ေဝဠဳေက်ာ္ကေတာ့ ေအာင္ျမင္ေက်ာ္ၾကားတဲ့ ဝါရင့္ အႏုပညာရွင္ တစ္ေယာက္ ျဖစ္သလို လက္ရွိ အေျခအေနေတြမွာလည္း ျပည္သူေတြနဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္။ အခုလို ကာလေတြမွာ အဆင္မေျပၾကတဲ့ ျပည္သူေတြ မ်ားျပားလြန္းလို႔ လိုအပ္တဲ့ေနရာေတြကို ေသခ်ာ စီစစ္ၿပီး တတ္နိုင္ သေလာက္ အေျခခံ စားေသာက္ကုန္ေတြ ေပးေဝလႉဒါန္းကာ အစြမ္းကုန္ ေဖးမကူညီေနတာလည္း ျဖစ္ပါတယ္။






ကိုဗစ္ေရာဂါေတြ ျဖစ္ပြားေနခ်ိန္မွာလည္း လူနာေတြအတြက္ ေအာက္ဆီဂ်င္အိုးမ်ား လႉဒါန္းကာကူညီေပးလ်က္ရွိပါတယ္ ။ ဒါ့အျပင္ ကိုဗစ္ေရာဂါ ကူးစက္ခံထားရတဲ့ လူနာေတြရဲ့ ကိစၥဝဝအျပင္ ေသဆုံးသူေတြရဲ့ ႐ုပ္ အေလာင္းေတြကိုလည္း သူကိုယ္တိုင္ PPE ဝတ္ၿပီး စနစ္တက် သယ္ယူကာ ေန႔ေရာ ညေရာ ကူညီေပ းေနတာေၾကာင့္ ပရိသတ္ေတြက ေလးစားအားက်ေနရတာပါ ။






အခုလည္း ကိုဗစ္ေရာဂါ ခံစားေနရၿပီး ေအာက္ဆီဂ်င္ေတြ ထိုးက်ေနတဲ့ သ႐ုပ္ေဆာင္ ဦးခ်စ္စရာကို ေအာက္ဆီဂ်င္ 50 L ေလအျပည့္အိုးတစ္လုံးကို ကိုယ္တိုင္ သြားေရာက္ကာ ကူညီပို႔ေဆာင္ေပးခဲ့ပါတယ္ ။ ဒါ့အျပင္ ဦးခ်စ္စရာ အျမန္ဆုံး သက္သာေပ်ာက္ကင္းေစဖို႔ကိုလည္း ဆုေတာင္းထားေပးရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေ ဖာ္ျပေပးလိုက္ပါတယ္ ။






Credit – Cele Zone
Photo – Wai Lu Kyaw
ဝေဠုကျော်ကတော့ အောင်မြင်ကျော်ကြားတဲ့ ဝါရင့် အနုပညာရှင် တစ်ယောက် ဖြစ်သလို လက်ရှိ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ အခုလို ကာလတွေမှာ အဆင်မပြေကြတဲ့ ပြည်သူတွေ များပြားလွန်းလို့ လိုအပ်တဲ့နေရာတွေကို သေချာ စီစစ်ပြီး တတ်နိုင် သလောက် အခြေခံ စားသောက်ကုန်တွေ ပေးဝေလှူဒါန်းကာ အစွမ်းကုန် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။




ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေချိန်မှာလည်း လူနာတွေအတွက် အောက်ဆီဂျင်အိုးများ လှူဒါန်းကာကူညီပေးလျက်ရှိပါတယ် ။ ဒါ့အပြင် ကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့ လူနာတွေရဲ့ ကိစ္စဝဝအပြင် သေဆုံးသူတွေရဲ့ ရုပ် အလောင်းတွေကိုလည်း သူကိုယ်တိုင် PPE ဝတ်ပြီး စနစ်တကျ သယ်ယူကာ နေ့ရော ညရော ကူညီပေ းနေတာကြောင့် ပရိသတ်တွေက လေးစားအားကျနေရတာပါ ။




အခုလည်း ကိုဗစ်ရောဂါ ခံစားနေရပြီး အောက်ဆီဂျင်တွေ ထိုးကျနေတဲ့ သရုပ်ဆောင် ဦးချစ်စရာကို အောက်ဆီဂျင် 50 L လေအပြည့်အိုးတစ်လုံးကို ကိုယ်တိုင် သွားရောက်ကာ ကူညီပို့ဆောင်ပေးခဲ့ပါတယ် ။ ဒါ့အပြင် ဦးချစ်စရာ အမြန်ဆုံး သက်သာပျောက်ကင်းစေဖို့ကိုလည်း ဆုတောင်းထားပေးရာ ပရိသတ်ကြီးအတွက် ပြန်လည်ေ ဖာ်ပြပေးလိုက်ပါတယ် ။




Credit – Cele Zone
Photo – Wai Lu Kyaw