အမျိုးသား ညီညွတ်ရေး အစိုးရမှ ယနေ့မှစ၍ တနိုင်ငံလုံး အရေးပေါ် အခြေအနေ ကြေညာပြီး မင်းအောင်လှိုင် နှင့် အပေါင်းအပါ များ အပေါ် တွန်းလှန် စစ်ပွဲကို စတင်လိုက်ပြီ ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အာဏာသိမ်း စစ်တပ်နဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတဲ့ ကိုးကန့်အဖွဲ့လို့ လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) အဖွဲ့ကလည်း သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် D-Day ကြေညာလိုက်ပါတယ်။



အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ဒီကနေ့မနက်ပိုင်းမှာဘဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ အာဏာသိမ်း စစ်ကောင်စီကို ခုခံတော်လှန်ရန် အတွက် D-Day ကြေညာလိုက်အပြီးမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေထဲက ပထမဆုံး ကြေညာလိုက်တဲ့ အဖွဲ့ဖြစ်ပါတယ်။
ကိုးကန့်အဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာ အနီရောင် အောက်ခံပေါ်မှာ အဖြူရောင် D Day စာတန်းပါတဲ့ ပုံတပုံနဲ့အတူ “စုပေါင်းတန်ပြန်တိုက်ခိုက်သည့်နေ့” ဟု ဖော်ပြထားပါတယ်။
မကြာခင်ရက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အာဏာသိမ်း စစ်တပ်ဟာ ကိုးကန့်အဖွဲ့ လက်ချက်နဲ့ စစ်သည်နဲ့ လက်နက် အင်အား အတော်များများ ဆုံးရှုံးခဲ့ရပါတယ်။


ကိုးကန့်ဒေသအတွင်း မော်ထိုက်မြို့နယ်ခွဲ၏အရှေ့ဖက် ဟုန်အိုင်ဒေသတွင်အခြေပြုသည်။ ကိုးကန့်နယ်မြေအများစုအား တပ်ကထိမ်းချုပ်ထားရာ ကိုးကန့်ဒေသတွင်း စစ်ရေးလှုပ်ရှားရန် အကန့်အသတ်ရှိ၍ ကိုးကန့်တပ်အများစုသည် သံလွင်မြစ်အနောက်ခြမ်းတွင် သူ၏မဟာမိတ်များနှင့်တွဲ၍ လှုပ်ရှားနေသည်ဟု ယူဆရသည်။
လက်ရှိ MNDAA တွင် တပ်မဟာ ၃ ခုဖွဲ့စည်းထားသည်။ တပ်မဟာ ၂၁၁ ၊ တပ်မဟာ ၃၁၁ ၊ တပ်မဟာ ၅၁၁ တို့ဖြစ်သည်။ လက်နက်ငယ်တပ်ဆင်မှု အားကောင်းသည်။ အစောပိုင်းကာလတွင် လက်နက်ကြီးတပ်ဆင်မှု မတွေ့ရပါ ။ လက်ရှိစစ်အင်အားမှာ အနည်းဆုံး ၂၅၀၀ ခန့်ရှိနိုင်ပြီး အများဆုံး ၅၀၀၀ ခန့်အထိရှိနိုင်ပါသည်။



တပ်မတော်သား များသည် မင်း အောင်လှိုင် နှင့် စစ်ဗိုလ်ချုပ်များ၏ မိသားစု များ အား အကာအကွယ် ပေးရင်း မိမိတို့ အပေါ် မှီခိုနေကြ ရသော ဇနီး သားသမီးများ၊ မိဘ ဆွေမျိုးများအား အပြီးအပိုင် စွန့်ခွာသွားရမည့် လမ်း ကို ရွေးတော့မည်လောဟု မေးခွန်းထုတ်လိုပါသည်။
Ref: ဧရာဝတီ , Credit: Kokang Facebook
————
အမ်ိဳးသား ညီၫြတ္ေရး အစိုးရမွ ယေန႔မွစ၍ တႏိုင္ငံလုံး အေရးေပၚ အေျခအေန ေၾကညာၿပီး မင္းေအာင္လႈိင္ ႏွင့္ အေပါင္းအပါ မ်ား အေပၚ တြန္းလွန္ စစ္ပြဲကို စတင္လိုက္ၿပီ ျဖစ္သည္။



ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ အာဏာသိမ္း စစ္တပ္နဲ႔ တိုက္ပြဲ အျပင္းအထန္ ျဖစ္ပြားေနတဲ့ ကိုးကန႔္အဖြဲ႕လို႔ လူသိမ်ားတဲ့ ျမန္မာအမ်ိဳးသား ဒီမိုကေရစီ မဟာမိတ္တပ္မေတာ္ (MNDAA) အဖြဲ႕ကလည္း သူတို႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာကတဆင့္ D-Day ေၾကညာလိုက္ပါတယ္။
အမ်ိဳးသားညီၫြတ္ေရး အစိုးရ (NUG) က ဒီကေန႔မနက္ပိုင္းမွာဘဲ တႏိုင္ငံလုံး အတိုင္းအတာနဲ႔ အာဏာသိမ္း စစ္ေကာင္စီကို ခုခံေတာ္လွန္ရန္ အတြက္ D-Day ေၾကညာလိုက္အၿပီးမွာ တိုင္းရင္းသား လက္နက္ကိုင္ တပ္ဖြဲ႕ေတြထဲက ပထမဆုံး ေၾကညာလိုက္တဲ့ အဖြဲ႕ျဖစ္ပါတယ္။
ကိုးကန႔္အဖြဲ႕ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာထက္မွာ အနီေရာင္ ေအာက္ခံေပၚမွာ အျဖဴေရာင္ D Day စာတန္းပါတဲ့ ပုံတပုံနဲ႔အတူ “စုေပါင္းတန္ျပန္တိုက္ခိုက္သည့္ေန႔” ဟု ေဖာ္ျပထားပါတယ္။



မၾကာခင္ရက္ပိုင္းက ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ အာဏာသိမ္း စစ္တပ္ဟာ ကိုးကန႔္အဖြဲ႕ လက္ခ်က္နဲ႔ စစ္သည္နဲ႔ လက္နက္ အင္အား အေတာ္မ်ားမ်ား ဆုံးရႈံးခဲ့ရပါတယ္။
ကိုးကန႔္ေဒသအတြင္း ေမာ္ထိုက္ၿမိဳ႕နယ္ခြဲ၏အေရွ႕ဖက္ ဟုန္အိုင္ေဒသတြင္အေျချပဳသည္။ ကိုးကန႔္နယ္ေျမအမ်ားစုအား တပ္ကထိမ္းခ်ဳပ္ထားရာ ကိုးကန႔္ေဒသတြင္း စစ္ေရးလႈပ္ရွားရန္ အကန႔္အသတ္ရွိ၍ ကိုးကန႔္တပ္အမ်ားစုသည္ သံလြင္ျမစ္အေနာက္ျခမ္းတြင္ သူ၏မဟာမိတ္မ်ားႏွင့္တြဲ၍ လႈပ္ရွားေနသည္ဟု ယူဆရသည္။
လက္ရွိ MNDAA တြင္ တပ္မဟာ ၃ ခုဖြဲ႕စည္းထားသည္။ တပ္မဟာ ၂၁၁ ၊ တပ္မဟာ ၃၁၁ ၊ တပ္မဟာ ၅၁၁ တို႔ျဖစ္သည္။ လက္နက္ငယ္တပ္ဆင္မႈ အားေကာင္းသည္။ အေစာပိုင္းကာလတြင္ လက္နက္ႀကီးတပ္ဆင္မႈ မေတြ႕ရပါ ။ လက္ရွိစစ္အင္အားမွာ အနည္းဆုံး ၂၅၀၀ ခန႔္ရွိႏိုင္ၿပီး အမ်ားဆုံး ၅၀၀၀ ခန႔္အထိရွိႏိုင္ပါသည္။



တပ္မေတာ္သား မ်ားသည္ မင္း ေအာင္လႈိင္ ႏွင့္ စစ္ဗိုလ္ခ်ဳပ္မ်ား၏ မိသားစု မ်ား အား အကာအကြယ္ ေပးရင္း မိမိတို႔ အေပၚ မွီခိုေနၾက ရေသာ ဇနီး သားသမီးမ်ား၊ မိဘ ေဆြမ်ိဳးမ်ားအား အၿပီးအပိုင္ စြန႔္ခြာသြားရမည့္ လမ္း ကို ေ႐ြးေတာ့မည္ေလာဟု ေမးခြန္းထုတ္လိုပါသည္။
Ref: ဧရာဝတီ , Credit: Kokang Facebook