“D-Day”အတြက္ စနစ္တက်ျပင္ဆင္ထားပုံမ်ားကို ျပန္လည္မၽွေဝေပးလိုက္တဲ့ ”ေဘဘီေမာင္”။
၂၀၂၁ခုႏွစ္၊စက္တင္ဘာ၇ရက္။
ေမၽွာ္လင့္ထားတဲ့ ဒီေန႔ေတာ့ ေရာက္လာခဲ့ပါၿပီ။ က်မ ဘာလုပ္ေပးနိုင္မလည္း စဥ္းစားေတာ့
၁။ စားေသာက္ကုန္ ဝယ္မစုဘူး။မေလွာင္ဘူး။ ကုန္ေစ်းႏွုန္းကို က်မ တကိုယ္စာ က်မရဲ့ တစ္မိသားစုစာ ထိန္းေပးပါမယ္။
၂။ တတ္နိုင္သမၽွ လွူဒါန္းေပးကမ္းပါမယ္။လွူဒါန္းေပးးခ်င္သူေတြ ကိုလည္း စီစဥ္ေပးပါမယ္။
၃။ ကိုယ္တိုင္ျမင္ေတြ႕ရသည့္ ကိစၥေတြကို ဖုန္းနဲ႔ ဓာတ္ပုံရိုက္တာ..vdo ရိုက္တာ လုံးဝမလုပ္ဖူး။ လုံးဝ FB ေပၚမတင္ဘူး။ Massengerကေနမျဖန္႔ဘူး။
၄။ က်မကို ဘယ္သူက ေမးေမး က်မ သတိမထားမိလိုက္ဖူး။ က်မက အေဝးမွုန္သမားပါ။ က်မေၾကာက္လို့ ဝပ္ခ်လိုက္ၿပီးမ်က္စိပိတ္ထားလိုက္တာ လို့ေျပာမယ္။
၅။ ကိုယ့္လူေတြ ကိုယ့္မိသားစုေတြကို အတတ္နိုင္ဆုံး ေစာင့္ေရွာက္မယ္။
၆။ ကိုယ့္ဘက္က မနိုင္လို့မျဖစ္ဘူး။ ငါတို့ နိုင္ေတာ့မွာ ဆိုၿပီး မနက္တိုင္းကို နိုးထမယ္။ လုံးဝစိတ္မပ်က္ဘူး။ လုံးဝစိတ္ဓာတ္မက်ဘူး။
က်မ လုပ္နိုင္တာ ဒါပါပဲ။ကိုယ္လုပ္နိုင္သမၽွ ကိုယ္လုပ္ရင္းေခတ္ဆိုးကို လွန္ၾကမယ္။က်မေလာက္ေတာ့ လူတိုင္းလုပ္နိုင္မွာပါ။””ဟူ၍ ေျပာဆိုထားခဲ့ ျခင္း ျဖစ္ပါသည္။
Photo-BabyMaung
Unicode
“D-Day”အတွက် စနစ်တကျပြင်ဆင်ထားပုံများကို ပြန်လည်မျှဝေပေးလိုက်တဲ့ “ဘေဘီမောင်”။
၂၀၂၁ခုနှစ်၊စက်တင်ဘာ၇ရက်။
“”မျှော်လင့်ထားတဲ့ ဒီနေ့တော့ ရောက်လာခဲ့ပါပြီ။ ကျမ ဘာလုပ်ပေးနိုင်မလည်း စဉ်းစားတော့
၁။ စားသောက်ကုန် ဝယ်မစုဘူး။မလှောင်ဘူး။ ကုန်ဈေးနှုန်းကို ကျမ တကိုယ်စာ ကျမရဲ့ တစ်မိသားစုစာ ထိန်းပေးပါမယ်။
၂။ တတ်နိုင်သမျှ လှူဒါန်းပေးကမ်းပါမယ်။လှူဒါန်းပေးးချင်သူတွေ ကိုလည်း စီစဉ်ပေးပါမယ်။
၃။ ကိုယ်တိုင်မြင်တွေ့ရသည့် ကိစ္စတွေကို ဖုန်းနဲ့ ဓာတ်ပုံရိုက်တာ..vdo ရိုက်တာ လုံးဝမလုပ်ဖူး။ လုံးဝ FB ပေါ်မတင်ဘူး။ Massengerကနေမဖြန့်ဘူး။
၄။ ကျမကို ဘယ်သူက မေးမေး ကျမ သတိမထားမိလိုက်ဖူး။ ကျမက အဝေးမှုန်သမားပါ။ ကျမကြောက်လို့ ဝပ်ချလိုက်ပြီးမျက်စိပိတ်ထားလိုက်တာ လို့ပြောမယ်။
၅။ ကိုယ့်လူတွေ ကိုယ့်မိသားစုတွေကို အတတ်နိုင်ဆုံး စောင့်ရှောက်မယ်။
၆။ ကိုယ့်ဘက်က မနိုင်လို့မဖြစ်ဘူး။ ငါတို့ နိုင်တော့မှာ ဆိုပြီး မနက်တိုင်းကို နိုးထမယ်။ လုံးဝစိတ်မပျက်ဘူး။ လုံးဝစိတ်ဓာတ်မကျဘူး။
ကျမ လုပ်နိုင်တာ ဒါပါပဲ။ကိုယ်လုပ်နိုင်သမျှ ကိုယ်လုပ်ရင်းခေတ်ဆိုးကို လှန်ကြမယ်။ကျမလောက်တော့ လူတိုင်းလုပ်နိုင်မှာပါ။””ဟူ၍ ပြောဆိုထားခဲ့ ခြင်း ဖြစ်ပါသည်။
Photo-BabyMaung