ယေန႕ စက္တာဘာလ ၇ ရက္ေန႕မွစတင္႕၍ D-Day ေတာ္လွန္ေရး ျဖစ္ေၾကာင္း NUG သမၼတ ေၾကညာလိုက္ျပီ
Breaking News- ယေန႔ စက္တင္ဘာလ ၇ ရက္ေန႔မွစတင္၍ စစ္အာဏာရွင္ကို ေခ်မႈန္း တိုက္ခိုက္သည့္ ေတာ္လွန္ေရး စတင္သည့္ D-Day ျဖစ္ေၾကာင္း NUG သမၼတ ဒူဝါလရွီးလက ေၾကညာ
ရန္ကုန္၊ စက္တင္ဘာ ၇
ယေန႔ စက္တင္ဘာလ ၇ ရက္ေန႔မွစတင္၍ စစ္အာဏာရွင္ကို ေတာ္လွန္သည့္ ျပည္သူ႔ေတာ္လွန္ေရး စတင္လိုက္သည့္ D-Day အျဖစ္ ေၾကညာေၾကာင္း NUG သမၼတ ဒူဝါလရွီးလက အေရးေပၚ မိန႔္ခြန္းထုတ္ျပန္၍ ေၾကညာေနၿပီျဖစ္သည္။
တရားမဝင္ စစ္အာဏာရွင္ကို ျဖဳတ္ခ်ရန္ လိုအပ္သည့္အတြက္ ယေန႔မွစတင္၍ ႏိုင္ငံေတာ္ကို အေရးေပၚ အေျခအေနေၾကညာေၾကာင္း NUG အစိုးရကလည္း တရားဝင္ အမိန႔္ ေၾကညာခ်က္ ထုတ္ျပန္လိုက္ၿပီျဖစ္သည္။
အမ်ိဳးသားညီၫြတ္ေရးအစိုးရ၏ အေရးေပၚ ေၾကညာခ်က္ အျပည့္အစုံမွာ ေအာက္ပါအတိုင္း ျဖစ္သည္။
အမ်ိဳးသားညီၫြတ္ေရးအစိုးရျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ အမိန႔္ေၾကညာခ်က္အမွတ္(၁/၂၀၂၁)၇ စက္တင္ဘာလ ၂၀၂၁
“အေရးေပၚအေျခအေန ေၾကညာျခင္း”
၁။ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္တြင္ ၂၀၂၁ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္မွ စတင္၍ စစ္ေကာင္စီသည္ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာကို လက္နက္အားကိုးျဖင့္ အဓမၼလုယူသိမ္းပိုက္ထား႐ုံမက ျပည္သူမ်ား၏ အသက္အိုးအိမ္စည္းစိမ္ကို
ထိပါး အၾကမ္းဖက္ အႏၲရာယ္ျပဳလ်က္ရွိျခင္း၊ ျပည္သူမ်ားကလည္း နည္းလမ္းစုံျဖင့္ စစ္အာဏာရွင္အုပ္စိုးမႈအား ခုခံတြန္းလွန္လ်က္ရွိျခင္း၊ ယခုအခါ တရားမဝင္ စစ္အုပ္ခ်ဳပ္ေရး ယႏၲရား
တစ္ခုလုံးကို အၿပီးတိုင္ ဖ်က္သိမ္းပစ္ရန္ လိုအပ္လာျခင္း ဟူေသာ ျဖစ္ေပၚေျပာင္းလဲလ်က္ရွိသည့္ အေျခအေန အရပ္ရပ္ေၾကာင့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရသည္ ယေန႔ ၂၀၂၁ခုႏွစ္ စက္တင္ဘာလ ၇ ရက္မွ စတင္၍ ႏိုင္ငံေတာ္အား အေရးေပၚ အေျခအေနအျဖစ္ သတ္မွတ္ေၾကာင္း ေၾကညာလိုက္သည္။
၂။ အေရးေပၚအေျခအေန သက္ေရာက္သည့္နယ္ေျမသည္ ျပည္ေထာင္စုႏိုင္ငံေတာ္တစ္ဝန္းလုံး ျဖစ္ၿပီး၊ အခ်ိန္ကာလအားျဖင့္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအာဏာ ျပန္လည္ ထူေထာင္ႏိုင္သည့္ အခ်ိန္အထိ သတ္မွတ္သည္။
ဒူဝါလရွီးလ
ယာယီသမၼတ
အမ်ိဳးသားညီၫြတ္ေရးအစိုးရ
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္
Unicode
ယနေ့ စက်တာဘာလ ၇ ရက်နေ့မှစတင့်၍ D-Day တော်လှန်ရေး ဖြစ်ကြောင်း NUG သမ္မတ ကြေညာလိုက်ပြီ
Breaking News- ယနေ့ စက်တင်ဘာလ ၇ ရက်နေ့မှစတင်၍ စစ်အာဏာရှင်ကို ချေမှုန်း တိုက်ခိုက်သည့် တော်လှန်ရေး စတင်သည့် D-Day ဖြစ်ကြောင်း NUG သမ္မတ ဒူဝါလရှီးလက ကြေညာ
ရန်ကုန်၊ စက်တင်ဘာ ၇
ယနေ့ စက်တင်ဘာလ ၇ ရက်နေ့မှစတင်၍ စစ်အာဏာရှင်ကို တော်လှန်သည့် ပြည်သူ့တော်လှန်ရေး စတင်လိုက်သည့် D-Day အဖြစ် ကြေညာကြောင်း NUG သမ္မတ ဒူဝါလရှီးလက အရေးပေါ် မိန့်ခွန်းထုတ်ပြန်၍ ကြေညာနေပြီဖြစ်သည်။
တရားမဝင် စစ်အာဏာရှင်ကို ဖြုတ်ချရန် လိုအပ်သည့်အတွက် ယနေ့မှစတင်၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာကြောင်း NUG အစိုးရကလည်း တရားဝင် အမိန့် ကြေညာချက် ထုတ်ပြန်လိုက်ပြီဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးပေါ် ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမိန့်ကြေညာချက်အမှတ်(၁/၂၀၂၁)၇ စက်တင်ဘာလ ၂၀၂၁
“အရေးပေါ်အခြေအနေ ကြေညာခြင်း”
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်၍ စစ်ကောင်စီသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်နက်အားကိုးဖြင့် အဓမ္မလုယူသိမ်းပိုက်ထားရုံမက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို
ထိပါး အကြမ်းဖက် အန္တရာယ်ပြုလျက်ရှိခြင်း၊ ပြည်သူများကလည်း နည်းလမ်းစုံဖြင့် စစ်အာဏာရှင်အုပ်စိုးမှုအား ခုခံတွန်းလှန်လျက်ရှိခြင်း၊ ယခုအခါ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား
တစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းပစ်ရန် လိုအပ်လာခြင်း ဟူသော ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသည့် အခြေအနေ အရပ်ရပ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ ၇ ရက်မှ စတင်၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
၂။ အရေးပေါ်အခြေအနေ သက်ရောက်သည့်နယ်မြေသည် ပြည်ထောင်စုနိုင်ငံတော်တစ်ဝန်းလုံး ဖြစ်ပြီး၊ အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်သည့် အချိန်အထိ သတ်မှတ်သည်။
ဒူဝါလရှီးလ
ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်