေဦးထီ စတင်ရောင်းချသည့် ပထမရက်တွင်ပဲ တနာရီ အတွင် သတ်မှတ်အစောင်ရေ ကုန်အောင်ရောင်းချခဲ့ရသည်။ ယခု ဒုတိယနေ့အတွက် ထီရောင်းချိန် တိုးမြင့်သလို ထီစောင်ရေ တိုးမြင်မည် ဖြစ်ကြောင်းလည်း သိရသည်။
ထီပေါက်ရင် ဘယ်သူပေးမှာလဲ။ ရမှာလည်း မဟုတ်ဘူးဟု စစ်ကောင်စီဘက်က ပြောဆိုမှုများ ကို ပန်ဆယ်လိုမှ



“နွေဦးထီဆိုတာယူချင်လို့မဟုတ်ဘူးလှူချင်လို့ ရချင်လို့မဟုတ်ဘူးချချင်လို့ ” ဟု ပြန်လည်ပြောဆိုခဲ့တာပါ။
“”ဂေါင်းကြီးတို့ကို တစ်ခုအကြံပေးဦးမယ်။
နွေဦးထီက ဘယ်လောက်ရမလဲ၊ ဘယ်လိုလျော်မလဲတွေ တွက်ပြီး ခေါင်းစားနေကြမယ့်အစား…
စစ်တပ်က စစ်သားတစ်ယောက် တစ်နှစ်စာ ဘက်ဂျက် သိန်း၂၀၀ လောက်ယူထားပြီး တစ်လ သုံးသိန်းဝန်းကျင်ပဲ ပေးတော့ အဘတွေဘယ်လောက် ဝိုက်ထားလဲ ဆိုတာရယ် ၊သုံးသိန်းမပြည့်တဲ့အင်အားကို ငါးသိန်းဆိုပြီး ဘက်ဂျက်ယူတော့



တစ်ယောက်ကိုတစ်နှစ် သိန်းနှစ်ရာနဲ့ အယောက်နှစ်သိန်းစာ ဘယ်လောက်ဝိုက်လဲဆိုတာရယ်ခေါင်းချင်းဆိုင်တွက်ကြည့်ကြပါလား။ သင်္ချာလေး ဘာလေး လက်ရည်တက်လာတာပေါ့။
ကိုယ့်ရပ်ကွက်အကြောင်း ကိုယ်တွေးကြပါကွာ။””ဟုလည်း ပြောဆိုထားပါသည်။
သူမကိုစစ်ကောင်စီက FBIကို ဖမ်းဆီးပေးဖို့ အကူအညီတောင်းခံထားပေမယ့် အမေရိကန် FBIရုံးချုပ်ရှေ့မှာ လက်သုံးချောင်းထောင်၍ ခပ်ချေချေ ဓါတ်ပုံ တခု တင်ပြီး စစိကောင်စီကို သရော်ပြခဲ့သူလည်း ဖြစ်သည်။



————-
“ေႏြဦးထီဆိုတာယူခ်င္လို႔မဟုတ္ဘူးလႉခ်င္လို႔ ရခ်င္လို႔မဟုတ္ဘူးခ်ခ်င္လို႔ ” ဟု ပန္ဆယ္လို ေျပာ
အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG၏ေအာင္လံလြင့္ခ်ီ ေႏြဦးထီ စတင္ေရာင္းခ်သည့္ ပထမရက္တြင္ပဲ တနာရီ အတြင္ သတ္မွတ္အေစာင္ေရ ကုန္ေအာင္ေရာင္းခ်ခဲ့ရသည္။ ယခု ဒုတိယေန႔အတြက္ ထီေရာင္းခ်ိန္ တိုးျမင့္သလို ထီေစာင္ေရ တိုးျမင္မည္ ျဖစ္ေၾကာင္းလည္း သိရသည္။
ထီေပါက္ရင္ ဘယ္သူေပးမွာလဲ။ ရမွာလည္း မဟုတ္ဘူးဟု စစ္ေကာင္စီဘက္က ေျပာဆိုမႈမ်ား ကို ပန္ဆယ္လိုမွ
“ေႏြဦးထီဆိုတာယူခ်င္လို႔မဟုတ္ဘူးလႉခ်င္လို႔ ရခ်င္လို႔မဟုတ္ဘူးခ်ခ်င္လို႔ ” ဟု ျပန္လည္ေျပာဆိုခဲ့တာပါ။



“”ေဂါင္းႀကီးတို႔ကို တစ္ခုအႀကံေပးဦးမယ္။
ေႏြဦးထီက ဘယ္ေလာက္ရမလဲ၊ ဘယ္လိုေလ်ာ္မလဲေတြ တြက္ၿပီး ေခါင္းစားေနၾကမယ့္အစား…
စစ္တပ္က စစ္သားတစ္ေယာက္ တစ္ႏွစ္စာ ဘက္ဂ်က္ သိန္း၂၀၀ ေလာက္ယူထားၿပီး တစ္လ သုံးသိန္းဝန္းက်င္ပဲ ေပးေတာ့ အဘေတြဘယ္ေလာက္ ဝိုက္ထားလဲ ဆိုတာရယ္ ၊သုံးသိန္းမျပည့္တဲ့အင္အားကို ငါးသိန္းဆိုၿပီး ဘက္ဂ်က္ယူေတာ့
တစ္ေယာက္ကိုတစ္ႏွစ္ သိန္းႏွစ္ရာနဲ႔ အေယာက္ႏွစ္သိန္းစာ ဘယ္ေလာက္ဝိုက္လဲဆိုတာရယ္ေခါင္းခ်င္းဆိုင္တြက္ၾကည့္ၾကပါလား။ သခ်ၤာေလး ဘာေလး လက္ရည္တက္လာတာေပါ့။



ကိုယ့္ရပ္ကြက္အေၾကာင္း ကိုယ္ေတြးၾကပါကြာ။””ဟုလည္း ေျပာဆိုထားပါသည္။
သူမကိုစစ္ေကာင္စီက FBIကို ဖမ္းဆီးေပးဖို႔ အကူအညီေတာင္းခံထားေပမယ့္ အေမရိကန္ FBI႐ုံးခ်ဳပ္ေရွ႕မွာ လက္သုံးေခ်ာင္းေထာင္၍ ခပ္ေခ်ေခ် ဓါတ္ပုံ တခု တင္ၿပီး စစိေကာင္စီကို သေရာ္ျပခဲ့သူလည္း ျဖစ္သည္။
