ပြည်သူများနှင့်လက်တွဲ၍ အာဏာ ရှင်စနစ်ကို ဆန့်ကျင်တော်လှန်မည်ဟု KNU က တရားဝင်ကြေညာ
ကရင်အမျိုးသားအစည်းအရုံး KNU က အာဏာသိမ်းမှုကို ဆန့်ကျင်သော မည်သည့် အဖွဲ့အစည်းနှင့်မဆို လက်တွဲ၍ အာဏာရှင် စနစ် အားလုံးကို ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်း ယနေ့ စက်တင်ဘာလ ၄ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာသည်။
KNU က ၎င်း၏ သဘောထားကြေညာချက် ၃ ရပ်ကို စက်တင်ဘာလ ၃ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းကြေညာချက်များတွင် KNU သည် ဖက်ဒရယ်နှင့် ဒီမိုကရေစီနစ်ကို မြှင့်တင်ရန်




ခိုင်မာသော ကတိကဝတ်နှင့် လိုက်နာဆောင်ရွက်မှုကို ဆက်လက် ထိန်းသိမ်းထားပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သော မည်သည့်အဖွဲ့အစည်းနှင့်မဆို လက် တွဲ၍ အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်များမှ အကာအကွယ် ရယူလိုသည့် မည်သူကို မဆို တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးပြီး နှစ်ရည်ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်၏ မူလဇစ်မြစ်ကို ဖြေရှင်းရန်၊
စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုကို ဆောင်ကြဉ်းရန် ၊ နောက်ထပ်ဖြေရှင်းရေး နည်းလမ်းသစ်များအား ဆက်လက် ရှာဖွေ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ကို ဒုတိယအချက်အနေဖြင့် KNU က ကြေညာသည်။




ပြည်သူလူထုမျာအးနေဖြင့် လွတ်လပ်မှုနှင့် တရားမျှတမှုအတွက် မိမိတတ်နိုင်သည့်ဘက်က နည်းမှန် လမ်းမှန်ဖြင့် ကူညီထောက်ခံကြောင်း ထုတ်ဖော်ပြသရန် တိုက်တွန်းကြောင်း KNU ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
Ref Khit Thit Media
———–
ျပည္သူမ်ားႏွင့္လက္တြဲ၍ အာဏာ ရွင္စနစ္ကို ဆန႔္က်င္ေတာ္လွန္မည္ဟု KNU က တရားဝင္ေၾကညာ




ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU က အာဏာသိမ္းမႈကို ဆန႔္က်င္ေသာ မည္သည့္ အဖြဲ႕အစည္းႏွင့္မဆို လက္တြဲ၍ အာဏာရွင္ စနစ္ အားလုံးကို ဆန႔္က်င္ေတာ္လွန္သြားမည္ျဖစ္ေၾကာင္း ယေန႔ စက္တင္ဘာလ ၄ ရက္ေန႔တြင္ တရားဝင္ ထုတ္ျပန္ေၾကညာသည္။
KNU က ၎၏ သေဘာထားေၾကညာခ်က္ ၃ ရပ္ကို စက္တင္ဘာလ ၃ ရက္ေန႔ ေန႔စြဲျဖင့္ ထုတ္ျပန္ေၾကညာခဲ့ၿပီး ယင္းေၾကညာခ်က္မ်ားတြင္ KNU သည္ ဖက္ဒရယ္ႏွင့္ ဒီမိုကေရစီနစ္ကို ျမႇင့္တင္ရန္
ခိုင္မာေသာ ကတိကဝတ္ႏွင့္ လိုက္နာေဆာင္႐ြက္မႈကို ဆက္လက္ ထိန္းသိမ္းထားၿပီး အာဏာသိမ္းမႈကို ဆန႔္က်င္ေသာ မည္သည့္အဖြဲ႕အစည္းႏွင့္မဆို လက္ တြဲ၍ အာဏာရွင္စနစ္အားလုံးကို ဆန႔္က်င္ေတာ္လွန္သြားမည္ျဖစ္ေၾကာင္း ေၾကညာသည္။




ျမန္မာစစ္တပ္၏ ရက္စက္ၾကမ္းၾကဳတ္မ်ားမွ အကာအကြယ္ ရယူလိုသည့္ မည္သူကို မဆို တတ္ႏိုင္သည့္ဘက္မွ ကူညီပံ့ပိုးေပးၿပီး ႏွစ္ရည္ျဖစ္ပြားခဲ့ေသာ ျပည္တြင္းစစ္၏ မူလဇစ္ျမစ္ကို ေျဖရွင္းရန္၊
စစ္မွန္ေသာ ၿငိမ္းခ်မ္းေရးႏွင့္ တိုင္းျပည္ တည္ၿငိမ္ေအးခ်မ္းမႈကို ေဆာင္ၾကဥ္းရန္ ၊ ေနာက္ထပ္ေျဖရွင္းေရး နည္းလမ္းသစ္မ်ားအား ဆက္လက္ ရွာေဖြ လုပ္ေဆာင္သြားမည္ျဖစ္ ေၾကာင္း ကို ဒုတိယအခ်က္အေနျဖင့္ KNU က ေၾကညာသည္။
ျပည္သူလူထုမ်ာအးေနျဖင့္ လြတ္လပ္မႈႏွင့္ တရားမွ်တမႈအတြက္ မိမိတတ္ႏိုင္သည့္ဘက္က နည္းမွန္ လမ္းမွန္ျဖင့္ ကူညီေထာက္ခံေၾကာင္း ထုတ္ေဖာ္ျပသရန္ တိုက္တြန္းေၾကာင္း KNU ၏ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။
Ref Khit Thit Media