Local News

NUG ရဲ့ D-Day ကြေငြာမှုကို စစ်ကောင်စီ ဘယ်လို ပြန်လည်တုန့်ပြန်လာသလဲ…

ကုလသမဂ္ဂအထွေထွေညီလာခံ နီးလာသောကြောင့် D-Day လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်းမီဒီယာတစ်ခု၏ အင်တာဗျူးတွင် တုန့်ပြန် ပြောကြားသည်။

NUG က ပြည်သူတွေ၊ အစွန်းရောက်တွေကို မြှောက်ပင့်ပေးခြင်းဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် လက်တွေ့ဘဝတွင် မရှိကြောင်းနှင့် နိုင်ငံမတည်မငြိမ် ဖြစ်လာ‌စေရန်အတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းနှင့် ကုလသမဂ္ဂညီလာခံ နီးလာသည့်အချိန်တွင် စတင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။




ထို့အပြင် ကာကွယ်ရေး၊ လုံခြုံရေးနှင့် ပတ်သက်ပြီး တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အပြင် အခြား မိတ်ဖက်အဖွဲ့အစည်းများဖြင့် စိစစ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း ဖြေကြားထားသည်။

ရန်ကုန်၊ မန္တလေး စတဲ့ နေရာတွေမှာ စစ်ကောင်စီက တည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်နိုင်မှု၊ လက်နက်ခဲယမ်းနဲ့ PDF တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးရမိမှုတွေကို ခြေဖျက်လိုတဲ့ အတွက်ကြောင့် အပြင်၊ နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှု ပြန်လည် ရရှိအောင် လုပ်ဆောင်ချက်မျိုးသာ ဖြစ်တယ်လို့လည်း စစ်ကောင်စီ တာဝန်ရှိသူက ပြောကြားပါတယ်။




နောက်ပြီး စစ်ကောင်စီ ဘက်က လုပ်ဆောင်နေတဲ့ ကိုဗစ်၁၉ ရောဂါ ကာကွယ်တားဆီးရေးနဲ့ ဗိုင်းရပ်စ် ကာကွယ်ဆေးထိုးရေး လုပ်ငန်းစဥ်တွေကို နှောက်ယှက်ဖျက်ဆီးလိုတဲ့ အတွက်ကြောင့် NUG အစိုးရနဲ့ CRPH အဖွဲ့ဘက်က ကြေညာခဲ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ယနေ့တွင် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) က တော်လှန်ရေးစတင်ပြီဟု ကြေညာ လိုက်ပြီးနောက် ရန်ကုန်မြို့တွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီ တပ်များ လှည့်လည်သွားနေကြပြီး၊ လူငယ်များအား အင်္ကျီချွတ်၍ စစ်ဆေး ခြင်းများပင် လုပ်ဆောင်နေသည်။




လူဦးရေအများဆုံးနေထိုင်ရာ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများနှင့် ဆေးဆိုင်များတွင် ပုံမှန်ထက် ဝယ်ယူသူများပြားခဲ့ ကြောင်း သိရပါတယ်။

ရန်ကုန်မြို့ရှိ လမ်းမများပေါ်တွင် လူသွားလူလာနည်းပါးလျက်ရှိသော်လည်း မော်တော်ကားအရေ အတွက် ပုံမှန်ထက်များပြားလျက်ရှိသည်။ လူမှုကွန်ရက်မီဒီယာအချို့တွင် ရိက္ခာစုဆောင်းဝယ်ယူမှု မရှိသည့်အသွင် ဝါဒဖြန့်ရေးသားမှုများ ရှိနေသော်လည်း ယခင်ရက်များထက် ဈေးဝယ်သူ များပြား လျက်ရှိသည်ကို တွေ့ရသည်။




ထို့အပြင် NUGက ယနေ့မှစတင်၍ မြန်မာနိုင်ငံအား အရေးပေါ်အခြေအနေကြေငြာခဲ့ပြီး ရက်အကန့် အသတ်မရှိရုံးပိတ်ရက်ကြေငြာပြီးနောက် ပုဂ္ဂလိက ကုမ္ပဏီအချို့မှ ၎င်းတို့၏ ဝန်ထမ်းများအား လစာအပြည့်ဖြင့် ရုံးပိတ်ပေးလိုက်ကြောင်း သိရှိရသည်။

အရေးပေါ်အခြေအနေကြေငြာသည့် ယနေ့မနက် ပိုင်းမှစတင်၍ ဝန်ထမ်းများအားလုံးပြန်လွှတ် လိုက်ပြီး ရက်အကန့်အသတ်မရှိပိတ်ထားမည် ဖြစ်ပြီး အခြေအနေပေါ်မူတည်၍ ရုံးပြန်တက်ရ မည့်ရက်အား ပြန်လည်ဆက်သွယ်မည်ဖြစ် ကြောင်း သိရသည်။




” ဒီမနက်ကစပြီး D-Dayဆိုတော့ ညီမတို့ရုံးက ပိတ်ပေးလိုက်တယ်။ အဆောင်တခုထဲမှာနေတဲ့ တခြားသူတွေလည်း ပြန်လာကြတယ်။ သူတို့ရုံး တွေကိုလည်းပိတ်ပေးလိုက်တယ်။ လစာအပြည့်နဲ့ဘဲ။ ဂရုစိုက်ပြီးနေကြဖို့မှာတယ်။ ဘယ်နေ့ပြန်တက်ရမယ်ဆိုတာမပြောဘူး”ဟုရန်ကုန်မြို့ ဆေး ကုမ္ပဏီတခု၏ဝန်ထမ်းတဦးက ပြောကြောင်း ဧရာဝတီတိုင်းမ်သတင်းမှာ ဖော်ပြထားသည်။

Crd – Living Myanmar