Local News

D Day က ကြောက်ရမှာ မဟုတ်ဘူး ကူရမှာ ဝယ်ရမှာ မဟုတ်ဘူး ဝေရမှာ ဆိုပြီး အသိပေးလာတဲ့ အာဇာနည်

D Day က ကြောက်ရမှာ မဟုတ်ဘူး ကူရမှာ ဝယ်ရမှာ မဟုတ်ဘူး ဝေရမှာ ဆိုပြီး အသိပေးလာတဲ့ အာဇာနည်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ပရိတ်သတ်တွေရဲ့ ချစ်ခင် အားပေးရတဲ့ အဆိုတော် အာဇာနည်က

အ မိုက်စား သီချင်းတွေကို သီဆို တတ်သူတစ်ယောက်ဖြစ်ပြီး ဂီတ နယ်ပယ်မှာ အောင်မြင်နေတဲ့ သူတစ်ယောက် ဖြစ်ပါတယ် ။

အဆိုတော် အာဇာနည်က နွေဦးတော်လှန်ရေကြီးမှာ တတ်တတ် ကြွကြွပါဝင်ခဲ့ပြီး ပြည်သူတွေနဲ အတူ ရပ်တည်ပေးခဲ့တာလည်း ဖြစ်ပါတယ် ။

လက်ရှိမှာ အဆိုတော် အာဇာနည်က လွတ်မြောက် နယ်မြေတခုမှာရှိနေပြီး အာဏာရှင်ကို ဆက်လတ် တော်လှန်နေတာလည်း ဖြစ်ပါတယ် ။

ဒီနေ့မှာ ပြည့်သူ အစိုးရက တော်လှန်ရေး စတော့မယ်ဆိုပြီး ကြော်ငြာလိုက်တာကြောင့် ပြည်သူတချို့

ကြောက်လန့်နေကြပြီး တချို့က စားသောက်ကုန်တွေအလု အယက် ဝယ်နေကြတာကြောင့် အဆိုတော် အာဇာနည်က အခုလို အသိပေးလာပါတယ် ။

ဒီနေ့ကြောက်ရမှာ မဟုတ်ဘူး ကူရမှာ ။

ဝယ်ရမှာ မဟုတ်ဘူး ဝေရမှာ ။

ပုန်းရမှာ မဟုတ်ဘူး ခိုနားခွင့်ပေးရမှာ။

ဆူရမှာ မဟုတ်ဘူး ပူရမှာ (D Day အောင်မြင်ပါစေ) ။

ဘာလုပ်နေတုံး မဟုတ်ဘူး ဘာလုပ်ပေးလို့ရမလဲ ။

ကြာမှာလားလို့ ငြူစူရမှာ မဟုတ်ဘူး ဝိုင်းတွန်းရမှာဆိုပြီး အဆိုတော် အာဇာနည်က အသိပေး လာတာပဲ ဖြစ်ပါတယ် ။

Zawgyi

D Day က ေၾကာက္ရမွာ မဟုတ္ဘူး ကူရမွာ ဝယ္ရမွာ မဟုတ္ဘူး ေဝရမွာ ဆိုၿပီး အသိေပးလာတဲ့ အာဇာနည္

မဂၤလာပါ ခ်စ္ပရိတ္သတ္ႀကီးေရ ပရိတ္သတ္ေတြရဲ႕ ခ်စ္ခင္ အားေပးရတဲ့ အဆိုေတာ္ အာဇာနည္က

အ မိုက္စား သီခ်င္းေတြကို သီဆို တတ္သူတစ္ေယာက္ျဖစ္ၿပီး ဂီတ နယ္ပယ္မွာ ေအာင္ျမင္ေနတဲ့ သူတစ္ေယာက္ ျဖစ္ပါတယ္ ။

အဆိုေတာ္ အာဇာနည္က ေႏြဦးေတာ္လွန္ေရႀကီးမွာ တတ္တတ္ ႂကြႂကြပါဝင္ခဲ့ၿပီး ျပည္သူေတြနဲ အတူ ရပ္တည္ေပးခဲ့တာလည္း ျဖစ္ပါတယ္ ။

လက္ရွိမွာ အဆိုေတာ္ အာဇာနည္က လြတ္ေျမာက္ နယ္ေျမတခုမွာရွိေနၿပီး အာဏာရွင္ကို ဆက္လတ္ ေတာ္လွန္ေနတာလည္း ျဖစ္ပါတယ္ ။

ဒီေန႔မွာ ျပည့္သူ အစိုးရက ေတာ္လွန္ေရး စေတာ့မယ္ဆိုၿပီး ေၾကာ္ျငာလိုက္တာေၾကာင့္ ျပည္သူတခ်ိဳ႕

ေၾကာက္လန႔္ေနၾကၿပီး တခ်ိဳ႕က စားေသာက္ကုန္ေတြအလု အယက္ ဝယ္ေနၾကတာေၾကာင့္ အဆိုေတာ္ အာဇာနည္က အခုလို အသိေပးလာပါတယ္ ။

ဒီေန႔ေၾကာက္ရမွာ မဟုတ္ဘူး ကူရမွာ ။

ဝယ္ရမွာ မဟုတ္ဘူး ေဝရမွာ ။

ပုန္းရမွာ မဟုတ္ဘူး ခိုနားခြင့္ေပးရမွာ။

ဆူရမွာ မဟုတ္ဘူး ပူရမွာ (D Day ေအာင္ျမင္ပါေစ) ။

ဘာလုပ္ေနတုံး မဟုတ္ဘူး ဘာလုပ္ေပးလို႔ရမလဲ ။

ၾကာမွာလားလို႔ ျငဴစူရမွာ မဟုတ္ဘူး ဝိုင္းတြန္းရမွာဆိုၿပီး အဆိုေတာ္ အာဇာနည္က အသိေပး လာတာပဲ ျဖစ္ပါတယ္ ။