မန်မာ့နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်အုပ်စုတစ်ခုတည်းကို ရိုက်ချမဲ့ပွဲမဟုတ်ဘူး။ ရထားတွဲလို အတွဲလိုက်တွဲဆက်ထားပြီး မြန်မာပြည်ကို နှစ်ပေါင်းများစွာဖိနှိပ်လာခဲ့တဲ့အုပ်စုကို အတွဲလိုက်ရိုက်ချနိုင်မဲ့ပွဲ။
အဲ့ဒါကတော့ပြည်တွင်းကအာဏာရူးစစ်ခေါင်းဆောင်တွေ+ အာဆီယံ + တရုတ် တို့ပဲဖြစ်တယ်။
ဒီသုံးဖွဲ့ဟာ အပေးအယူလုပ်ကြပြီး မြန်မာပြည်ကို နှစ်ပေါင်းများစွာ ဖိနှိပ်လာခဲ့ကြတဲ့အုပ်စုပဲဖြစ်တယ်။
အာဆီယံအာဆီယံဆိုတာ မြန်မာပြည်သူဘက်က ဘယ်တုံးကမှ ရပ်တည်မပေးခဲ့တဲ့ အချောင်သမားအုပ်စုပဲ။ မြန်မာပြည်ကို နှိမ်ထားမယ်။
မန်မာနိုင်ငံသားတွေကို လုပ်ခလစာ ဈေးပေါပေါနဲ့ ကျွန်ပြုထားမယ်။ အသိပညာမဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ခါးပိုက်ထောင်ထဲထည့်ပြီး မြန်မာထံက ရရာကို အချောင်နှိုက်မယ်။ ဒါပဲတတ်တဲ့အာဆီယံ။ ကျန်တာဘာမှအားကိုးမရဘူး။
တရုတ်တရုတ်ဆိုတာတော့ မြန်မာအပေါ်မှာ ဘယ်လိုသဘောထားတယ်ဆိုတာ တစ်ကမ္ဘာလုံးအသိပါ။ မြန်မာပြည်မှာ ငြိမ်းချမ်းရေးမရပဲ စစ်မီးတောက်နေရတာဟာ တရုတ်ရဲ့ပရောဂ ၅၀% ပါတယ်။
အိမ်ကြက်အချင်းချင်းအိုးမဲသုတ်ပြီး ပြည်တွင်းစစ်ကို ကစားပေးလာခဲ့တဲ့တရုတ်။
တစ်နိုင်ငံလုံးရှိသမျှ မြေပေါ်မြေအောက်တယံဇာတတွေကို အချောင်နှိုက်လို့အားမရလို့ နိုင်ငံကိုပါ အကြွေးထောင်ချောင့်ထဲထည့်ပြီး အပိုင်သိမ်းဖို့လုပ်နေတဲ့ မိစ္ဆာဝါဒီသမားတွေ။
သူ့နိုင်ငံကအစုတ်ကိုပြည်တွင်းထဲသွင်းပြီး ကိုယ့်နိုင်ငံက တန်ဖိုးမဖြတ်နိုင်တာတွေကို ဒန်အိုးပေါက်ဈေးနဲ့ လုပ်စားခဲ့တာတွေကိုထားလိုက်အုံး နောက်ထပ်အချီကြီးကြံထားတာက မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ နိုင်ငံကိုခါးလည်ကဖြတ်ခွဲချလိုက်တဲ့ ။
ဓာတ်ငွေ့ပိုက်လိုင်း စတဲ့ လုပ်ရပ်တွေဟာ မြန် မာပြည်ကို ဖျက်စီးဖို့ ပြင်ဆင်လာတဲ့ တရုတ်ရဲ့ခြေလှမ်းတွေပဲဖြစ်တယ်။
ပြည်သူ့အစိုးရတက်လာချိန်မှာလည်း စစ်ခေါင်းဆောင်တွေနဲ့ AAလိုလက်နှက်ကိုင် အဖွဲ့တွေကို နှစ်ပေါက်တစ်ပေါက်ရိုက်အကွက်ချပြီး ပြည် သူ့အစိုးရကို ဒုက္ခကောင်းကောင်းပေးခဲ့တာလည်း တရုတ်ပဲဖြစ်တယ်။
ဒါတွေအားလုံးရဲ့အဓိက တရားခံကတော့ စစ် အာဏာရှင်စနစ်ကို အသက်သွင်းနေကြတဲ့ပြည် တွင်းက မအေLoe စစ်ခေါင်းဆောင်များပဲဖြစ် တယ်။

အဲ့ဒီအသိပညာမဲ့တဲ့ စစ်ခေါင်းဆောင်တွေကြောင့် အာဆီယံနဲ့တရုတ်ဟာ သူတို့ထင်ရာလုပ်ခွင့်ရခဲ့တာ။ အမေစုလိုခေါင်းဆောင်မျိုးသာရှိကြည့် လုပ်ရဲမလား။
ကုန်ခဲ့တဲ့အစိုးရသက်တမ်းငါးနှစ်ကို ပြန်လေ့လာကြည့်ပေါ့။ ဒါတောင် ပြည်သူ့အစိုးရက အာဏာအပြည့်အဝ ရခဲ့တာမဟုတ်သေးဘူး။
ဒါ့ကြောင့် ဒီနွေဦးတော်လှန်ရေးဟာ ပြည်သူဘက်က ပြတ်ပြတ်သားသားအနိုင်ရသွားရင် စစ်ခေါင်းဆောင်တွေသာမက အာဆီယံနဲ့တရုတ်ပါ မြန် မာပြည်သူတွေရှေ့မှာ ဒူးထောက်ရမှာသေချာပါတယ်။


တစ်ချက်ရိုက်တာနဲ့ တစ်တွဲလိုက်ကျလာမဲ့ပှဲအတွက်ဇွဲတင်းထားကြပါ၊ စည်းလုံးထားကြပါ၊ ကြိုးစားထားကြပါ၊ မကြာခင်ငါတို့ရဲ့ပန်းတိုင် ကိုရောက်တော့မယ်။
#Credit Original Writer