Local News

ဖမ်းဆီးခံထားရတဲ့ လောကီဗေဒင်နိမိတ်ဖတ်ပညာရှင် လင်းညို့တာရာရဲ့ ဟောကိန်းတွေထဲက ထပ်ပြီးဖြစ်လာခဲ့တဲ့ ထိတ်လန့်ဖွယ်အချက်တစ်ချက်

ဖမ္းဆီးခံထားရတဲ့ ေလာကီေဗဒင္နိမိတ္ဖတ္ပညာရွင္ လင္းညိဳ႕တာရာရဲ႕ ေဟာကိန္းေတြထဲက ထပ္ၿပီးျဖစ္လာခဲ့တဲ့ ထိတ္လန႔္ဖြယ္အခ်က္တစ္ခ်က္

အာဏာသိမ္းၿပီးသိပ္မၾကာခင္ ေဖေဖာ္ဝါရီ (၂၄) ရက္ေန႔မွာ ဖမ္းဆီးခံလိုက္ရတဲ့ ေလာကီေဗဒင္နိမိတ္ဖတ္ ပညာရွင္ လင္းညိဳ႕တာရာဟာ ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာ (၃၁) ရက္ေန႔မွာ လာမယ့္ (၂၀၂၁) တစ္ႏွစ္လုံးစာ အတြက္ေဟာကိန္းတစ္ခုထုတ္ခဲ့ပါတယ္။

ႏွစ္စဥ္ႏွစ္တိုင္းလိုလို ေဟာကိန္းေတြထုတ္ခဲ့ၿပီး ဒီေဟာကိန္းေတြ ဟာလည္း မွန္ခဲ့တာမ်ားပါတယ္။

ဒီႏွစ္အတြက္ ေဟာကိန္းဟာလည္း တိုက္ဆိုက္ခဲ့တဲ့အခ်က္ေတြလည္း ရွိခဲ့ပါတယ္။ ေဟာခ်က္ (၁၇) ခ်က္ ထဲမွာ နံပါတ္ (၈) အခ်က္ျဖစ္တဲ့ ” နာမည္ႀကီး တန္ခိုးႀကီး ဘုရားတစ္ဆူၿပိဳလဲျခင္း (သို႔) ထိုဘုရားျဖင့္ ပတ္သက္ေသာ ပုရဝိုဏ္ပ်က္စီးျခင္း ျဖစ္ေပၚတတ္သည္။ ” ဆိုတဲ့ ေဟာထားခ်က္ဟာ မွန္ကန္သြားခဲ့တာပါ။

မေန႔က ဇြန္လ (၁၉) ရက္ေန႔ညပိုင္းမွာ ေ႐ႊတိဂုံဘုရားေတာင္ဖက္မုခ္တံတိုင္းၿပိဳက်ပ်က္ဆီး ခဲ့ပါတယ္။ အာဏာသိမ္းမႈစတင္ျဖစ္ကတည္းက ျပည္သူေတြအႏၲရာယ္ကာကြယ္ေစႏိုင္ဖို႔ ယၾတာေတြေပးခဲ့ၿပီး ျပည္သူေတြဟာလည္း ယုံယုံၾကည္ၾကည္နဲ႔ လိုက္လုပ္ခဲ့ၾကပါတယ္။

ဒီေနာက္မွာေတာ့ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီး လက္ရွိမွာေတာ့ အင္းစိန္အက်ဥ္းေထာင္မွာ အမႈရင္ဆိုင္ေနခဲ့ရပါတယ္။ က်န္းမာေရးမေကာင္းသူ ျဖစ္တာေၾကာင့္ စတင္ဖမ္းဆီးခံရစဥ္က လင္းညိဳ႕ရဲ႕တပည့္ေတြနဲ႔ သူငယ္ခ်င္းေတြဟာ စိတ္ပူေနၾကပါတယ္။ လက္ရွိမွာေတာ့ က်န္းမာေရးအေျခအေန တည္ၿငိမ္ေနခဲ့ပါၿပီ။

ေဟာကိန္း (၁၇) ခ်က္ဟာ တစ္ခုၿပီးတစ္ခုမွန္ကန္လာခဲ့ၿပီး က်န္ေသးတဲ့အခ်က္ေတြလည္း ဘယ္ေတာ့ျဖစ္လာမလဲဆိုတာကို ယုံၾကည္သူေတြက ရင္တမမနဲ႔ေစာင့္ေမွ်ာ္ေနခဲ့ပါတယ္။ ဒီလို အရည္အခ်င္းရွိတဲ့ ေလာကီပညာရွင္ေတြဖမ္းဆီးထိန္းသိမ္းခံထားရတာ တကယ္ကိုစိတ္မေကာင္းစရာပါ။

အျမန္ဆုံးလြတ္ေျမာက္ဖို႔ကိုလည္း အားလုံးကဝိုင္းဝန္းဆုေတာင္းေပးေနခဲ့ပါတယ္။ ေဟာခ်က္ေတြထဲက ေကာင္းမြန္တဲ့အရာေတြ အျမန္ဆုံးျဖစ္လာပါေစလို႔လည္း ဆုေတာင္းပါတယ္။

သတင္းအရင္းျမစ္: Hein Min Aung’s FB Acc

Unicode

ဖမ်းဆီးခံထားရတဲ့ လောကီဗေဒင်နိမိတ်ဖတ်ပညာရှင် လင်းညို့တာရာရဲ့ ဟောကိန်းတွေထဲက ထပ်ပြီးဖြစ်လာခဲ့တဲ့ ထိတ်လန့်ဖွယ်အချက်တစ်ချက်

အာဏာသိမ်းပြီးသိပ်မကြာခင် ဖေဖော်ဝါရီ (၂၄) ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတဲ့ လောကီဗေဒင်နိမိတ်ဖတ် ပညာရှင် လင်းညို့တာရာဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ (၃၁) ရက်နေ့မှာ လာမယ့် (၂၀၂၁) တစ်နှစ်လုံးစာ အတွက်ဟောကိန်းတစ်ခုထုတ်ခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်းလိုလို ဟောကိန်းတွေထုတ်ခဲ့ပြီး ဒီဟောကိန်းတွေ ဟာလည်း မှန်ခဲ့တာများပါတယ်။

ဒီနှစ်အတွက် ဟောကိန်းဟာလည်း တိုက်ဆိုက်ခဲ့တဲ့အချက်တွေလည်း ရှိခဲ့ပါတယ်။

ဟောချက် (၁၇) ချက် ထဲမှာ နံပါတ် (၈) အချက်ဖြစ်တဲ့ ” နာမည်ကြီး တန်ခိုးကြီး ဘုရားတစ်ဆူပြိုလဲခြင်း (သို့) ထိုဘုရားဖြင့် ပတ်သက်သော ပုရဝိုဏ်ပျက်စီးခြင်း ဖြစ်ပေါ်တတ်သည်။ ” ဆိုတဲ့ ဟောထားချက်ဟာ မှန်ကန်သွားခဲ့တာပါ။

မနေ့က ဇွန်လ (၁၉) ရက်နေ့ညပိုင်းမှာ ရွှေတိဂုံဘုရားတောင်ဖက်မုခ်တံတိုင်းပြိုကျပျက်ဆီး ခဲ့ပါတယ်။ အာဏာသိမ်းမှုစတင်ဖြစ်ကတည်းက ပြည်သူတွေအန္တရာယ်ကာကွယ်စေနိုင်ဖို့ ယတြာတွေပေးခဲ့ပြီး ပြည်သူတွေဟာလည်း ယုံယုံကြည်ကြည်နဲ့ လိုက်လုပ်ခဲ့ကြပါတယ်။

ဒီနောက်မှာတော့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး လက်ရှိမှာတော့ အင်းစိန်အကျဉ်းထောင်မှာ အမှုရင်ဆိုင်နေခဲ့ရပါတယ်။

ကျန်းမာရေးမကောင်းသူ ဖြစ်တာကြောင့် စတင်ဖမ်းဆီးခံရစဉ်က လင်းညို့ရဲ့တပည့်တွေနဲ့ သူငယ်ချင်းတွေဟာ စိတ်ပူနေကြပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေခဲ့ပါပြီ။

ဟောကိန်း (၁၇) ချက်ဟာ တစ်ခုပြီးတစ်ခုမှန်ကန်လာခဲ့ပြီး ကျန်သေးတဲ့အချက်တွေလည်း ဘယ်တော့ဖြစ်လာမလဲဆိုတာကို ယုံကြည်သူတွေက ရင်တမမနဲ့စောင့်မျှော်နေခဲ့ပါတယ်။

ဒီလို အရည်အချင်းရှိတဲ့ လောကီပညာရှင်တွေဖမ်းဆီးထိန်းသိမ်းခံထားရတာ တကယ်ကိုစိတ်မကောင်းစရာပါ။ အမြန်ဆုံးလွတ်မြောက်ဖို့ကိုလည်း အားလုံးကဝိုင်းဝန်းဆုတောင်းပေးနေခဲ့ပါတယ်။ ဟောချက်တွေထဲက ကောင်းမွန်တဲ့အရာတွေ အမြန်ဆုံးဖြစ်လာပါစေလို့လည်း ဆုတောင်းပါတယ်။

သတင်းအရင်းမြစ်: Hein Min Aung’s FB Acc