Local News

မြန်မာ ပလာဇာ အနီး ပေါက်ကွဲ မှုဖြစ်ပွား ရန်ကုန် တစ်မြို့လုံး လုံခြုံရေးတင်းကျပ်

ျမန္မာ ပလာဇာ အနီး ေပါက္ကြဲ မွုျဖစ္ပြား ရန္ကုန္ တစ္ျမိဳ႕လံုး လံုျခံဳေရးတင္းက်ပ္

ျမန္မာပလာဇာ အနီးဗုံးေပါက္၊ ရန္ကုန္ၿမိဳ႕တစ္ခြင္ လုံၿခဳံေရးတင္းက်ပ္

ရန္ကုန္၊ စက္တင္ဘာ ၆

ရန္ကုန္ၿမိဳ႕ ျမန္မာပလာဇာအနီးတြင္ ယေန႔ နံနက္ ၄ နာရီက ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ၿပီး ယေန႔ နံနက္ပိုင္း ရန္ကုန္ၿမိဳ႕တစ္ခြင္ လုံၿခဳံေရး တင္းက်ပ္ေနေၾကာင္း ရန္ကုန္ၿမိဳ႕ခံ မ်ားက ေျပာဆိုသည္။

စက္တင္ဘာလ ၆ ရက္ေန႔ နံနက္ ၄ နာရီတြင္ ျမန္မာပလာဇာေရွ႕ မ်က္ႏွာခ်င္းဆိုင္ မီးပြိဳင့္ရွိ ယာဥ္ထိန္းရဲအေဆာက္အအုံေသးအနီးတြင္ ဗုံးေပါက္ကြဲသြားျခင္းျဖစ္ၿပီး ထိခိုက္မႈ တစ္စုံတစ္ရာမရွိေၾကာင္း သိရွိရသည္။

ယေန႔ နံနက္ပိုင္း ၈ နာရီဝန္းက်င္မွ စတင္၍ ရန္ကုန္ၿမိဳ႕လယ္ေခါင္ႏွင့္ ဗိုလ္ခ်ဳပ္လမ္း၊ ကမ္းနားလမ္း၊

ေမာ္တင္လမ္းတို႔တြင္ စစ္ေကာင္စီတပ္မ်ားက လုံၿခဳံေရးယူကာ လမ္းသြားလမ္းလာမ်ားကို စစ္ေဆးျခင္း၊ ကားမ်ားကို တား၍

စစ္ေဆးျခင္းမ်ား လုပ္ေဆာင္ေနသည္ဟု ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

ဓာတ္ပုံ- ျမန္မာပလာဇာပုံ အေဟာင္း

Unicode

မြန်မာ ပလာဇာ အနီး ပေါက်ကွဲ မှုဖြစ်ပွား ရန်ကုန် တစ်မြို့လုံး လုံခြုံရေးတင်းကျပ်

မြန်မာပလာဇာ အနီးဗုံးပေါက်၊ ရန်ကုန်မြို့တစ်ခွင် လုံခြုံရေးတင်းကျပ်

ရန်ကုန်၊ စက်တင်ဘာ ၆

ရန်ကုန်မြို့ မြန်မာပလာဇာအနီးတွင် ယနေ့ နံနက် ၄ နာရီက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယနေ့ နံနက်ပိုင်း ရန်ကုန်မြို့တစ်ခွင် လုံခြုံရေး တင်းကျပ်နေကြောင်း ရန်ကုန်မြို့ခံ များက ပြောဆိုသည်။

စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၄ နာရီတွင် မြန်မာပလာဇာရှေ့ မျက်နှာချင်းဆိုင် မီးပွိုင့်ရှိ ယာဉ်ထိန်းရဲအဆောက်အအုံသေးအနီးတွင် ဗုံးပေါက်ကွဲသွားခြင်းဖြစ်ပြီး ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်မှ စတင်၍ ရန်ကုန်မြို့လယ်ခေါင်နှင့် ဗိုလ်ချုပ်လမ်း၊ ကမ်းနားလမ်း၊

မော်တင်လမ်းတို့တွင် စစ်ကောင်စီတပ်များက လုံခြုံရေးယူကာ လမ်းသွားလမ်းလာများကို စစ်ဆေးခြင်း၊ ကားများကို တား၍

စစ်ဆေးခြင်းများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဓာတ်ပုံ- မြန်မာပလာဇာပုံ အဟောင်း ။