Local News

“ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ အ​ခြေအ​နေမျိုးတွေ ဖြစ်လာနိုင်တဲ့ အတွက် ပြင်ဆင်ကြပါ”

အထူးသဖြင့် ဗမာတိုင်းရင်းသား​တွေအတွက်​တော့ ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ အ​ခြေအ​နေမျိုး ဖြစ်ပါတယ်။ ဘာ​တွေ ဖြစ်လာမလဲ။ ဘယ်​လောက်အတိုင်းအတာထိ ဖြစ်မလဲ​ပေါ့။

NUG က​နေ​ ​ကြိုပြင်သင့်တာ​​တွေ ပြင်ခိုင်း​နေ​ပေမဲ့ မလာ​လောက်​သေးဘူး ထင်ပြီးများ မပြင်ထားမိရင် ခု မြန်မြန် ပြင်ထားလိုက်ပါ။

အ​ရောင်းဆိုင်​တွေက​လည်း ​ဈေးမတက်ပါနဲ့။ ဟိုဘက်အိမ် ဒီဘက်အိမ်လည်း အပြန်အလှန် မျှ​ဝေကြပါ။

တစ်ရက်တည်း အပြီးတိုက်မဲ့ပွဲမျိုး မဟုတ်ပါဘူး။ တိုက်လို့လည်း မလွယ်ပါဘူး။ ကာလတစ်ခု စတင်ပြီလို့ ​ပြောလိုက်တာပါ။

အင်တာနက်၊ ဖုန်းလိုင်း၊ ​ရေ၊ မီး ပြတ်​တောက်ခြင်းလို အ​သေးအဖွဲ​တွေက​နေစလို့ အမျိုးမျိုး​သော အဆင်မ​ပြေမှု​တွေ ဖြစ်လာနိုင်ပါတယ်။ ဒါ​တွေကို ကြံ့ကြံ့ခံပြီး ဒီကာလကို ဖြတ်သန်း​ပေးကြပါ။ လိုတဲ့​နေရာ ဝိုင်းကူ​ပေးပါ။

စပြင်ဆင်ပြီ ဆိုတာနဲ့ ပထမဆုံး ပစ္စည်းတွေ၀ယ်ပါပြီ၊ ကုန်ဈေးနှုန်းလှုပ်ခတ်မှု၊ ပစ္စည်းပြတ်လတ်မှုတွေ ဖြစ်‌ေကာင်းဖြစ်လာနိုင်ပါတယ်။

ဒုတိယအနေနဲ့ လမ်းပန်းဆက်သွယ်ရေးကျပ်တည်းလာနိုင်ပါတယ်။



​ဖေ​ဖော်ဝါရီ ၁ ရက်​နေ့က ​ခြေဗလာ၊ လက်ဗလာနဲ့ စခဲ့တဲ့ ဒီ​တော်လှန်​ရေး ဒီ​လောက်ထိ ခရီး​ပေါက်လာ​စေခဲ့တဲ့ ​နေရာမှာ အ​ကြောင်းအချက်​တွေ များစွာရှိတဲ့အထဲက အဓိကအကျဆုံးက​တော့ ကျ​နော်တို့ ပြည်သူ​တွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒပဲ ဖြစ်ပါတယ်။

လူမျိုးစုဒေသတွေအပေါ်၊ ပြည်မပြည်သူလူထုအပေါ် ပိုပြီးဖိနှိပ်လာလိမ့်မယ်လို့လည်းထင်ပါတယ်။

အဓိကက ပြည်သူပါ ပြည်သူတွေ ရေရှည်ထိ အခက်အခဲအားလံုးကို ကြံ့ကြံ့ခံပြီး ရရာနရာကနေ၊ ရတဲ့‌နည်းလမ်းနဲ့ ပါ၀င်တိုက်ပွဲ၀င်နိုင်ကြဖို့ပါပဲ။

ဒီစိတ်ဆန္ဒ​တွေ၊ စုစည်းမှု​တွေနဲ့ပဲ ခုကာလကိုလည်း ဖြတ်​ကျော်သွားကြရ​အောင်ပါ။

အ​ရေး​တော်ပုံ ​… အောင်ရမည်။ ???

Photo credit