ကလေးဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)မှူး ဗိုလ်မှူးချုပ် သန့်ဇင်ဦးနဲ့ လွိုင်ကော် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးတို့ကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ စစ်ကောင်စီထိပ်ပိုင်းနဲ့ နီးစပ်တဲ့ သူက ဒီဗွီဘီကို ပြောပါတယ်။
ကလေး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူး ဗိုလ်မှူးချုပ် သန့်ဇန်ဦးကို ကနီမှာ စစ်တပ်က ပြည်သူ ၄၀ ကျော်ကို သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး အရေးယူဖို့ပြောဆိုခဲ့ပေမယ့် လက်ရှိမှာတော့ အဂတိမှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတာလို့ ဆိုပါတယ်။



ကနီမှာ စစ်ကောင်စီရဲ့လက်အောက်ခံတပ်တွေဖြစ်တဲ့ တပ်မ ၄၄ နဲ့ တပ်မ ၉၉ တပ်တွေက စစ်အင်အားအများအပြားသုံးပြီး ဒေသခံ ပြည်သူ ၄၀ ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ စစ်ရာဇဝတ်မှုနဲ့ တရားစွဲနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
လွိုင်ကော် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးတော့ လွိုင်ကော်မှာ စစ်ဆင်ရေးဆောင်ရွက်တဲ့အခါမှာ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုတွေများခဲ့တာကြောင့် စစ်ဆင်ရေးတာဝန်ပေါ့လျော့မှုနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။



အခုဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ဒကစမှူးတွေဟာ အာဏာမသိမ်းခင် ဇန်နဝါရီလက အရန်အင်အားကို ပို့ဆောင်ခံလိုက်ရတဲ့ နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနဲ့ ရင်းနှီး တဲ့ ဆက်ဆံရေးရှိတဲ့သူတွေလို့ သိရပါတယ်။
ဗိုလ်ချုပ်သောင်းထိုက်ရွှေဟာ အရင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ယုံကြည်စိတ်ချရတဲ့ သူတစ်ယောက်ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်ခဲ့သူဖြစ်ပါတယ်။



————
ကေလးေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္ (ဒကစ)မႉး ဗိုလ္မႉးခ်ဳပ္ သန႔္ဇင္ဦးနဲ႔ လြိဳင္ေကာ္ ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္(ဒကစ)မႉး ဗိုလ္မႉးခ်ဳပ္ ထြန္းႏိုင္ဦးတို႔ကို အာဏာသိမ္းစစ္ေကာင္စီက ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ စစ္ေကာင္စီထိပ္ပိုင္းနဲ႔ နီးစပ္တဲ့ သူက ဒီဗြီဘီကို ေျပာပါတယ္။
ကေလး ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္(ဒကစ)မႉး ဗိုလ္မႉးခ်ဳပ္ သန႔္ဇန္ဦးကို ကနီမွာ စစ္တပ္က ျပည္သူ ၄၀ ေက်ာ္ကို သတ္ျဖတ္ခဲ့တာနဲ႔ပတ္သက္ၿပီး အေရးယူဖို႔ေျပာဆိုခဲ့ေပမယ့္ လက္ရွိမွာေတာ့ အဂတိမႈနဲ႔ ဖမ္းဆီးထိန္းသိမ္းထားတာလို႔ ဆိုပါတယ္။



ကနီမွာ စစ္ေကာင္စီရဲ႕လက္ေအာက္ခံတပ္ေတြျဖစ္တဲ့ တပ္မ ၄၄ နဲ႔ တပ္မ ၉၉ တပ္ေတြက စစ္အင္အားအမ်ားအျပားသုံးၿပီး ေဒသခံ ျပည္သူ ၄၀ ေက်ာ္ကို အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခဲ့တာျဖစ္ၿပီး အမ်ိဳးသားညီၫြတ္ေရးအစိုးရ စစ္ရာဇဝတ္မႈနဲ႔ တရားစြဲႏိုင္ဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။
လြိဳင္ေကာ္ ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္(ဒကစ)မႉး ဗိုလ္မႉးခ်ဳပ္ ထြန္းႏိုင္ဦးေတာ့ လြိဳင္ေကာ္မွာ စစ္ဆင္ေရးေဆာင္႐ြက္တဲ့အခါမွာ စစ္ေကာင္စီဘက္ ထိခိုက္ေသဆုံးမႈေတြမ်ားခဲ့တာေၾကာင့္ စစ္ဆင္ေရးတာဝန္ေပါ့ေလ်ာ့မႈနဲ႔ အေရးယူထားတယ္လို႔ သိရပါတယ္။



အခုဖမ္းဆီးထိန္းသိမ္းခံလိုက္ရတဲ့ ဒကစမႉးေတြဟာ အာဏာမသိမ္းခင္ ဇန္နဝါရီလက အရန္အင္အားကို ပို႔ေဆာင္ခံလိုက္ရတဲ့ ေနျပည္ေတာ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ေသာင္းထိုက္ေ႐ႊနဲ႔ ရင္းႏွီး တဲ့ ဆက္ဆံေရးရွိတဲ့သူေတြလို႔ သိရပါတယ္။
ဗိုလ္ခ်ဳပ္ေသာင္းထိုက္ေ႐ႊဟာ အရင္က ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ ယုံၾကည္စိတ္ခ်ရတဲ့ သူတစ္ေယာက္ျဖစ္ၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္လာႏိုင္တယ္လို႔ သတင္းေတြ ထြက္ခဲ့သူျဖစ္ပါတယ္။