ကားခေါင်းခန်းမှာ ဘယ်သူများ ငိုနေမလဲ
ဗိုလ်ကြီးထွန်းမြတ်အောင် …
သံပုံးစတီးကြတဲ့အချိန် ရန်ကုန်မှာ မိဘပြည်သူများဘာညာအော်ပြီး ကျနော်တို့က ညကင်းစလှည့်နေပြီ။
သံပုံတီးသံတွေက ဗလအားကိုးနဲ့ အနိုင်ကျင့်ခံရတဲ့သူ ပြန်မလုပ်နိုင်လို့ နာကျည်းအော်ညည်းနေသလိုပါပဲလား။ ကျနော် ကားပေါ်မှာတင် မျက်ရည်ကျခဲ့တာ ဘယ်သူမှတော့ သတိမထားမိခဲ့ပါဘူး။



နောက်ထပ် မြင်ကွင်းတစ်ခုက ကျနော်တို့ စခန်းချတဲ့နေရာဘေးက အိမ်။ သူများအိမ်တွေ သံပုံးတီးတော့ သူလည်း တီးချင်တာပေါ့။
အပြင်ထွက်လိုက် အထဲပြန်ဝင်လိုက်နဲ့ နောက်ဆုံးအရဲစွန့်ပြီး လေးငါးချက်လောက် တီးပြီးတာနဲ့ ကျနော်တို့ဘက် လှည့်ကြည့်ပြီး ကြောက်ကြောက်နဲ့ အိမ်ထဲပြန်ဝင်သွားတဲ့ အဒေါ်ကြီး။ ကျနော် တခါ ငိုရပြန်တယ်။
ကျနော် အပြင်ရောက်ပြီးတာနဲ့ တည်းအိမ်မှာ နေတုန်းက ညတိုင်းသံပုံးတီးမပျက်ခဲ့ပါဘူး။



တီးနေရင်းတခါတလေ တိုက်အောက်ကိုကြည့်ရင် လမ်းမှာ ကင်းလှည့်နေကြတာ လှမ်းမြင်ရတယ်။ ကားခေါင်းခန်းမှာ ဘယ်သူများ ငိုနေမလဲ..။
CDM ဗိုလ်ကြီး ထွန်းမြတ်အောင်
————-
ကားေခါင္းခန္းမွာ ဘယ္သူမ်ား ငိုေနမလဲ
ဗိုလ္ႀကီးထြန္းျမတ္ေအာင္ …



သံပုံးစတီးၾကတဲ့အခ်ိန္ ရန္ကုန္မွာ မိဘျပည္သူမ်ားဘာညာေအာ္ၿပီး က်ေနာ္တို႔က ညကင္းစလွည့္ေနၿပီ။
သံပုံတီးသံေတြက ဗလအားကိုးနဲ႔ အႏိုင္က်င့္ခံရတဲ့သူ ျပန္မလုပ္ႏိုင္လို႔ နာက်ည္းေအာ္ညည္းေနသလိုပါပဲလား။ က်ေနာ္ ကားေပၚမွာတင္ မ်က္ရည္က်ခဲ့တာ ဘယ္သူမွေတာ့ သတိမထားမိခဲ့ပါဘူး။
ေနာက္ထပ္ ျမင္ကြင္းတစ္ခုက က်ေနာ္တို႔ စခန္းခ်တဲ့ေနရာေဘးက အိမ္။ သူမ်ားအိမ္ေတြ သံပုံးတီးေတာ့ သူလည္း တီးခ်င္တာေပါ့။



အျပင္ထြက္လိုက္ အထဲျပန္ဝင္လိုက္နဲ႔ ေနာက္ဆုံးအရဲစြန႔္ၿပီး ေလးငါးခ်က္ေလာက္ တီးၿပီးတာနဲ႔ က်ေနာ္တို႔ဘက္ လွည့္ၾကည့္ၿပီး ေၾကာက္ေၾကာက္နဲ႔ အိမ္ထဲျပန္ဝင္သြားတဲ့ အေဒၚႀကီး။ က်ေနာ္ တခါ ငိုရျပန္တယ္။
က်ေနာ္ အျပင္ေရာက္ၿပီးတာနဲ႔ တည္းအိမ္မွာ ေနတုန္းက ညတိုင္းသံပုံးတီးမပ်က္ခဲ့ပါဘူး။
တီးေနရင္းတခါတေလ တိုက္ေအာက္ကိုၾကည့္ရင္ လမ္းမွာ ကင္းလွည့္ေနၾကတာ လွမ္းျမင္ရတယ္။ ကားေခါင္းခန္းမွာ ဘယ္သူမ်ား ငိုေနမလဲ..။
CDM ဗိုလ္ႀကီး ထြန္းျမတ္ေအာင္
Credit