Local News

D Day ကြေညာအပြီး မကွေးတိုင်း မြို့ ၄ မြို့က စကစ လက်အောက်ခံ ၅ ခုကို သိမ်းပိုက်

D Day ေၾကညာအျပီး မေကြးတိုင္း ျမိဳ႕ ၄ ျမိဳ႕က စကစ လက္ေအာက္ခံ ၅ ခုကို သိမ္းပိုက္

မေကြးတိုင္းအတြင္းက ၿမိဳ႕ ၄ ၿမိဳ႕က စစ္ေကာင္စီရဲ႕လက္ေအာက္ခံေနရာ ၅ ေနရာကို စက္တင္ဘာလ ၇ ရက္ေန႔မနက္ပိုင္းက ဗုံးခြဲတိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံေတြဆီသိရပါတယ္။

ဗုံးခြဲတိုက္ခိုက္ခံခဲ့ရတဲ့ေနရာေတြကေတာ့ ေတာင္တြင္းႀကီးၿမိဳ႕က ခမရ ၁၀၃ တပ္ေရွ႕ရွိ တပ္လုံၿခဳံေရးဂိတ္ကင္း၊ နတ္ေမာက္ၿမိဳ႕က ျမန္မာ့စီးပြားေရးဘဏ္က လုံၿခဳံေရးဂိတ္ကင္း၊

နတ္ေမာက္ၿမိဳ႕နယ္ ကုလားရွင္ေက်း႐ြာက စစ္ေကာင္စီခန္႔အုပ္ခ်ဳပ္ေရးမႉး ဦးခင္ေမာင္ေဌး ေနအိမ္၊ ၿမိဳ႕သစ္ၿမိဳ႕နယ္က က.ပ.စ (၁၇) ကိုသြယ္တန္းထားတဲ့

11KV ဓာတ္အားလိုင္းက တိုင္ ၂ တိုင္နဲ႔ ေရစႀကိဳၿမိဳ႕၊ အမွတ္ ၇ ရပ္ကြက္က စည္ပင္ဦးစီးမႉးရဲ႕ေနအိမ္ ေတြကို လက္ဗစ္ဗုံးနဲ႔ ေဖာက္ခြဲတိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။

ခ.မ.ရ (၁၀၃) နဲ႔နီးစပ္သူတဦးက ”ဂိတ္ကင္းကိုအထုခံရတာ။ အေစာင့္ေတြထိတယ္ေတာ့ၾကားတယ္။ ေသလားရွင္လားဆိုတာေတာ့ မသိရသးဘူး” လို႔ေျပာပါတယ္။

နတ္ေမာက္ၿမိဳ႕က ျမန္မာ့စီးပြားေရးဘဏ္ဂိတ္ကင္းက စစ္သားအေစာင့္ေတြလည္း ဗုံးစထိမွန္လို႔ ထိခိုက္ဒဏ္ရာရရွိသူေတြရွိၿပီး ကုလားရွင္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးခင္ေမာင္ေဌး ကေတာ့ လူမထိဘဲ ေနအိမ္ အနည္းငယ္ပ်က္စီးသြားတယ္လို႔ သိရပါတယ္။

”က.ပ.စ ၁၇ ကိုသြားတဲ့ ကြန္ကရစ္ဓါတ္တိုင္ႀကီး ၂ တိုင္လဲေနတာေတြ႕တယ္။ အႏၲရာယ္ရွိမွာေၾကာက္လို႔ အနားေတာ့ သြားမၾကည့္ဘူး” လို႔ ေဒသခံေက်း႐ြာသားတဦးက ေျပာပါတယ္။

ေရစႀကိဳၿမိဳ႕က စည္ပင္ဦးစီးမႉးရဲ႕ ေနအိမ္ပ်က္ဆီးမႈေတာ့မသိရေသးတဲ့အတြက္ ဆက္လက္စုံစမ္းေနပါတယ္။အခုဗုံးခြဲတိုက္ခိုက္မႈေတြကို ဗိႆႏိုးနယ္ေျမျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ကျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ ထုတ္ျပန္ေၾကျငာထားၿပီး

အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ ျပည္သူ႔ေတာ္လွန္ေရးတိုက္ပြဲေခၚသံစတင္ေၾကျငာတဲ့ေန႔မွာ ျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ ဗိႆႏိုးကာကြယ္ေရးတပ္မေတာ္ရဲ႕ ျပန္ၾကားေရးတာဝန္ခံဆီက သိရပါတယ္။

Unicode

D Day ကြေညာအပြီး မကွေးတိုင်း မြို့ ၄ မြို့က စကစ လက်အောက်ခံ ၅ ခုကို သိမ်းပိုက်

မကွေးတိုင်းအတွင်းက မြို့ ၄ မြို့က စစ်ကောင်စီရဲ့လက်အောက်ခံနေရာ ၅ နေရာကို စက်တင်ဘာလ ၇ ရက်နေ့မနက်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီသိရပါတယ်။

ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတဲ့နေရာတွေကတော့ တောင်တွင်းကြီးမြို့က ခမရ ၁၀၃ တပ်ရှေ့ရှိ တပ်လုံခြုံရေးဂိတ်ကင်း၊ နတ်မောက်မြို့က မြန်မာ့စီးပွားရေးဘဏ်က လုံခြုံရေးဂိတ်ကင်း၊

နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး နေအိမ်၊ မြို့သစ်မြို့နယ်က က.ပ.စ (၁၇) ကိုသွယ်တန်းထားတဲ့

11KV ဓာတ်အားလိုင်းက တိုင် ၂ တိုင်နဲ့ ရေစကြိုမြို့၊ အမှတ် ၇ ရပ်ကွက်က စည်ပင်ဦးစီးမှူးရဲ့နေအိမ် တွေကို လက်ဗစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ခ.မ.ရ (၁၀၃) နဲ့နီးစပ်သူတဦးက ”ဂိတ်ကင်းကိုအထုခံရတာ။ အစောင့်တွေထိတယ်တော့ကြားတယ်။ သေလားရှင်လားဆိုတာတော့ မသိရသးဘူး” လို့ပြောပါတယ်။

နတ်မောက်မြို့က မြန်မာ့စီးပွားရေးဘဏ်ဂိတ်ကင်းက စစ်သားအစောင့်တွေလည်း ဗုံးစထိမှန်လို့ ထိခိုက်ဒဏ်ရာရရှိသူတွေရှိပြီး ကုလားရှင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး ကတော့ လူမထိဘဲ နေအိမ် အနည်းငယ်ပျက်စီးသွားတယ်လို့ သိရပါတယ်။

”က.ပ.စ ၁၇ ကိုသွားတဲ့ ကွန်ကရစ်ဓါတ်တိုင်ကြီး ၂ တိုင်လဲနေတာတွေ့တယ်။ အန္တရာယ်ရှိမှာကြောက်လို့ အနားတော့ သွားမကြည့်ဘူး” လို့ ဒေသခံကျေးရွာသားတဦးက ပြောပါတယ်။

ရေစကြိုမြို့က စည်ပင်ဦးစီးမှူးရဲ့ နေအိမ်ပျက်ဆီးမှုတော့မသိရသေးတဲ့အတွက် ဆက်လက်စုံစမ်းနေပါတယ်။အခုဗုံးခွဲတိုက်ခိုက်မှုတွေကို ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်ကပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာထားပြီး

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့တော်လှန်ရေးတိုက်ပွဲခေါ်သံစတင်ကြေငြာတဲ့နေ့မှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဗိဿနိုးကာကွယ်ရေးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။