Local News

ဒီရက်ထဲ တိုးတိုးကြိတ်ကြိတ် ထူးခြားချက်တွေ ရှိတယ်ဆိုပြီး ထူးခြားချက်တွေကို အလုံးစုံပြောပြလာတဲ့ ပန်ဆယ်လို

ဒီရက်ထဲ တိုးတိုးကြိတ်ကြိတ် ထူးခြားချက်တွေ ရှိတယ်ဆိုပြီး ထူးခြားချက်တွေကို အလုံးစုံပြောပြလာတဲ့ ပန်ဆယ်လို

ချိနက အကောင်ကြီး လာတယ်။ ပုံမှန်ဆို ဂျပုတို့ ပွဲခံလိုက်မယ့်အမျိုး။ အခုအချိန် ပြည်ပက စွဖက်လုပ်တာမျိုးက ရှိတောင့်ရှိခဲဆိုတော့ ကြွားလိုက်မယ့်ဖြစ်ခြင်း။

ချိနက ပြည်သူနဲ့လက်တွဲညီမယ့်အစိုးရနဲ့ ပူးပေါင်းမယ် လေသံပစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းတယ်ဘာညာ ကြားရဲ့။ သေချာတာတော့ ဂျပုတို့က ချိနကို ဖက်လဲတကင်းမကြိုဘဲ သတင်းဖျောက်ထားတယ်။





ချက်ချင်းပင်ဆိုသလို လက်ဖက်ခြောက်က ရုရှားပြေးတယ်။ ဝါတွင်းကြီးတောင် ဂရုမစိုက်နိုင်တော့ဘဲ လိုက်သွားတဲ့ ကိုယ်တော်ကလည်း ထူးဆန်းတယ်။

ချိနကို ကပ်မရတော့လို့ ရုရှားကို ပေါ်ပေါ်တင်တင် ပြေးကပ်ပြတာမျိုး။ မင်းမရှိလည်း ဖြစ်တယ်… လင်ငယ် ငပူတင်းဆီ ပြေးပလူးတာ။ လင်ကြီးသဝန်တိုစေချင်တဲ့ သဘော။ ဒီလထဲ လင်ကြီးကို ပလစ်ပြီး လင်ငယ်ဆီ ပြေးတာ သုံးခါ။





စိတ်ဝင်စားစရာကောင်းတာက လက်ဖက်ခြောက်သွားတာ လေယာဉ်အကြီးစားနဲ့တဲ့။ စောက်မျိုးယုတ် တပုံတပင် ကြိုတင်နေရာရွှေ့နေပြီလို့လည်း ကြားတယ်။ ဖြစ်လာပြီဆို ကိုယ်လွတ်ရုန်းကြမှာ။ အောက်ခြေက ငမိုက်သားတွေပဲ ပြည်သူကြား ကားကားကြီး ဇာတ်သိမ်းရမှာ။

တကယ့်မိန်းပွိုင့်က နိုင်ငံတကာ ကိစ္စ မဟုတ်ဘူး။ KNU က စစ်အာဏာရှင်စနစ်ကို တော်လှန်ဖို့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ မည်သည့်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းမယ်တဲ့။ ဒီကြေညာချက်ကို KIA ကလည်း ချက်ချင်းကြိုဆိုလိုက်တယ်။





လားရာတွေကို မြင်နိုင်မယ်ဆို အားငယ်စိတ်ဓါတ်ကျခြင်းက စောက်ပုတို့ မုဆိုးမတပ်အတွက် သီးသန့်ပဲ။

ပိုတောင့်ခံနိုင်မယ့်သူ နိုင်မယ့်ပွဲမို့ ငါတို့အချင်းချင်း လက်တွဲအားတင်းထားကြရအောင်။

ပန်ဆယ်လို





———– 


















ပန်ဆယ်လို