Local News

PDF ဆိုပြီးတော့ကျ ခဏခဏဖမ်းလိုက်တာ ဘဏ်ဓါးမြတိုက်မှုကျတော့ မိတယ်ကိုမရှိဘူး


အင္းစိန္ၿမိဳ႕ပတ္ရထားေပၚမွာ ရဲတပ္ဖြဲ႕ဝင္ေတြကို ပစ္သတ္ၿပီး လက္နက္ ခဲယမ္းေတြယူသြားတဲ့ ျဖစ္စဥ္မွာ ပါဝင္ပတ္သက္တဲ့သူ ၅ ဦးကို ဖမ္းဆီးရမိတယ္လို႔ စက္တင္ဘာ ၅ ရက္ထုတ္ စစ္ေကာင္စီ အာေဘာ္သတင္းစာေတြမွာ ေဖာ္ျပပါတယ္

ဩဂုတ္ ၁၄ ရက္က ရန္ကုန္ၿမိဳ႕ပတ္ရထားေပၚ အလုံဘူတာနဲ႔ ပန္းလွိုင္အၾကားမွာ ေသနတ္သမားေတြက ပစ္ခတ္ခဲ့လို႔ ရဲလုံျခဳံေရးတပ္ဖြဲ႕ဝင္ ၅ ဦးေသဆုံးၿပီး ၁ ဦး ဒဏ္ရာရရွိကာ လက္နက္ ၄ လက္နဲ႔ ခဲယမ္းတခ်ိဳ႕ပါသြားတာျဖစ္ပါတယ္





ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ေသနတ္သမားေတြ အသုံးျပဳခဲ့တဲ့ တကၠစီယာဥ္ေမာင္းမွ တဆင့္ ဆက္စပ္သူေတြကို စုံစမ္းရွာေဖြရာမွာ စက္တင္ဘာ ၃ ရက္မနက္က တာေမြၿမိဳ႕နယ္ ေမတၱာညြန႔္ ရပ္ကြက္ေန မသကၤာဖြယ္ ၃ ဦး ျဖစ္တဲ့ ေက်ာ္ဝင္းစိုး ခ ေက်ာ္ႀကီး ၃၃ ႏွစ္ ပခုကၠဴဇာတိ ၊ ေကာင္းျပည့္စုံဦး ခ စိန္စိန္ ခ ကတုံးမ ၂၇ ႏွစ္
မရမ္းကုန္း ၊ ဆန္းမင္းေအာင္ ၂၄ ႏွစ္၊ ေဒးဒရဲ တို႔ကို ေတြ႕ရွိထိန္းသိမ္းနိုင္ခဲ့တယ္လို႔ သိရပါတယ္

သူတို႔ရဲ့ထြက္ဆိုခ်က္ေတြအရ သကၤန္းကၽြန္းၿမိဳ႕နယ္၊ သုဝဏၰၿမိဳ႕သစ္၊ ရန္ကုန္သစ္ရပ္ကြက္မွာ ဆက္လက္သြားေရာက္ရွာေဖြရာ ျမတ္ၿဖိဳးပြင့္ကို ေတြ႕ရွိခဲ့ၿပီး အခန္းတြင္း အေသးစိတ္ရွာေဖြခဲ့ရာ ဂစ္တာအိတ္ ၂ အိတ္အတြင္း ထည့္ထားတဲ့ လက္နက္ ၄ လက္ကို ေတြ႕ရွိခဲ့ၿပီး အဲဒီလက္နက္ေတြဟာ မီးရထားရဲတပ္ဖြဲ႕ဆီက ယူသြားတဲ့ လက္နက္ေတြျဖစ္တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္

အဆိုပါဖမ္းဆီးခံရသူေတြနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီသတင္းမွာ စြပ္စြဲေဖာ္ျပထားတာေတြဟာ မွန္ကန္မႈရွိမရွိကိုေတာ့ ဒီဗြီဘီက သီးျခားအတည္ျပဳနိုင္ျခင္း မရွိေသးပါဘူး ဒီအမႈနဲ႔ပတ္သက္လို႔ ျဖစ္စဥ္ပါ တိမ္းေရွာင္ေနသူေတြကို ဆက္လက္ဖမ္းဆီးရမိေရးနဲ႔ ေဆာင္ရြက္ေနတယ္လို႔ စစ္ေကာင္စီသတင္းစာမွာ ေရးပါတယ္





ဩဂုတ္ ၁၄ ရက္က ရန္ကုန္-အင္းစိန္ရထားေပၚ ရဲတပ္ဖြဲ႕ဝင္ ၆ ဦး ေသနတ္နဲ႔ ပစ္ခံရတဲ့ ျဖစ္စဥ္မွာ ဒုတပ္ၾကပ္ ဝင္းေဇာ္၊ တပ္သား ရဲမင္းထြန္း၊ တပ္သား ၿဖိဳးေမာင္ေမာင္၊ တပ္သား ထိန္လင္းေအာင္တို႔ ေနရာတြင္ဆုံးခဲ့ၿပီး ဒဏ္ရာအျပင္းအထန္ရသြားတဲ့ တပ္ၾကပ္ ျမင့္ေဌးနဲ႔ တပ္ၾကပ္ ေက်ာ္ဇင္တို႔ကို ေဆး႐ုံကို ပို႔ေဆာင္ကုသခ်ိန္ တစ္ဦးထပ္မံေသဆုံးသြားတာ ျဖစ္ပါတယ္

Crd: DVB TV News

အင်းစိန်မြို့ပတ်ရထားပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်သတ်ပြီး လက်နက် ခဲယမ်းတွေယူသွားတဲ့ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်တဲ့သူ ၅ ဦးကို ဖမ်းဆီးရမိတယ်လို့ စက်တင်ဘာ ၅ ရက်ထုတ် စစ်ကောင်စီ အာဘော်သတင်းစာတွေမှာ ဖော်ပြပါတယ်

ဩဂုတ် ၁၄ ရက်က ရန်ကုန်မြို့ပတ်ရထားပေါ် အလုံဘူတာနဲ့ ပန်းလှိုင်အကြားမှာ သေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ ရဲလုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကာ လက်နက် ၄ လက်နဲ့ ခဲယမ်းတချို့ပါသွားတာဖြစ်ပါတယ်

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သေနတ်သမားတွေ အသုံးပြုခဲ့တဲ့ တက္ကစီယာဉ်မောင်းမှ တဆင့် ဆက်စပ်သူတွေကို စုံစမ်းရှာဖွေရာမှာ စက်တင်ဘာ ၃ ရက်မနက်က တာမွေမြို့နယ် မေတ္တာညွန့် ရပ်ကွက်နေ မသင်္ကာဖွယ် ၃ ဦး ဖြစ်တဲ့ ကျော်ဝင်းစိုး ခ ကျော်ကြီး ၃၃ နှစ် ပခုက္ကူဇာတိ ၊ ကောင်းပြည့်စုံဦး ခ စိန်စိန် ခ ကတုံးမ ၂၇ နှစ်
မရမ်းကုန်း ၊ ဆန်းမင်းအောင် ၂၄ နှစ်၊ ဒေးဒရဲ တို့ကို တွေ့ရှိထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်

သူတို့ရဲ့ထွက်ဆိုချက်တွေအရ သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့သစ်၊ ရန်ကုန်သစ်ရပ်ကွက်မှာ ဆက်လက်သွားရောက်ရှာဖွေရာ မြတ်ဖြိုးပွင့်ကို တွေ့ရှိခဲ့ပြီး အခန်းတွင်း အသေးစိတ်ရှာဖွေခဲ့ရာ ဂစ်တာအိတ် ၂ အိတ်အတွင်း ထည့်ထားတဲ့ လက်နက် ၄ လက်ကို တွေ့ရှိခဲ့ပြီး အဲဒီလက်နက်တွေဟာ မီးရထားရဲတပ်ဖွဲ့ဆီက ယူသွားတဲ့ လက်နက်တွေဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်

အဆိုပါဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီသတင်းမှာ စွပ်စွဲဖော်ပြထားတာတွေဟာ မှန်ကန်မှုရှိမရှိကိုတော့ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး ဒီအမှုနဲ့ပတ်သက်လို့ ဖြစ်စဉ်ပါ တိမ်းရှောင်နေသူတွေကို ဆက်လက်ဖမ်းဆီးရမိရေးနဲ့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီသတင်းစာမှာ ရေးပါတယ်





ဩဂုတ် ၁၄ ရက်က ရန်ကုန်-အင်းစိန်ရထားပေါ် ရဲတပ်ဖွဲ့ဝင် ၆ ဦး သေနတ်နဲ့ ပစ်ခံရတဲ့ ဖြစ်စဉ်မှာ ဒုတပ်ကြပ် ဝင်းဇော်၊ တပ်သား ရဲမင်းထွန်း၊ တပ်သား ဖြိုးမောင်မောင်၊ တပ်သား ထိန်လင်းအောင်တို့ နေရာတွင်ဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရသွားတဲ့ တပ်ကြပ် မြင့်ဌေးနဲ့ တပ်ကြပ် ကျော်ဇင်တို့ကို ဆေးရုံကို ပို့ဆောင်ကုသချိန် တစ်ဦးထပ်မံသေဆုံးသွားတာ ဖြစ်ပါတယ် Crd: DVB TV News