လုံခြုံရေးအဆင့်မြှင့်ပြီး နွေဦးထီကို ပြန်လည်ရောင်းချသွားမည်
လုံခြုံရေးအဆင့်မြှင့်တင်၍ နွေဦးထီကို ပြန်လည်ရောင်းချသွားမည်ဖြစ်ကြောင်း အောင်လံလွှင့်ချီ နွေဦးထီက ထုတ်ပြန်လိုက်သည်။
NUG အစိုးရက ရောင်းချသည့် အောင်လံလွှင့်ချီ နွေဦးထီ ရောင်းချမှုကို ခေတ္တရပ်နားထားပြီးနောက် စက်တင်ဘာ ၆ ရက် ညနေ ၄နာရီအချိန်တွင် ပြန်လည်ရောင်းချမည်ဖြစ်သည်။



လုံခြုံရေးမြှင့်တင်မှု၊ ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများနှင့်အတူ ‘အောင်လံလွှင့်ချီနွေဦးထီ’ စမ်းသပ်ရောင်းချမှု Pilot Project ‘phase- 2’ ကို ပြန်လည်စတင်မည်ဖြစ်ကြောင်း၊
Pilot project ‘phase -1’ တွင် ကြုံတွေ့ခဲ့ရသော နည်းပညာ စိန်ခေါ်မှုများ၊ အနှောင့်အယှက် အခက်အခဲများစွာကို သင်ခန်းစာယူ ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း အောင်လံလွှင့်ချီ နွေဦးထီက ထုတ်ပြန်သည်။
နွေဦးထီသည် စတင်ရောင်းချခဲ့သည့် အချိန်မှစ၍ ဝယ်ယူအားပေးသူများပြားခဲ့သည်။



ထီတစ်စောင်လျှင် နှစ်ထောင်ကျပ် သတ်မှတ်ထားပြီး ရောင်းရငွေ၏ ၇၀ဘရာခိုင်နှုန်းကို နွေဦးတော်လှန်ရေးအတွက် အသုံးပြုမည်ဖြစ်သည်။ အောင်လံလွှင့်ချီ နွေဦးထီ၏ ဆုကြေးမှာ ကျပ် ၁၅ သိန်းဖြစ်သည်။
————
လုံၿခဳံေရးအဆင့္ျမႇင့္ၿပီး ေႏြဦးထီကို ျပန္လည္ေရာင္းခ်သြားမည္



လုံၿခဳံေရးအဆင့္ျမႇင့္တင္၍ ေႏြဦးထီကို ျပန္လည္ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း ေအာင္လံလႊင့္ခ်ီ ေႏြဦးထီက ထုတ္ျပန္လိုက္သည္။
NUG အစိုးရက ေရာင္းခ်သည့္ ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ ေရာင္းခ်မႈကို ေခတၱရပ္နားထားၿပီးေနာက္ စက္တင္ဘာ ၆ ရက္ ညေန ၄နာရီအခ်ိန္တြင္ ျပန္လည္ေရာင္းခ်မည္ျဖစ္သည္။
လုံၿခဳံေရးျမႇင့္တင္မႈ၊ ပိုမိုေကာင္းမြန္ေသာဝန္ေဆာင္မႈမ်ားႏွင့္အတူ ‘ေအာင္လံလႊင့္ခ်ီေႏြဦးထီ’ စမ္းသပ္ေရာင္းခ်မႈ Pilot Project ‘phase- 2’ ကို ျပန္လည္စတင္မည္ျဖစ္ေၾကာင္း၊



Pilot project ‘phase -1’ တြင္ ႀကဳံေတြ႕ခဲ့ရေသာ နည္းပညာ စိန္ေခၚမႈမ်ား၊ အေႏွာင့္အယွက္ အခက္အခဲမ်ားစြာကို သင္ခန္းစာယူ ျပင္ဆင္မႈမ်ား ျပဳလုပ္ထားေၾကာင္း ေအာင္လံလႊင့္ခ်ီ ေႏြဦးထီက ထုတ္ျပန္သည္။
ေႏြဦးထီသည္ စတင္ေရာင္းခ်ခဲ့သည့္ အခ်ိန္မွစ၍ ဝယ္ယူအားေပးသူမ်ားျပားခဲ့သည္။
ထီတစ္ေစာင္လွ်င္ ႏွစ္ေထာင္က်ပ္ သတ္မွတ္ထားၿပီး ေရာင္းရေငြ၏ ၇၀ဘရာခိုင္ႏႈန္းကို ေႏြဦးေတာ္လွန္ေရးအတြက္ အသုံးျပဳမည္ျဖစ္သည္။ ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ၏ ဆုေၾကးမွာ က်ပ္ ၁၅ သိန္းျဖစ္သည္။
