

















Credit
သရုပ်ဆောင်ပိုင်တံခွန်နဲ့ရဲတိုက် တို့ကတော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကတစ်သားတည်းမားမားမတ်မတ်ရပ်တည်ပေးခဲ့ပါတယ်။လမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှယရဲရဲဝံ့ဝံ့အားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကဖြင့်မတရားအမှုဖွင့်ထားခြင်းခံရပြီးညီအစ်ကိုနှစ်ယောက်လုံမတရားအဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်၊ယနေ့ထက်ထိပြန်လည်လွှတ်မြောက်လာခြင်းမရှိသေးပါဘူးနော်။




မတရားအဖမ်းခံလိုက်ရတာကြောင့်မိသားစုများနဲ့ ပရိတ်သတ်များကစိုးရိမ်ပူပန်နေကြပါတယ်၊အခုတစ်ခါမှာဆိုရင်လဲရှေ့နေ့ကြီးတစ်ဦးကသရုပ်ဆောင်ပိုင်တံခွန် နှင့်ရဲတိုက်တို့၏လက်ရှိကျန်းမာရေးအခြေအနေကိုအခုလိုပြောကြားလာခဲ့ပါတယ်နော်။




ပိုင်တံခွန်တို့ရဲတိုက်တို့နဲ့ပတ်သက်လို့ကတော့အကျဉ်းထောင်တာဝန် ခံတွေနဲ့အဆက်မပြတ်မေးမြန်းချက်အရကျန်းမာရေးကောင်းမွန်တယ်လို့သိထားတယ်။ထိန်းသိမ်းခံထားရတဲ့သူတွေကလည်းသူတို့မိသားစုဝင်တွေနဲ့စာအဆက်အသွယ်ရပြီးကျန်းကျန်းမာမာရှိနေတယ်လို့ပြောကြတယ်။ လတ်တလောအနေနဲ့ကူးစက်မှုတွေမရှိဘူးလို့သိရတယ်ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ကူးယူပြီးမျှဝေတင်ဆက်ပေးလိုက်ရပါတယ်နော်။




Credit