Local News

ထိုင်းရောက်မြန်မာများ ထိုင်းထီ ပထမဆု ဘတ် ၆ သန်း ၃ဆု ကံထူးဆွတ်ခူး

ထိုင်းရောက်မြန်မာများဖြစ်သည့် ဇနီးမောင်နှံစုံတွဲ နှစ်တွဲမှာ စက်တင်ဘာ ၁ရက်တွင် ထွက်ရှိခဲ့သည့် ထိုင်းထီ ပထမဆု ဘတ် ၆ သန်းဆု ၃ဆု ဆွတ်ခူးသွားခဲ့ကြောင်း ထိုင်းရောက်မြန်မာများကို ကူညီပေးနေသည့် AAC မဟာမိတ်အဖွဲ့ ၏ အထွေထွေတာဝန်ခံ ဦးရဲမင်းက မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင် ဘန်းပအင် မြို့နယ်က မြန်မာပြည်ဖွား ကရင်တိုင်းရင်းသား ဇနီးမောင်နှံသည် ထိုင်းထီ ပထမဆု ဘတ်ခြောက်သန်းဆုကို နှစ်ဆောင်တွဲဖြင့် ဘတ် ၁၂ သန်းကံထူးသွားခဲ့သည်။

ထပ်မံ၍ ဘတ် ခြောက်သန်းဆု ကံထူးသွားသည့် ဇနီးမောင်နှံမှာ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်းငါးခရိုင်တွင် အခြေခံ အလုပ်ကြမ်းလုပ်ကိုင်နေသူများဖြစ်ကာ မွန်ပြည်နယ်မှ ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကို ထီပေါက်တဲ့ငွေ ထုတ်ပေးဖို့ အကူအညီတောင်းလာတာပါ။ ကျွန်တော်သိသလောက် ပထမဆု ဘတ်ခြောက်သန်းက ၃၀ဆုပေးတာကို ၃ဆုပေါက်တာပေါ့။

ဆုတောင်းပြည့်တယ်။ တော်လှန်ရေးအတွက် ပြန်လှူမယ့်သူတွေ ပေါက်ကြတာ” ဟု ဦးရဲမင်းဦးက ဆိုသည်။

ဘတ်ခြောက်သန်းဆု နှစ်ဆောင်တွဲကံထူးသူ ဇနီးမောင်နှံ၏ ထီဆုများကို ထုတ်ယူပြီး မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးပြီးဖြစ်ကြောင်းနှင့် ဘတ်ခြောက်သန်းဆု တစ်ဆုပေါက်သူ ဇနီးမောင်နှံ၏ ‌ထီဆုငွေကိုမူ စက်တင်ဘာ ၃ရက်တွင် ထုတ်ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုင်းထီထုတ်ရာတွင် နေထိုင်ခွင့်အထောက်အထား မပြည့်စုံသည့်အတွက် ဆုငွေထုတ်ယူရာတွင် အခက်အခဲရှိခြင်းကြောင့် ထိုင်းတွင် ထီပေါက်လျှင် အများစုက AAC အဖွဲ့ကို အကူအညီတောင်းကြသည်ဟု သိရသည်။

———–

ထိုင္းေရာက္ျမန္မာမ်ားျဖစ္သည့္ ဇနီးေမာင္ႏွံစုံတြဲ ႏွစ္တြဲမွာ စက္တင္ဘာ ၁ရက္တြင္ ထြက္ရွိခဲ့သည့္ ထိုင္းထီ ပထမဆု ဘတ္ ၆ သန္းဆု ၃ဆု ဆြတ္ခူးသြားခဲ့ေၾကာင္း ထိုင္းေရာက္ျမန္မာမ်ားကို ကူညီေပးေနသည့္ AAC မဟာမိတ္အဖြဲ႕ ၏ အေထြေထြတာဝန္ခံ ဦးရဲမင္းက မဇၩိမကို ေျပာသည္။

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕အနီး ပထုံဌာနီခ႐ိုင္ ဘန္းပအင္ ၿမိဳ႕နယ္က ျမန္မာျပည္ဖြား ကရင္တိုင္းရင္းသား ဇနီးေမာင္ႏွံသည္ ထိုင္းထီ ပထမဆု ဘတ္ေျခာက္သန္းဆုကို ႏွစ္ေဆာင္တြဲျဖင့္ ဘတ္ ၁၂ သန္းကံထူးသြားခဲ့သည္။

ထပ္မံ၍ ဘတ္ ေျခာက္သန္းဆု ကံထူးသြားသည့္ ဇနီးေမာင္ႏွံမွာ ထိုင္းႏိုင္ငံေတာင္ပိုင္း ဖန္းငါးခ႐ိုင္တြင္ အေျခခံ အလုပ္ၾကမ္းလုပ္ကိုင္ေနသူမ်ားျဖစ္ကာ မြန္ျပည္နယ္မွ ျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ကို ထီေပါက္တဲ့ေငြ ထုတ္ေပးဖို႔ အကူအညီေတာင္းလာတာပါ။ ကြၽန္ေတာ္သိသေလာက္ ပထမဆု ဘတ္ေျခာက္သန္းက ၃၀ဆုေပးတာကို ၃ဆုေပါက္တာေပါ့။

ဆုေတာင္းျပည့္တယ္။ ေတာ္လွန္ေရးအတြက္ ျပန္လႉမယ့္သူေတြ ေပါက္ၾကတာ” ဟု ဦးရဲမင္းဦးက ဆိုသည္။

ဘတ္ေျခာက္သန္းဆု ႏွစ္ေဆာင္တြဲကံထူးသူ ဇနီးေမာင္ႏွံ၏ ထီဆုမ်ားကို ထုတ္ယူၿပီး ျမန္မာႏိုင္ငံသို႔ ပို႔ေဆာင္ေပးၿပီးျဖစ္ေၾကာင္းႏွင့္ ဘတ္ေျခာက္သန္းဆု တစ္ဆုေပါက္သူ ဇနီးေမာင္ႏွံ၏ ‌ထီဆုေငြကိုမူ စက္တင္ဘာ ၃ရက္တြင္ ထုတ္ေပးမည္ ျဖစ္ေၾကာင္း ၎က ေျပာသည္။

ထိုင္းထီထုတ္ရာတြင္ ေနထိုင္ခြင့္အေထာက္အထား မျပည့္စုံသည့္အတြက္ ဆုေငြထုတ္ယူရာတြင္ အခက္အခဲရွိျခင္းေၾကာင့္ ထိုင္းတြင္ ထီေပါက္လွ်င္ အမ်ားစုက AAC အဖြဲ႕ကို အကူအညီေတာင္းၾကသည္ဟု သိရသည္။