Source : May Than Nu
Unicode
ထောင်ကျဖူးတဲ့ အမေဖြစ်သွားတာကြောင့် သားကို သနားတယ်ဆိုတဲ့ မေသန်းနု
အကယ်ဒမီ မင်းသမီးချောမေသန်းနုကတော့ပြောင်မြောက်တဲ့အနုပညာအရည်အချင်းတွေကြောင့် အကယ်ဒမီဆုကြီးကို (၅)ထပ်ကွမ်းရရှိထားတဲ့ မင်းသမီးကြီးတစ် ဦးပါ။မကြာသေးခင်က ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့
အင်းစိန်မှာထောင်ဒဏ်တစ်နှစ်ကျခံနေရတာဖြစ်ပြီး မနေ့ကပဲ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။ ခြောက်လခန့်အင်းစိန်အကျဉ်းထောင်မှာ
ထောင်ဒဏ်ကျခံခဲ့ရတာဖြစ်ပြီး အခုလိုပြန်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။မေသန်းနုကထောင်ကျနေစဉ်အတွင်းမှာသူမကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကိုပြောပြလာခဲ့ပါတယ်”
ဟိုထဲမှာအားလုံးအဆင်ပြေတယ်။ ကိုယ်လာမယ်ဆိုတာ ကျန်တဲ့သူတွေက ကြိုသိနေတာ အားလုံးကနွေးနွေးထွေးထွေးနဲ့ဆက်ဆံတယ်။စိတ်တစ်ခုကတော့အမြဲကျဆုံးနေတာပေါ့။ သားလေးအတွက်
ပိုစိတ်မကောင်းဖြစ်မိတယ်။ အမေက ထောင်ကျခဲ့ရတော့ သူ့ကို ပိုသနားတယ်” လို့ဆိုလာပါတယ်။
စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ကလက်ရှိမှာမပေါင်းသင်းကြတော့ပေမယ့်သားလေးမင်းသန့်မောင်မောင်ကို နှစ်ဦးလုံးက
အကောင်းဆုံးပံပိုးနေလျက်ရှိပါတယ်။သားလေးရဲ့ အနာဂါတ်အတွက်ကိုဘဲ တွေးပူပေးနေတဲ့ မိခင်ရဲ့ မေတ္တာကိုလည်း အပြည့်အဝတွေ့ရပါတယ်နော်။ လက်ရှိမှာတော့မိသားစုစုံစုံလင်လင်နဲ့တာကိုလည်း
အပြည့်အဝတွေ့ရပါတယ်နော်။ လက်ရှိမှာတော့မိသားစုစုံစုံလင်လင်နဲ့ ပြန်လည် ဆုံဆည်းနိုင်ပြီမို့ပျော်ရွှင်နေကြမှာအမှန်ပါ။
ပရိသတ်တွေလည်း မေသန်းနုတို့သားမိနှစ်ယောက်ကို အားပေးစကားတွေပြောသွားဦးနော်။
Source : May Than Nu