နေတိုးကသရုပ်ဆောင်ကောင်းရုံတင်မကပဲအသံပါဝါကောင်းကောင်းနဲ့တေးသီချင်းများတီဆိုရာမှာလဲဝါသနာပါသူတစ်ဦးပဲဖြစ်ပါတယ်နော်။




crd
Unicode
ညီဖြစ်သူ မင်းသွေးကို သတိရလွမ်းဆွတ်မိကြောင်း ဂရုဏာသက်စွာ ဆိုလာတဲ့ သရုပ်ဆောင် နေတိုး…
သရုပ်ဆောင်နေတိုးကတော့အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့အတူကျရာဇာတ်ကောင်မှာအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့်ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ထပ်ဆင့်အကယ်ဒမီမင်းသားချောပဲဖြစ်ပါတယ်။
ေနတိုးကသရုပ်ဆောင်ကောင်းရုံတင်မကပဲအသံပါဝါကောင်းကောင်းနဲ့တေးသီချင်းများတီဆိုရာမှာလဲဝါသနာပါသူတစ်ဦးပဲဖြစ်ပါတယ်နော်။
နေတိုးတို့မိသားစုဟာကွယ်လွန်သွားပြီဖြစ်တဲ့မင်းသွေးအတွက်လစဉ်လတိုင်းအလှူအတန်းတွေပြုလုပ်ပေးခဲ့သလိုမင်းသွေးဖြစ်ချင်ခဲ့တဲ့ ဆန္ဒများကိုလည်း ဖြည့်ဆည့် လုပ်ကိုင်ပေးနေတာ တွေ့ရပါတယ်။
မင်းသွေးဟာ ၂၀၁၈ခုနှစ်၊ အောက်တိုဘာ(၃) ရက်နေ့က ရုတ်တရက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ပြီးတဲ့နောက်မှာလည်း ပရိသတ်တွေရော၊အနုပညာရှင်တွေကပါဝမ်းနည်းကြေကွဲခဲ့ကြရပါတယ်။
မင်းသွေးကွယ်လွန်ပြီးတဲ့နောက်မှရုံတင်ခဲ့တဲ့မုန်းစွဲရုပ်ရှင်ဇာတ်ကား၊ သတ်ကွင်း ရုပ်ရှင်ဇာတ်ကား၊ မဟူရာ ရုပ်ရှင်ရုံ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ကနေတဆင့်လည်း မင်းသွေးကို ပရိသတ်တွေက သတိရစေခဲ့ပြန်ပါတယ်။
နေတိုးကလည်း မင်းသွေးရဲ့ ဆန္ဒအရ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းမှာ တည်ထားကိုးကွယ်ခဲ့တဲ့မာန်အောင်မြို့နယ်သံကျောက်တောင် မဟာဇေယျသိဒ္ဓိမဟာမုနိရှင်တော်မြတ်ဘုရာကြီးဘုရားအနေကဇာတင်လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။
မင်းသွေးရဲ့တစ်ကိုယ်တော်အခွေကိုလည်းအစ်ကိုဖြစ်သူနေတိုးကအပြီးသတ်ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။
သရုပ်ဆောင်နေတိုးကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ခဲ့ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့ပါတယ်၊
အခုတစ်ခါမှာဆိုရင်လဲသရုပ်ဆောင်နေတိုးကညီလေးမင်းသွေးကိုသတိရတဲ့အကြောင်းဝမ်းနည်းစွာရင်ဖွင့်ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။
သရုပ်ဆောင်မင်းသွေးကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်မိသားစုများနဲ့ပရိတ်သတ်များကဝမ်းနည်းပူဆွေးနေရပါတယ်နော်။
ကွယ်လွန်သွားခဲ့ပြီဖြစ်ပေမယ့်လဲယနေ့ထိတိုင်မမေ့မလျော့ပဲသတိရလွမ်းဆွတ်နေကြပါတယ်နော်၊ကွယ်လွန်သွားပြီဖြစ်တဲ့သရုပ်ဆောင်မင်းသွေးလဲကောင်းရာမွန်ရာရောက်ပါစေလို့ဆုတောင်းပေးရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ပါတယ်နော်။
crd