Local News

လူမှန်းသိတတ်စအရွယ်ကတည်းက အမေခ်ါစရာမရှိခဲ့ပေမယ့်လည်း လိုလေသေးမရှိအောင်အနားမှာ အမြဲရှိနေပေးတဲ့ဖခင်ကြီးကိုကျေးဇူးတင်စကားဆိုလိုက်တဲ့ နေခြည်ငြိမ်းချမ်း




















Credit

ရယ်စရာဟာသပြက်လုံးတွေနဲ့ပရိသတ်တွေရဲ့အား ပေးချစ်ခင်မှုတွေကိုအခိုင်အမာရရှိထားတဲ့ လူရွှင်တော်ငြိမ်းချမ်းကတော့သဘင်လောကမှာ အောင်မြင်မှုတွေရရှိထားသူပဲ ဖြစ်ပါတယ်။ဟာသလူရွှင်တော်တစ်ယောက်ဖြစ်သလို ဇာတ်ကားတွေလည်း များစွာရိုက်ကူးထားတဲ့ ငြိ မ်းချမ်းကတော့ပရဟိတအလုပ်တွေကိုလည်း လုပ် ဆောင်နေတာ တွေရပါတယ်။ငြိမ်းချမ်းရဲ့သမီးချောဖြစ်တဲ့ နေခြည်ငြိမ်းချမ်းက တော့လူမှန်းသိတတ်စအရွယ်ကတည်းကအမေခေါ်စရာမရှိဘဲ အနားမှာအမြဲရှိနေပေးနေတဲ့ဖခင်ဖြစ်သူကိုကျေးဇူးတင်စကားဆိုလာပါတ ယ်။





အမေခေါ်စရာမရှိပေမယ့် အခုချိန်ထိ အဖေခေါ်ခွင့်ရတာကိုကဘာနဲ့မှမလဲနိုင်တဲ့အကြောင်းတွေကို အမေများနေ့မှာသူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာ ဖြစ်ပါတယ်။အမေများနေ့ဆိုတာသိလိုက်ရတဲ့အချိန်မှာနောက်ကျမှသိလိုက်ရလို့ စိတ်မကောင်းဖြစ်သွားတယ် မေမေလူမှန်းသိထဲက မေမေခေါ်စရာမရှိပေမယ့်ဖေဖေကအမြဲအနားမှာရှိနေပေးခဲ့လို့ ကျေးဇူးပါဖေဖေ။မေမေလို့ခေါ်စရာမရှိပေမယ့် ဖေဖေလို့ အခုချိန်ထိ ခေါ်နေခွင့်ရတာကိုက ဘာနဲ့မှမလဲနိုင်ပါဘူးဖေဖေအသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ နေပေးပါဖေဖေ။





မရှိတော့တဲ့ မေမေ့ကိုသတိရပြီးရှိနေတဲ့ ဖေဖေနဲ့ရန်ခဏခဏဖြစ်ရတာလည်း ပျော်စရာတခုပါဖေဖေချစ်တယ် ဖေဖေနဲ့မေမေ။န့ရက်တိုင်းဟာ အဖေများနေ့နဲ့ အမေများနေ့ပါဖေဖေနဲ့မေမေမိဘရဲ့ကျေးဇူးတွေကို ထာဝရဆ ပ်ခွင့်ရတဲ့သူ ဖြစ်ရပါစေ။ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်သူမရဲ့ ပို့စ်အောက်မှာတော့ ပရိသတ်တွေကလ ည်းသာ းအဖနှစ်ယောက်ရဲ့ အမှတ်တရတွေကို သ ဘောကျနေကြသလို အားပေးစကားတွေလ ည်း ပြော ထားကြတာ တွေ့ရပါတယ်။





Credit