Local News

ဗုံးပေါက်သံ ကြားပြီး ရဲနှင့် စစ်သား ထွက်ပြေးပြီးမှ ပြန်လာကာ လမ်းပိတ်စစ်ဆေးမှုများရှိနေတဲ့ ဘုရင့်နောင်လမ်းဆုံ



ရန်ကုန်၊ စက်တင်ဘာ ၇





Khit thit Media

Unicode

ဗုံးပေါက်သံ ကြားပြီး ရဲနှင့် စစ်သား ထွက်ပြေးပြီးမှ ပြန်လာကာ လမ်းပိတ်စစ်ဆေးမှုများရှိနေတဲ့ ဘုရင့်နောင်လမ်းဆုံ

ရန်ကုန်ဘုရင့်နောင်လမ်းဆုံ မီးပွိုင့်ရှိ ယာဉ်ထိန်းရဲ အဆောင်နား ဗုံးပေါက်၊ ရဲနှင့်စစ်သားများ ထွက်ပြေးပြီးမှ ပြန်လာကာ လမ်းပိတ် စစ်ဆေးရေးလုပ်

ရန်ကုန်၊ စက်တင်ဘာ ၇

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်လမ်းဆုံ မီးပွိုင့်ရှိယာဉ်ထိန်းရဲ အဆောင်နားတွင်ယနေ့ နံနက် ၁၀ နာရီအချိန် ဗုံးပေါက်ကွဲမှုဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

မီးပွိုင့်ရှိ ယာဉ်ထိန်းရဲ အဆောင်နားတွင် ဗုံးပေါက်ချိန်တွင် အနီးအနားရှိ ရဲနှင့်စစ်သားများ ထွက် ပြေးကြပြီး မိနစ်အနည်းငယ်အကြာမှ ပြန်လာကာလမ်းပိတ်ခြင်းနှင့် စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း မျက်မြင်ကြုံတွေ့ရသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“၁၀ နာရီလောက်ကဖြစ်တာ ထိခိုက်လားမသိပေမယ့် ခွေးတွေက ပြေးတာ တန်းနေတာပဲ။ အခုတော့ လမ်းတွေ ပိတ်ပြီး ပြန်စစ်နေပြီ” ဟု မျက်မြင်ကြုံတွေ့သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ဘုရင့်နောင်လမ်းဆုံ ပုံအဟောင်း အသုံးပြုထားသည်။

Khit thit Media